Saturday, July 21, 2012

ဖိလစ်ပိုင်လေတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ဝ စင်းဝယ်ယူမည်ဟုဆို

Posted by Anonymous Saturday, July 21, 2012, under | No comments

ဖိလစ်ပိုင်လေတပ် (PAF) သည် အီတလီနိုင်ငံထံမှ တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ဝ စင်းဝယ်ယူမည်ဖြစ် ကြောင်း ဇူလိုင်လ ၁၈ ရက်နေ့ Newsnow သတင်းတစ်ရပ်အရသိရှိရပါသည်။ ထို့အပြင် ဖိလစ်ပိုင်ပီဆို ၇၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၇၉ ဘီလီယံ)တန်ဖိုးရှိသော ဖိလစ်ပိုင်တပ်မတော် ခေတ်မီအဆင့်မြှင့်တင်ရေး အစီအစဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ် ၂ဝ၁၂ ခုနှစ်မကုန်မီ Huey ရဟတ်ယာဉ် ၂၁ စင်း၊ အလတ်စားသယ်ယူ ပို့ဆောင်ရေးလေယာဉ် ၃ စင်းနှင့် ဂျက်တိုက်လေယာဉ် ၁၂ စင်းတို့ကိုလည်း ဝယ်ယူသွားမည်ဖြစ်ကြောင်း လေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး လောရိုကာတာလီနိုဒီလာခရုဇ်ကပြောကြားခဲ့သည်ဟု သိရှိရပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် အီတလီလုပ် ရဟတ်ယာဉ်များအား အမေရိကန်နိုင်ငံလုပ် ရဟတ်ယာဉ်များထက် ပို၍ ဈေးသက်သာသောကြောင့် ပိုမိုနှစ်သက်လျက်ရှိပါသည်။ ဖိလစ်ပိုင်နိုင်ငံသို့ ဂျက်တိုက်လေယာဉ် ၁၂ စင်း ရောင်းချရေးအတွက် အီတလီ၊ တောင်ကိုရီးယား၊ ရုရှားနှင့် ဗြိတိန်နိုင်ငံတို့က ပြိုင်ဆိုင်လျက်ရှိကြောင်းသိရှိရ ပါသည်။ အဆိုပါတိုက်ခိုက်ရေးရဟတ်ယာဉ်များအား သက်တမ်းရင့် OV-10 Bronco နှင့် MG 520 တိုက်ခိုက်ရေးရဟတ်ယာဉ်များနေရာတွင် အစားထိုးသွားမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးလေယာဉ် ၃ စင်းအား C-130 လေယာဉ်နေရာတွင် အစားထိုးသွားမည်ဖြစ်ပါသည်။ ဖိလစ်ပိုင်တပ်မတော်အနေဖြင့် ပြည်တွင်း သောင်းကျန်းမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အလေးထားလုပ်ဆောင်လျက်ရှိပြီး စပရက်တလီ ကျွန်းများနှင့် တရုတ်နိုင်ငံနှင့်အငြင်းပွားပြီးနောက် ခိုင်မာသောကာကွယ်ရေးစွမ်းအားရှိရန်လိုအပ်သည်ဟု နားလည်လက်ခံထားကြောင်းသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်