Saturday, July 21, 2012

အိန္ဒိယနိုင်ငံက ဘရာမို့စ်ဒုံးပျံအား ရုရှားရေတပ်တွင် အသုံးပြုရန်တောင်းဆိုခဲ့သည်ဟုဆို

Posted by Anonymous Saturday, July 21, 2012, under | No comments

အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အသံထက်မြန်သော ခရုစ်ဒုံးပျံများပူးတွဲထုတ်လုပ်ရေးလုပ်ငန်းအား ၁၉၉၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံအား နှစ်နိုင်ငံအကြား ပူးတွဲလုပ်ဆောင်မှု ပိုမိုခိုင်မာလာစေရန်အတွက် အကွာအဝေးကီလိုမီတာ ၂၉ဝ အထိရောက်ရှိပစ်ခတ်နိုင်သော အသံထက်မြန်သည့် ဘရာမို့စ်ခရုစ်ဒုံးပျံများအား ရုရှားရေတပ်တွင် စတင်တပ်ဆင်အသုံးပြုရေးအတွက် ဇူလိုင်လ ၁၇ ရက်နေ့တွင် တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။ ရုရှားဒုတိယဝန်ကြီးချုပ် ဒီမီထရီရိုဂိုဇင်သည် အိန္ဒိယနိုင်ငံရှိ ဘရာမို့စ်ဒုံးပျံ ထုတ်လုပ်ရေးစက်ရုံသို့ လာရောက်လည်ပတ်စဉ်ကာလအတွင်း အဆိုပါပူးတွဲလုပ်ငန်းအဖွဲ့အကြီးအကဲ အေဆီဗာသာနုပီလိုင်က ဘရာမို့စ်ဒုံးပျံများအား ရုရှားရေတပ်တွင် တပ်ဆင်အသုံးပြုရန်တိုက်တွန်းခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါခရီးစဉ်အတွင်း ရိုဂိုဇင်သည် ဘရာမို့စ်ဒုံးပျံမျိုးကွဲအများအပြားတိုးတက်စမ်းသပ်အောင်မြင်မှု နှင့် ၂ဝ၅ဝ ခုနှစ် အနာဂတ်အစီအစဉ်အပါအဝင် ကုမ္ပဏီ၏အနာဂတ်အစီအစဉ်များကို ကြည့်ရှုခဲ့ကြောင်းသိရှိရ ပါသည်။ အိန္ဒိယကြည်း၊ ရေ၊ လေတပ်ဖွဲ့များအနေဖြင့် အဆိုပါဘရာမို့စ်ဒုံးပျံများအား မှာယူအသုံးပြုခဲ့သော်လည်း ရုရှားစစ်ဘက်အနေဖြင့် မှာယူအသုံးပြုမှုမရှိသေးကြောင်းသိရှိရပါသည်။ အိန္ဒိယနိုင်ငံတွင် ရေတပ်နှင့်ကြည်းတပ် တို့၌ အဆိုပါဘရာမို့စ်ဒုံးပျံများကို တပ်ဆင်အသုံးပြုလျက်ရှိပြီး အိန္ဒိယလေတပ်ရှိ့SU-30 MKI တိုက်လေယာဉ် များတွင်တပ်ဆင်မည့် ဘရာမို့စ်ဒုံးပျံများထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်