Saturday, July 21, 2012

ဂျပန်နိုင်ငံ Kyushu ကျွန်းရှိ လူပေါင်း ၃,ဝဝဝ နီးပါးသည် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဘေးကင်းရာသို့ပြောင်းရွှေ့နေရခြင်း

Posted by drmyochit Saturday, July 21, 2012, under | No comments


Xinhuanet.com;July-19(Thu)

          ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းKyushu  ကျွန်းပေါ်ရှိ မြို့တစ်မြို့တွင် လူပေါင်း ၃,ဝဝဝ ခန့်သည် မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုခြင်းနှင့်ရေကြီးခြင်းများကြောင့် ¤င်းတို့၏အိမ်ရာများကိုစွန့်ခွာပြီး ဘေးကင်းရာသို့ ပြောင်းရွှေ့နေကြရကြောင်း ဒေသသတင်းဌာနမှ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။ Aso  မြို့တွင် နေထိုင်သူ များသည် မိုးသည်းထန်စွာဆက်လက်ရွာသွန်းနေသောကြောင့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဘေးကင်းရာ သို့ရွှေ့ပြောင်းနေရပြီး ယခင်သီတင်းပတ်ကလည်း ၎င်းတို့နယ်မြေတွင် မြေပြိုခြင်းများဖြစ်ပွားခဲ့ကြောင်း ဂျပန် အခြေစိုက် NHK  သတင်းဌာနမှ ဖော်ပြခဲ့ပါသည်။ 

          Aso မြို့နှင့်ပတ်ဝန်းကျင်Kumamoto စီရင်စုဒေသတွင် ယခင်သီတင်းပတ်က နေရာ ၆ဝ ကျော်တွင် မြေပြိုခဲ့ပြီး လူ ၂၃ ဦး သေဆုံးကာ  ၂ ဦးပျောက်ဆုံးခဲ့ကြောင်း သိရှိရပါသည်။  Kyushu ကျွန်း၏ မြောက်ဘက် ဧရိယာအချို့တွင် Khanun  အပူပိုင်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး နံနက်ပိုင်းတွင် မိုးရေချိန် ၄ဝ နှင့် ၅ဝ မီလီမီတာအကြား ရွာသွန်းခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါမုန်တိုင်းသည် အနောက်ဘက်သို့ ရွေ့လျား နေပြီး Kyushu ကျွန်း၌ ဇူလိုင်လ ၂ဝ ရက်နေ့ထိ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း ဂျပန်နိုင်ငံမိုးလေဝသဌာနမှ သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်