Saturday, July 21, 2012

Kudankulam နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေးတွင် ဘဏ္ဍာငွေထပ်မံထည့်ဝင်ရန် ရုရှားနှင့် အိန္ဒိယနိုင်ငံတို့မှ သဘောတူညီခဲ့ခြင်း

Posted by Anonymous Saturday, July 21, 2012, under | No comments

RIA Novosti.com;July-18(Wed)
          အိန္ဒိယနိုင်ငံတောင်ပိုင်း Kudankulam နျူကလီးယားဓာတ်အားပေးစက်ရုံ၌ အမှတ်(၃) နှင့် အမှတ်(၄) ဓာတ်ပေါင်းဖိုတည်ဆောက်ရေးနှင့်ပတ်သက်သည့် ဘဏ္ဍရေးဆိုင်ရာညှိနှိုင်းချက်တစ်ရပ်အား ရုရှားနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့မှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါညှိနှိုင်းချက်အား ရုရှားနိုင်ငံ၌ဇူလိုင်လ ၁၇ ရက်နေ့တွင်  လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါတည်ဆောက်ရေးလုပ်ငန်းတည်ဆောက်ရာတွင် ယခင်ခန့်မှန်းထားသည့် အမေရိကန်ဒေါ်လာ ၆.၄ ဘီလီယံထက် ရုရှားနိုင်ငံမှချေးငွေ အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံအား အိန္ဒိယသို့ တိုးမြှင့်ပေးပို့သွားမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် အဆိုပါချေးငွေများအား တည်ဆောက်ရေး လုပ်ငန်းစတင်ချိန် မှစတင်၍ ၁၄ နှစ်အတွင်း ပြန်လည်ပေးဆပ်သွားရမည်ဖြစ်သည်။


          အိန္ဒိယနိုင်ငံသည် Kudankulam  နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေးသဘောတူ စာချုပ်အား ၁၉၈၈ ခုနှစ်တွင် ရုရှားနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သော်လည်း ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၌ နိုင်ငံရေးနှင့်စီးပွားရေးမတည်ငြိမ်မှုများကြောင့် တည်ဆောက်ရေးလုပ်ငန်းများအား ၁၉၉၇ ခုနှစ်မှသာ စတင်နိုင်ခဲ့ပါသည်။ ၂ဝ၁ဝ ပြည့်နှစ်တွင်  အိန္ဒိယနှင့်ရုရှားနိုင်ငံတို့သည် နျူကလီးယားဓာတ်ပေါင်း ဖို အနည်းဆုံး ၆ ခုတည်ဆောက်ရေးအား သဘောတူညီခဲ့ကြပါသည်။ အဆိုပါတည်ဆောက်ရေးလုပ်ငန်းများတွင် ၁,ဝဝဝ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့်  VVER-1000 အမျိုးအစားဓာတ်ပေါင်းဖိုများပါဝင်ပြီး အိန္ဒိယနျူကလီးယား စွမ်းအင်အဖွဲ့စည်း  (Nuclear Power Corporation of India Limited-NPCIL) နှင့် ရုရှားနိုင်ငံ   Atom stargezpot ကုမ္ပဏီတို့မှ တည်ဆောက်သွားမည်ဖြစ်ပါသည်။

          ဒေသခံပြည်သူများကန့်ကွက်ဆန္ဒပြမှုများကြောင့် ပထမဦးဆုံးနျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေးလုပ်ငန်းများသည် ၂ဝ၁၁ ခုနှစ် စက်တင်ဘာလအတွင်း၌ ရပ်တန့်ခဲ့ပါသည်။ ဂျပန်နိုင်ငံ၌ ဖြစ်ပွားခဲ့ သော ဖူကူရှီးမားနျူကလီးယားဘေးအန္တရာယ်အားပြောကြားခဲ့ပြီး အိန္ဒိယ-ရုရှားတည်ဆောက်ရေးလုပ်ငန်းများ အား ဖျက်သိမ်းရန်တောင်းဆိုခဲ့ကြပါသည်။ ကန့်ကွက်ဆန္ဒပြသူများသည် နျူကလီးယားဓာတ်အားပေးစက်ရုံသို့  သွားသည့်လမ်းများအား ပိတ်ဆို့ဆန္ဒပြခဲ့ပြီး တည်ဆောက်ရေးအလုပ်သမားများအား ဝင်ရောက်ခွင့်မပြုခဲ့ပေ။ Kudankulam နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေးလုပ်ငန်းသည် ၂ဝ၁၂ ခုနှစ် မတ်လတွင် ပြန်လည် ကောင်းမွန်ခဲ့ပြီး ပထမဦးဆုံးဓာတ်ပေါင်းဖိုသည် လာမည့်လအတွင်း၌ ပြီးစီးမည်ဟုမျှော်မှန်းထားကြောင်း သိရှိရပါ သည်။
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်