Saturday, July 21, 2012

တရုတ်ဝန်ကြီးချုပ်နှင့် တောင်အာဖရိကသမ္မတတို့သည် နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ရေးတွေ့ဆုံဆွေးနွေးခဲ့ခြင်း

Posted by Anonymous Saturday, July 21, 2012, under | No comments

  တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်သည် အလည်အပတ်ရောက်ရှိနေသော တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားနှင့် ဇူလိုင်လ ၁၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေး ခဲ့ပြီး တရုတ်-အာဖရိက နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေးနှင့် ဆက်ဆံရေးတိုးမြှင့်ရေး ကတိပြုခဲ့ကြကြောင်း သိရှိရပါသည်။ နိုင်ငံတကာဘဏ္ဍာရေးအကျပ်အတည်းသည် နှစ်နိုင်ငံအတွက် စိန်ခေါ်မှုအသစ်ဖြစ်နေသော်လည်း အခိုင်အမာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖြေရှင်းလုပ်ဆောင်ခဲ့ကြောင်း ဝမ်ကြားပေါင်ကပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံပြည်သူတို့၏အကျိုးစီးပွားနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ အတွက် အာဖရိကနိုင်ငံများနှင့် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်ကပြောကြားခဲ့ပါသည်။ 


 ဇူလိုင်လ ၁၉ ရက်နေ့က ကျင်းပခဲ့သည့် တရုတ်-အာဖရိက ဖိုရမ်၏(၅)ကြိမ်မြောက်ဝန်ကြီးအဆင့် (FOCAC) ဖွင့်ပွဲအခမ်းအနား၌ သမ္မတဟူကျင်တောင်း ကချမှတ်ထားသည့် အစီအစဉ်သစ်များကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူတို့၏ချမ်းသြွာကယ်ဝမှုမြှင့်တင်ရေး၊ အလုပ်အကိုင်တိုးမြှင့်ရေး၊ အာဖရိက၏ ဂေဟစနစ်ကိုကာကွယ်ရေးနှင့် ဒေသန္တရယဉ်ကျေးမှုအစဉ်အလာများကို အလေးထားရေး ဝမ်ကဆွေးနွေးခဲ့ပါသည်။ ယခု FOCAC ဆွေးနွေးပွဲသည် အရေးပါသည့်ရလဒ်များ ဖြစ်ထွန်းစေခဲ့ကြောင်းနှင့် နှစ်နိုင်ငံစီးပွားရေးနှင့်ကုန်ကွယ်မှုတိုးမြှင့်ရေး ဝမ်၏အဆိုပြုချက် များကို သဘောတူညီကြောင်း ဇူးမားကပြောကြားခဲ့သည်ဟု သိရှိရပါသည်။
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်