Friday, August 03, 2012

နယ်စပ်ရေးရာ ဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး စစ်တွေ သွားရောက်

Posted by drmyochit Friday, August 03, 2012, under | No comments



(နေပြည်တော်   သြဂုတ်  ၂)
နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး၊ ပြည်နယ် ဝန်ကြီးချုပ်  ဦးလှမောင်တင်၊ အနောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်မှူးချုပ်ကိုကိုနိုင်၊ ဒုတိယ ဝန်ကြီးများ ဖြစ်ကြသော ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဦးဘုန်းဆွေ နှင့်  ဦးကျော်ကျော်ဝင်း၊ မြန်မာ နိုင်ငံ ဆိုင်ရာ နိုင်ငံခြား သံရုံးများမှ  သံအမတ်ကြီး များနှင့် သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အ စည်းများမှ အကြီးအကဲများ နှင့်တာ ဝန်ရှိသူများ၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် အဖွဲ့ချုပ်မှ တာဝန် ရှိသူများ နှင့် ဘာသာရေး ခေါင်းဆောင်များ၊ ဌာန ဆိုင်ရာ အကြီးအကဲ များသည် ရခိုင်ပြည် နယ် စစ်တွေမြို့၌ ဖြစ်ပွားခဲ့သည့် ပကတိ အခြေအနေမှန် များအား သြဂုတ် ၁ ရက် နံနက် ၈ နာရီက စစ်တွေမြို့ ပတ်ဝန်းကျင် တစ်လျှောက် သွားရောက် ကြည့်ရှု လေ့လာ ခဲ့ကြသည်။

ရှေးဦးစွာ စစ်တွေမြို့နယ် ဘောဒူဖ ကျေးရွာ ကယ်ဆယ်ရေး စခန်း၌ တာဝန်ခံများ နှင့်တွေ့ဆုံ၍ နိုင်ငံတော် အစိုးရက လတ်တလော ဆောင်ရွက် ပေးလျက်ရှိသည့် နယ်မြေ တည်ငြိမ် အေးချမ်း သာယာရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဆိုင်ရာများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ထောက်ပံ့ပေး အပ်မှု အခြေအနေများ   ရှင်းလင်း ပြော ကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် ဝန်ကြီး ချုပ်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးတို့က ဘောဒူဖ ကျေးရွာ ကယ်ဆယ်ရေး စခန်း၌ စားနပ် ရိက္ခာ များ ထောက်ပံ့ ပေးနေမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ မိသားစု နေထိုင် နိုင်သည့် ယာယီ တဲများ ဆောက်လုပ် ပြီးစီးမှုနှင့် ပြည်တွင်း ပြည်ပ အကူအညီ အထောက် အပံ့များ ခွဲဝေဖြန့်ဖြူးမှု အခြေ အနေများ ကို ရှင်းလင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက လိုက်ပါ လာသော သံတမန်အဖွဲ့ များအား ရှင်းလင်း ပြောကြား ရာတွင်  ဘောဒူဖ ကျေးရွာ ကယ်ဆယ်ရေး စခန်း၌ ရွှေ့ပြောင်း ဒုက္ခသည် အိမ်ထောင်စု ၁၄၃၉စု၊ လူဦးရေ ၇၅၇၅ ဦးရှိပြီး စစ်တွေမြို့ပေါ် ရပ်ကွက်များ ဖြစ်သော စက်ရုံစု၊ မကျဉ်း မြိုင်၊ ရွှေပြား၊ တရားသီးစု နှင့် မြို့သူကြီး ရပ်ကွက်များမှ ရွှေ့ပြောင်း ရောက်ရှိလာ ကြသူများ ဖြစ်ကြောင်း၊ စစ်တွေမြို့နယ် တွင် ရွှေ့ပြောင်း ဒုက္ခသည်စခန်း ၈ ခုနှင့် တိုင်းရင်းသား ကယ်ဆယ်ရေး စခန်း ၅ ခု စုစုပေါင်း ၁၃ ခု ရှိကြောင်း၊ ၄င်းတို့နေ ထိုင်နိုင်ရန် အတွက် ယာယီ ရွက်ဖျင်တဲ (၁၅၁၉) လုံး ဆောက်လုပ် ပေးထားပြီး (၄၅ ပေ x ပေ၃ဝ x၉ပေ) အရွယ်ရှိ မိသားစု ၁ဝ စု နေထိုင် နိုင်သော ယာယီ တဲ ၁၁၄လုံး ကိုလည်း ဆောက်လုပ်ပြီး ဖြစ်ကြောင်း၊ ၈၁ လုံးမှာ ဆောက်လုပ်ဆဲ ဖြစ်ကြောင်းနှင့် ကျန်ယာယီတဲ များကို ဆက်လက် ဆောက်လုပ် သွားမည်ဖြစ် ကြောင်း၊ ကယ်ဆယ်ရေး စခန်းများရှိ ရွှေ့ပြောင်း ဒုက္ခသည် များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကိုလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သံတမန် အဖွဲ့ဝင်များမှ ပကတိ ဖြစ်ရပ်မှန် အခြေအနေ များကို ရွှေ့ပြောင်း ဒုက္ခ သည်များအား မေးမြန်း ကြသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် သံတမန် အဖွဲ့များသည် မီးလောင်ပျက် စီးသွားသော စက်ရုံစု ရပ်ကွက် မီးလောင် ပြင်သို့ ရောက်ရှိရာ ပြည်ထောင်စု ဝန်ကြီးက ဤနေရာတွင် ပဋိပက္ခ ဖြစ်ပွားခဲ့ကြ သူများ နေထိုင် ခဲ့ကြောင်း၊ နေရာကျဉ်း ကျဉ်းတွင်   ပြည့်သိပ် ကျပ်တည်းစွာ နေထိုင် ခဲ့ကြသဖြင့် မြို့ပြ အင်္ဂါရပ်နှင့် ညီညွတ်မှု မရှိဘဲ လူနေမှု အဆင့်အတန်း များစွာ နိမ့်ကျ ခဲ့ကြောင်း၊ အနာဂတ်တွင် မြို့ပြဖွံ့ဖြိုးမှု အင်္ဂါရပ် နှင့်အညီ လမ်းများ၊ ဈေးများ တည်ဆောက် ပေးရန် လိုအပ်ပြီး စီးပွားရေး ဈေးကွက် ထူထောင်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဝိုင်းဝန်း ကူညီပေး စေလို ကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။

ထိုမှတစ်ဆင့် ရွှေစေတီ ကယ်ဆယ် ရေးစခန်းသို့ ရောက်ရှိပြီး ပြည်ထောင်စု ဝန်ကြီးက  ကယ်ဆယ်ရေး စခန်းရှိ ဒေသခံပြည်သူ ၇၁၅ ဦးအား နှုတ်ဆက် အားပေးစကား ပြောကြား၍ သံတမန် လေ့လာရေး အဖွဲ့ဝင်များက သိရှိလို သည်များနှင့် ပကတိ ကိုယ်တွေ့ ဖြစ်ရပ် မှန်များကို မေးမြန်းကြရာ ကယ်ဆယ် ရေးစခန်းရှိ ဒေသခံ ပြည်သူများက ဆူပူ အကြမ်းဖက်မှု ဖြစ်စဉ်များ၊ ကယ်ဆယ်ရေး အကူအညီ အထောက်အပံ့ များရရှိ မှု အခြေအနေ များနှင့် မိမိတို့ လိုအပ် ချက်များကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် စစ်တွေမြို့ ရှုခင်းသာပွိုင့် သို့ ရောက်ရှိရာ ပြည်ထောင်စု ဝန်ကြီးက စစ်တွေမြို့    ပင်လယ် ကမ်းခြေတစ် လျှောက် ကုလားတန် မြစ်ကြောင်း ဖွံ့ဖြိုးမှု စီမံကိန်း ဆောင်ရွက် မည့်နေရာ၊ ဟိုတယ်ဇုန်နှင့် ငါးဖမ်း လုပ်ငန်း ဆောင်ရွက် မှုအခြေအနေ၊ သင်္ဘောဆိပ် သင်္ဘောကျင်းများ တည်ဆောက် နိုင်မှု၊ ကမ်းနား လမ်း ပင်လယ် ကမ်းခြေ တစ်လျှောက် လမ်း၊ တံတား အဆင့်မြင့် နိုင်မှုနှင့် မြို့ပြဖွံ့ဖြိုး လာနိုင်မှု၊  စီးပွားရေး ဈေးကွက် အခြေအနေ နှင့် အနာဂတ် ဖွံ့ဖြိုးမှု အခြေ အနေများကို သံတမန် အဖွဲ့ဝင်များ နှင့် အမြင်ချင်း ဖလှယ် ညှိနှိုင်း ဆွေးနွေးခဲ့ သည်။

မွန်းလွဲ ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး နှင့် သံတမန် အဖွဲ့များ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Mr.  Tomas  Ojea Quintana ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ သည် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံး၌ ကျင်းပသည့် ရခိုင်ပြည်နယ် သံတမန် လေ့လာရေးခရီးစဉ်အပေါ်  ပြန်လည် သုံးသပ်ခြင်းအစည်းအဝေးသို့ တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက ယခု နှစ်ရက်ကြာ သံတမန် လေ့လာရေး ခရီးစဉ်၌  တွေ့ရှိရသော ပကတိ အခြေအနေ မှန်များကို ပြန်လည် သုံးသပ်၍ မိမိတို့၏ သဘောထား အမြင် များ၊ အကြံပြုချက် များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး တင်ပြကြ စေလိုကြောင်း ပဏာမ ပြောကြားသည်။

ဆက်လက်၍ အင်ဒိုနီးရှား၊ ကမ္ဘော ဒီးယား၊ ဘရာဇီး၊ ကူဝိတ်၊ လာအို၊ ဆော်ဒီအာရေးဗီးယား၊  ပါကစ္စတန်၊ အီဂျစ်နှင့် အိန္ဒိယနိုင်ငံ သံတမန်များက သုံးသပ် ပြောကြား ရာတွင် မိမိတို့၏ ခရီးစဉ် မတိုင်မီ ပြည်ပ သတင်းဌာနများ နှင့် မီဒီယာ အမျိုးမျိုးမှ တစ်ဆင့် သိရှိခဲ့ရသည့်   အတည်ပြု နိုင်ခြင်း မရှိသော အကြောင်း အရာနှင့် သတင်း အချက်အလက် များသည်  ဇူလိုင် ၃ဝ ရက်က ပြုလုပ် ခဲ့သော ရခိုင် ပြည်နယ် အရေး အခင်းနှင့် စပ်လျဉ်း၍ ပွင့်လင်းမြင်သာ စေခဲ့သည့် သတင်းစာ ရှင်းလင်းပွဲပါ ပကတိ အသေးစိတ် သတင်းအချက် အလက်များ၊ ယခု မြေပြင်တွင် ကိုယ်တွေ့ တွေ့မြင် ခဲ့ရသော ပကတိ လက်ရှိအခြေ အနေမှန် များသည် များစွာ ကွာဟလျက် ရှိပါကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ နှင့် ပြည်နယ် အစိုးရအဖွဲ့ တို့၏ ရခိုင် ပြည်နယ် တည်ငြိမ် အေးချမ်းရေး၊ ကယ် ဆယ်ရေး နှင့်ပြန်လည် ထူထောင်ရေး လုပ်ငန်း ဆောင်ရွက်ချက် များအား အလေး အနက် အသိအမှတ် ပြုပါကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများ သည် ခက်ခဲ နက်နဲ ရှုပ်ထွေး သော်လည်း အစိုးရ အဖွဲ့မှ ကြိုးစား ဖြေရှင်း ဆောင်ရွက် နေသည်ကို တွေ့မြင် ခဲ့ရပါကြောင်း။

နိုင်ငံတော်၏  ဒီမိုကရေစီ အသွင်ကူး ပြောင်းမှု ကာလတွင် ယခုကဲ့သို့ အဖြစ် အပျက်များ ဖြစ်ပွား ခဲ့သည့် အတွက် နိုင်ငံတော်နှင့် ပြည်သူတို့ အတွက် များစွာ နစ်နာ ပါကြောင်း၊ နိုင်ငံတော်က ဥပဒေ နှင့်အညီ ဖြေရှင်း ဆောင်ရွက် ပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ ကယ်ဆယ် ရေး စခန်းများရှိ ရွှေ့ပြောင်း ဒုက္ခသည် ပြည်သူများနှင့် တွေ့ဆုံ မေးမြန်းသည့် အခါ ပညာရေး၊ ကျန်းမာရေး၊ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်လျက် ရှိနေသေးသည်ကို တွေ့ရှိ ရပါကြောင်း၊ ယခုကဲ့သို့ ရှုပ်ထွေးလှ သည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာ လုပ်ဖော် ကိုင်ဖက် များက မြန်မာနိုင်ငံ အစိုးရနှင့် လက်တွဲ ဝိုင်းဝန်း ကူညီ ဆောင်ရွက် ပေးရမည် ဖြစ်ပါကြောင်း၊ ခရီးစဉ် နှစ်ရက်တာ ကာလ အတွင်းတွေ့ မြင်ခဲ့ရမှု များသည် ဝမ်းနည်း ကြေကွဲ စရာ ဖြစ်ရပ်မှန်များ ဖြစ်ပါကြောင်းနှင့် ပြဿနာ ကို အကောင်းဆုံး နည်းလမ်းဖြင့် ဝိုင်းဝန်း ဖြေရှင်း ဆောင်ရွက် ကြရမည်ဖြစ်ပါ ကြောင်း၊ မြန်မာအစိုးရ၏ ဆောင်ရွက် ချက်များကို အသိ အမှတ်ပြု ထောက်ခံပါ ကြောင်း၊ ပြဿနာအခြေအနေအရပ်ရပ် ကို မြန်မာနိုင်ငံ အစိုးရမှရိုးသား ပွင့်လင်း၊ မြင်သာစွာ ကိုင်တွယ် ဖြေရှင်းလျက်ရှိ သည်ကို တွေ့ရပါကြောင်း၊ နိုင်ငံတကာ အသိုက် အဝန်း နှင့်  နိုင်ငံတကာ အဖွဲ့ အစည်းများ မှလည်း လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပိုမို ပံ့ပိုးပေး နိုင်ရေး  ကူညီ ဆောင်ရွက် ပေးကြစေ လိုကြောင်း၊ မိမိတို့ တွေ့မြင် ခဲ့ရသော  ပကတိ ဖြစ်ရပ်မှန်များ နှင့် အခြေအနေမှန် များကို မိမိနိုင်ငံ အစိုးရ အဖွဲ့များသို့ အစီရင်ခံ တင်ပြ သွားမည် ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြား ခဲ့ကြ သည်။

ထို့အတူ သံတမန် လေ့လာရေးအဖွဲ့ ဝင်အဖြစ် လိုက်ပါလာ ခဲ့သော ဘင်္ဂလား ဒေ့ရှ်သံ အမတ်ကြီး ကလည်း  ယခု ပြဿနာသည် ဇွန် ၃ ရက်က ဖြစ်ပွားခဲ့ သော ကျောက်နီမော် အရေးအခင်းနှင့် ဇွန် ၈ ရက်က ဖြစ်ပွားခဲ့သော မောင်တော အရေးအခင်းတို့မှ  စတင်ခဲ့ပါ ကြောင်း၊ မိမိနိုင်ငံ တွင်လည်း မူဆလင် ဘာသာဝင်များသည် သောကြာနေ့ တိုင်းကျောင်း တက်ဝတ်ပြုပြီး ဆုတောင်း လေ့ရှိပါကြောင်း၊ ဘုရား ဝတ်ပြုပြီးသည့် အခါ မော်လဝီ ဆရာများက တရားဟော ကြပါကြောင်း၊ ဝတ်ပြု ဆုတောင်းပြီးချိန် တွင် ကျောက်နီမော်၊ တောင်ကုတ်ကိစ္စ ကို ထုတ်ဖော်ပြီး လူငယ်များကို လှုံ့ဆော်ခဲ့သည် ဖြစ်မည်ဟု ထင်မြင် ပါကြောင်း၊ မော်လဝီ ဆရာများက လှုံ့ဆော်ပြီး ခေါင်း ဆောင်မှုပြို ကွဲသွားသည် ထင်ပါကြောင်း၊ လှုံ့ဆော်ပြီးအုပ်စုအား   ထိရောက်စွာ ခေါင်းဆောင်မှု မပေးနိုင် တော့ပါကြောင်း၊ ခေါင်းဆောင်မှ ထိန်းသိမ်း နိုင်မှု မရှိသည့် အတွက် ယခုကဲ့သို့ အကြမ်းဖက် အရေး အခင်း ဖြစ်ပေါ် လာရခြင်း ဖြစ်သည်ဟု ယူဆပါကြောင်း။

ဘင်္ဂလားဒေ့ရှ်တွင် ဤ အရေးအခင်း စဖြစ်စဉ်မှပင် အင်တာနက် နှင့် မီဒီယာ ပေါင်းစုံတို့မှ အတည် မပြုနိုင်သော သတင်း အချက်အလက် မျိုးစုံအား ဖတ်ရှုကြရ သော်လည်း ယင်း အကြောင်းအရာများ သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအပေါ် လွှမ်းမိုးမှု မရှိခဲ့ပါကြောင်း၊ အခင်းဖြစ်ပြီး နောက် ဇွန် ၁၁ ရက်က မြန်မာ နိုင်ငံ အစိုးရ၏ ဆောင်ရွက် ချက်များအား ဘင်္ဂလားဒေ့ရှ် နိုင်ငံ အစိုးရအနေဖြင့် အပြည့်အဝ ထောက်ခံ ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံ လုံးအား သတင်း ထုတ်ပြန်ခဲ့ပြီး အင်အားကြီး နိုင်ငံများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်း အချို့မှ ဝေဖန် တောင်းခံ သည့်ကြား မှပင် နယ်စပ် ဝင်ပေါက်များ အားလုံးကို လည်းပိတ်ထား ခဲ့ပါကြောင်း၊ နယ်စပ် ဝင်ပေါက်များ ဖွင့်ထား ခဲ့ပါက ပြဿနာ ပိုမိုကြီးထွား လာနိုင်ပါ ကြောင်း၊ အကြမ်းဖက် သူများအနေဖြင့်  ထွက် ပေါက်ရှိ နေပါက အကြမ်းဖက်မှု များကို ပိုမို ဆောင်ရွက်ရန် အတင့်ရဲမည်ကို ရိုးရှင်းစွာ သိနိုင် ပါကြောင်း၊ ထို့ကြောင့် အခင်းဖြစ်ပွား သူများအား တိတိကျကျ ပင် လက်ခံခြင်း မပြုခဲ့ပါကြောင်း၊ အိမ်နီးချင်း နိုင်ငံ အချင်းချင်း ဤကဲ့သို့ တုံ့ပြန် မှုသည် အခြားနိုင်ငံများတွင်ဖြစ်ပွားခဲ့ သော ကိစ္စကဲ့သို့မဟုတ်ဘဲ နိုင်ငံတွင်းရှိ လူမျိုးစုနှစ်ခု ပြဿနာ ဖြစ်သည် ဟုသာ ယုံကြည် ခံယူထားပါကြောင်း၊ နောင်တွင် ယင်းကဲ့ သို့ကိစ္စများ ထပ်မံ မဖြစ်ပွားအောင် ဆုတောင်း ပေးပါ ကြောင်းနှင့် အမြန်ဆုံး ပြန်လည် ငြိမ်းချမ်း၍ ပကတိအခြေ အနေဖြစ်ပေါ် လာမည်ဟု  အကောင်း ဘက်မှ ထင်မြင်မိ ပါကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် တူရကီသံ အမတ်ကြီးက လည်းလက် ရှိကြုံတွေ့နေရသောအခြေ အနေများကို အလွယ်တကူ ဖြေရှင်းနိုင် လိမ့်မည်ဟု မယူဆပါကြောင်း၊ လတ်တ လောနှင့် ရေရှည် အစီအစဉ်များ ရေးဆွဲ ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊  နိုင်ငံတကာအဖွဲ့ အစည်းများ ကလည်း ကူညီရန် အသင့် ရှိနေကြ ပါကြောင်း၊   လခြမ်းနီ အဖွဲ့အစည်းမှ တစ်ဆင့် အကူအညီ အထောက်ပံ့ များရရှိရေး အလုပ် အကိုင် အခွင့် အလမ်းများ ရရှိရေးနှင့် ပြည်နယ် ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကူညီပေး သွားမည်ဖြစ်ပါ ကြောင်း  ဆွေးနွေး ပြောကြားသည်။

သီရိလင်္ကာ သံရုံး သံမှူးကြီးက မိမိ တို့တွင်လည်း လူမျိုးစု အရေးအခင်းမှ အစပြု၍ အနှစ် ၃ဝ ကြာပြည်တွင်းတွင် ဖြစ်ပွားခဲ့သည့် သမိုင်းကြောင်း နှင့်ခါး သီးသော အတွေ့အကြုံများ ရှိပါကြောင်း၊ မြန်မာအစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှု အပေါ် အသိအမှတ်ပြု အားပေးထောက် ခံပါကြောင်း၊ လိုအပ်သည့် အကူအညီ များကိုလည်း ပေးအပ် မည်ဖြစ် ပါကြောင်း ပြောကြားသည်။

အစည်းအဝေး အပြီးတွင် ပြည်ထောင် စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး ဦးဆောင်သော သံတမန် အဖွဲ့များနှင့် Mr. Tomas  Ojea Quintana တို့ သည် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန် လည်ထွက် ခွာခဲ့ကြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်