Saturday, July 21, 2012

ဘူလ်ဂေးရီးယားနိုင်ငံတွင် အစ္စရေးကမ္ဘာလှည့်ခရီးသည်များ လိုက်ပါလာသော ဘတ်စ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရမှုအား ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြောကြားခဲ့ခြင်း

Posted by drmyochit Saturday, July 21, 2012, under | No comments


Xinhuanet.com;July-19(Thu)

          ဘူလ်ဂေးရီးယားနိုင်ငံပင်လယ်နက်ကမ်းခြေဒေသ ဘာဂတ်လေဆိပ်တွင် ဇူလိုင်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းတွင် အစ္စရေးကမ္ဘာလှည့်ခရီးသည်များလိုက်ပါလာသော ဘတ်စ်ကားတစ်စီးကို အသေခံဗုံးခွဲတိုက်ခိုက် ခဲ့ခြင်းကြောင့် လူ ၇ ဦးသေဆုံးကာ လူ ၃ဝ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဘူလ်ဂေးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ဘူလ်ဂေးရီးယားအာဏာပိုင်များအနေဖြင့် အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုအား စုံစမ်းစစ်ဆေး လျက်ရှိကြောင်း၊ ဘာဂတ်လေဆိပ်အားယာယီပိတ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ အခင်းဖြစ်ပွားရာနေရာသို့ ဘူလ်ဂေးရီးယားသမ္မတRosen Plevneliev နှင့် Tsvetan Tsvetanov တို့လည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

          ဘူလ်ဂေးရီးယားနိုင်ငံတွင် အစ္စရေးကမ္ဘာလှည့်ခရီးသည်များအား အသေခံဗုံးခွဲတိုက်ခိုက်ခဲ့သော အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်းထန်စွာပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဇူလိုင်လ ၁၉ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ အဆိုပါဗုံးခွဲတိုက်ခိုက်မှုတွင် အစ္စရေး ၅ ဦး၊ ဘူလ်ဂေးရီးယားကားသမား ၁ ဦး၊ ဗုံးခွဲတိုက်ခိုက်သူဟု သံသယရှိသူ ၁ ဦးသေဆုံးခဲ့ကာ အစ္စရေးကမ္ဘာလှည့်ခရီး သည် ၃ဝ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ အချို့မှာစိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း သိရှိရပါသည်။

 ထိုကဲ့သို့ အသေခံဗုံးခွဲတိုက်ခိုက်မှုအား ပြင်းထန်စွာပြစ်တင်ရှုတ်ချကြောင်း တူရကီနိုင်ငံက ဇူလိုင်လ ၁၉ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ ယခုဖြစ်စဉ်နှင့်ပတ်သတ်၍ သေဆုံးသွားသူများနှင့် ၎င်းးတို့၏မိသားစုများအားလည်းကောင်း၊ ဘူလ်ဂေးရီးယားနိုင်ငံနှင့် အစ္စရေးနိုင်ငံတို့မှ အစိုးရနှင့်ပြည်သူလူထုအားလည်းကောင်း ဘန်ကီမွန်းက ဝမ်းနည်းစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်