ဂါဇာကမ်းမြောင်ဒေသအပေါ်ပိတ်ဆို့ထားမှုအား ဖယ်ရှားနိုင်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် အကူအညီ ပေးသွားမည်ဖြစ်ကြောင်း အီဂျစ်သမ္မတ မိုဟာမက်မော်စီက ကတိပြုပြောကြားခဲ့သည်ဟု ဟားမာ့စ်တာဝန်ရှိသူ တစ်ဦးက ဇူလိုင်လ ၁၉ ရက်နေ့တွင်ပြောကြားခဲ့ကြောင်း Xinhua သတင်းတစ်ရပ်အရ သိရှိရပါသည်။ သမ္မတ မော်စီနှင့်ဟားမာ့စ်ကိုယ်စားလှယ်အဖွဲ့တို့ ကိုင်ရိုမြို့တွင်တွေ့ဆုံဆွေးနွေးပြီးနောက် ထိုကဲ့သို့ကတိပြုမှု ပေါ်ထွက် လာခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါတွေ့ဆုံမှုသည် အီဂျစ်သမ္မတတစ်ဦး၏ ဟားမာ့စ်တို့နှင့်ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပါသည်။ ဟားမာ့စ်သည် Muslim Brotherhood လှုပ်ရှားမှုအဖွဲ့၏ အဖွဲ့ခွဲတစ်ဖွဲ့လည်းဖြစ်ပါသည်။ အီဂျစ် သမ္မတဟောင်း မူဘာရက်လက်ထက်တွင် အီဂျစ်နှင့်ဂါဇာဒေသအကြား Rafah နယ်စပ်ဂိတ်အားပိတ်ခြင်း အားဖြင့် အစ္စရေးကဂါဇာဒေသအပေါ်ပိတ်ဆို့မှုကို အီဂျစ်နိုင်ငံထောက်ခံခဲ့ပါသည်။ ဂါဇာကမ်းမြောင်ဒေသ အတွင်း လျှပ်စစ်ဓာတ်အားနှင့် လောင်စာအခက်အခဲကိုဖြေရှင်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း မော်စီကပြောကြားခဲ့ပါသည်။
မော်စီသည် ဇူလိုင်လ ၁၈ ရက်နေ့က ပါလက်စတိုင်းသမ္မတ မာမွတ် အဘာ့စ်နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းနှင့် ဟားမာ့စ်တို့အနေဖြင့် အဘာ့စ်၏ဖာတာ့ပါတီနှင့် ပြန်လည် ပေါင်းစည်းရေးလုပ်ဆောင်ရန် မော်စီကတိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။
Time in Rangoon

0 comments:
Post a Comment