Friday, August 03, 2012

အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးအား ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ခန့်အပ်နိုင်ဖွယ် ရှိသည်ဟုဆို

Posted by drmyochit Friday, August 03, 2012, under | No comments



            အိန္ဒိယ နိုင်ငံတွင် ယခု ရက် သတ္တ ပတ် နှောင်း ပိုင်း၌် ပြုလုပ် မည့် အစိုးရ အဖွဲ့ အပြောင်း အလဲနှင့် ပတ်သက်၍ ထင်ကြေး ပေးမှုများ ထွက်ပေါ် နေစဉ် အိန္ဒိယ ဝန်ကြီး ချုပ် မန်မို ဟန်ဆင်း သည် ပြည်ထဲ ရေး ဝန်ကြီး ပီချီ ဒန်ဘာ ရန်အား ဘဏ္ဍာ ရေးဝန် ကြီးအ ဖြစ်ခန့် အပ်နိုင် ဖွယ် ရှိကြောင်း  Xinhua  သတင်း တစ်ရပ် အရ သိရှိရ ပါသည်။ စွမ်းအင် ဝန်ကြီး ဆူရှီလ် ကူမာ ရှင်ဒီအား  ပြည်ထဲ ရေး ဝန်ကြီး အဖြစ် ပီချီ ဒန်ဘာ ရန်၏ နေရာတွင် အစား ထိုးခန့် အပ်နိုင် ဖွယ်ရှိ ကြောင်းနှင့် ရှင်ဒီ သည် အာဏာ ရကွန် ဂရက် ပါတီ၏ အောက် လွှတ် တော် ဥက္ကဋ္ဌ ဖြစ်လာ နိုင်ဖွယ် ရှိကြောင်း လည်း သိရှိရ ပါသည်။ လက်ရှိ သမ္မတ ပရာ နက်မူ ခါဂျီး သည် အစော ပိုင်းက ဘဏ္ဍာ ရေးဝန် ကြီးနှင့် ကွန်ဂ ရက်ပါ တီ၏ အောက် လွှတ်တော် ဥက္ကဋ္ဌ ရာထူး ကိုရ ယူထား ခဲ့ပြီး လက်ရှိ အချိန်တွင် မန်မို ဟန်ဆင်း သည် ဘဏ္ဍာ ရေးဝန် ကြီးရာ ထူးနေရာ ကိုပူး တွဲတာ ဝန်ထမ်း ဆောင်လျက် ရှိပါသည်။ ပြည်ထဲ ရေးဝန်ကြီး ပီချီ ဒန်ဘာ ရန်သည် ၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၈ ခုနှစ် နိုဝင် ဘာလ အထိ အိန္ဒိယ နိုင်ငံ၏ ဘဏ္ဍာ ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ကြောင်း သိရှိ ရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်