Friday, August 03, 2012

ရုရှား ရေတပ်အား ရေငုပ်သင်္ဘောသစ်များဖြင့် အားဖြည့်မည် ဆိုခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments

PressTV.com;July-31(Tue)
ရုရှား သမ္မတ ဗလာ ဒီမာ ပူတင်က ၄င်း၏ နျူ ကလီးယားရေတပ် ဖွဲ့ဝင် များ၏ စွမ်းဆောင် ရည်အား တိုးမြှင့်ရန် ကတိ ပြုခဲ့ ကြောင်းနှင့် မိမိတို့ နိုင်ငံ အနေဖြင့် ထိပ်တန်း ရေတပ် အဖြစ် ဦးဆောင် နေသော နိုင်ငံ  ၏ ဂုဏ် ဒြပ်အား ထိန်းသိမ်း သင့်သည် ဟုယုံ ကြည်ကြောင်း ဇူလိုင်လ ၃ဝ ရက်နေ့ ကပူ တင်၏ ပြောကြား ချက်ကို ကိုးကား၍ ရိုက်တာ သတင်း ဌာနက ဖော်ပြခဲ့ ပါသည်။ နိုင်ငံ မြောက်ပိုင်းရှိ Sevmash   သင်္ဘော ကျင်း၌ ကျင်းပသည့် ရုရှား နိုင်ငံ၏ နောက်ဆုံး မျိုးဆက် သစ်ရေ ငုပ် သင်္ဘော Prince  Vladimir အား စတင် တည်ဆောက် ပြီးစီးမှု အခမ်း အနား ကျင်းပစဉ် အတွင်း ရုရှား ရေတပ် အကြီး အကဲများ၊ အစိုးရ အရာ ရှိများနှင့် တွေ့ဆုံ စဉ်၌ ရုရှား သမ္မတ ဗလာ ဒီမာ ပူတင်က အထက်ပါ အတိုင်း မှတ်ချက် ပြုပြော ကြားခဲ့ ခြင်းဖြစ် ပါသည်။

မိမိတို့ အနေဖြင့် နိုင်ငံ၏ မဟာ ဗျူဟာ မြောက် နျူ ကလီးယား တပ်ဖွဲ့ များ၏ တစ်စိတ် တစ်ပိုင်း ဖြစ်သော ရေတပ် ဖွဲ့၏ တိုးတက် မှုများနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြကြောင်း ပူတင်က ထပ်လောင်း ပြောကြား ခဲ့ပါသည်။  ရုရှား ရေတပ်သည် ကမ္ဘာ့ သယံ ဇာတ အရင်း အမြစ်များ ပေါကြွယ် ဝသော အာတိတ် ဒေသ အပါ အဝင် နိုင်ငံ၏ အမျိုးသား အကျိုး စီးပွား ကိုလည်း စောင့်ရှောက် ကာကွယ် လျက်ရှိ ကြောင်း ပူတင်က ပြောကြား ခဲ့ပါသည်။ ရုရှား နိုင်ငံသည် ၄င်း၏ နျူ ကလီးယား လက်နက်နှင့် လေကြောင်း အာကာသ ကာကွယ်ရေး စနစ် အသင့် ရှိမှုကို ဆက်လက် ထိန်းသိမ်း သွားမည်ဟု သမ္မတ ပူတင်က ကာကွယ်ရေး အစည်း အဝေး ပြုလုပ်စဉ် ပြောကြား ခဲ့ပြီးနောက် အထက် ပါမှတ်ချက် ထပ်မံ ထွက်ပေါ် လာခြင်း ဖြစ်ပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်