Friday, August 03, 2012

တူရကီ ဝန်ကြီး ချုပ်နှင့် အမေရိကန် သမ္မတ တို့သည် ဆီးရီးယား နိုင်ငံရေး အသွင် ကူးပြောင်းမှုနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments



Yahoo!News.com;July-31(Tue)
တူရကီ ဝန်ကြီးချုပ် တေရစ် အာဒို ဂန်နှင့် အမေ ရိကန် သမ္မတ ဘားရက် အိုဘားမား တို့သည် ဆီးရီးယား နိုင်ငံ၌ နိုင်ငံရေး အသွင် ကူးပြောင်း မှုအား အရှိန် မြှင့်တင် လုပ်ဆောင် ရေးအတွက် ၄င်းတို့ အနေဖြင့် မည်ကဲ့သို့ အတူ တကွ ပူးပေါင်း ဆောင်ရွက် မည်ကို တယ်လီ ဖုန်းဖြင့် ဆွေးနွေး ခဲ့ကြ ကြောင်း တူရကီ ဝန်ကြီးချုပ် ရုံးမှ ပြောကြားခဲ့ ပါသည်။ ယခင်က ဆီးရီးယား သမ္မတ ဘတ်ရှာ အယ်လ်အာ ဆတ်နှင့် ရင်းနှီးသော ဆက်ဆံ မှုများ ရှိခဲ့သူ တူရကီ ဝန်ကြီးချုပ် အာဒို ဂန်သည် ဆီးရီးယား နိုင်ငံ၌ လူထောင် ပေါင်း များစွာ သေဆုံး ခဲ့သော ၁၆ လကြာ ဆန္ဒပြ ဆူပူ အုံကြွမှု များဖြစ် ပေါ်ခဲ့ ပြီးနောက် အာဆတ်အား ဆီးရီးယား သမ္မတ ရာထူးမှ ဆင်းပေးရန် တောင်းဆို ခဲ့ပါသည်။

ဆွေးနွေးမှု များတွင် သမ္မတ အာဆတ် ရာထူးမှ နုတ်ထွက်ရေး အပါ အဝင် ဆီးရီးယား နိုင်ငံ အတွင်း နိုင်ငံရေး အသွင် ကူးပြောင်းမှု လုပ်ငန်း စဉ်အား အရှိန် အဟုန် မြှင့်တင် လုပ်ဆောင် ရန်ဆွေး နွေးခဲ့ကြောင်း တူရကီ ဝန်ကြီး ချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက် တစ်စောင်တွင် ဖော်ပြ ထားပါသည်။ အာဒို ဂန်နှင့် အိုဘား မားတို့သည် ၃၆ မိနစ်ကြာ တယ်လီ ဖုန်းဖြင့် ဆွေးနွေး မှုများ ပြုလုပ်ခဲ့ ကြကြောင်း တူရကီ မီဒီယာ များက ပြောကြား ခဲ့ပါသည်။ မကြာသေး မီက Aleppo တွင် ကြုံတွေ့ ခဲ့ရသော ဆီးရီးယား အစိုးရ၏ ရက်စက် ကြမ်းကြုတ် မှုများနှင့် အစိုးရ တပ်ဖွဲ့ များက ပြည်သူ များကို ပစ်မှတ်ထား တိုက်ခိုက် နေခြင်းကြောင့် ဆိုးရွား လာသော လူ့အခွင့် အရေး အခြေ အနေ များနှင့် ပတ်သက် ၍လည်း ၄င်းတို့၏ စိုးရိမ် ပူပန် မှုများ ကိုလည်း နှစ်နိုင်ငံ ခေါင်းဆောင် များက ထုတ်ဖော် ပြောကြား ခဲ့ကြကြောင်း ကြေညာ ချက်တွင် ဖော်ပြ ထားပါသည်။

အိုဘား မားနှင့် အာဒိုဂန် တို့သည် ဆီးရီးယား နိုင်ငံ၌ ဖြစ်ပွား နေသော အကြမ်းဖက် မှုများ၊ ဖိနှိပ်မှု များမှ လွတ်မြောက် ရန်ကြိုးပမ်း နေသော ပြည်သူ များကို အကူ အညီ ပေးရေး အတွက် လိုအပ် ချက်များ ကိုလည်း ဆွေးနွေးခဲ့ ကြပါသည်။ အာဒို ဂန်နှင့် အိုဘားမား တို့သည် တူရကီ အပါ အဝင် အိမ်နီးချင်း နိုင်ငံများ သို့ ထွက်ပြေး ရန်ကြိုး ပမ်းနေသော ဆီးရီးယား ပြည်သူ များအား အကူ အညီပေး ရေးတွင် ပူးပေါင်း ဆောင်ရွက် ရန် သဘော တူညီ ခဲ့ကြ ကြောင်း ကြေညာ ချက်တွင် ဖော်ပြ ထားပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်