Friday, August 03, 2012

ထိုင်းနိုင်ငံ တောင်ပိုင်းအရေးနှင့် ပတ်သက်၍ လုံခြုံရေး ဆွေးနွေးပွဲအား ပြုလုပ်ခဲ့ခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments


angkokpost.com;July-31(Tue)
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အကြမ်း ဖက်မှု များမြင့် တက်နေ ခြင်းနှင့် ပတ်သက်၍ ဆွေးနွေး ရန်အတွက် ထိုင်း ဝန်ကြီးချုပ် ရင်လပ် ရှင်နာ ဝပ်ထ ရာသည် ဇူလိုင် လ ၃၁ ရက်နေ့ နံနက် ပိုင်းက လုံခြုံ ရေးအ စည်းအဝေး တစ်ရပ် ခေါ်ယူ ခဲ့ကြောင်း သတင်း ထုတ်ပြန် ချက်များ အရ သိရှိရ ပါသည်။ အဆိုပါ အစည်း အဝေးသို့ တက်ရောက် ကြသူ များတွင် လုံခြုံရေး ဆိုင်ရာ တာဝန် ယူရသော ဒုတိယ ဝန်ကြီးချုပ် Yutthasak Sasiprapa ၊ တောင်ပိုင်း ဒေသကြီး ကြပ်ရေး အတွက် တာဝန် ပေးအပ် ထားသူ ဒုတိယ ဝန်ကြီးချုပ် Chalerm Yubamrung ၊ ထိုင်း တပ်မတော် ဒုတိယ အကြီး အကဲ Daopong  Rattanasuban နှင့် အမျိုးသား လုံခြုံရေး ကောင်စီ အကြီး အကဲ Wichean Potephosree   တို့ပါ ဝင်ပြီး အစည်း အဝေးတွင်  တောင်ပိုင်း ဒေသ လုံခြုံရေး အကြီး အကဲ မစ္စတာ Chalerm  က ဦးဆောင် ဆွေးနွေး ခဲ့ကြောင်း သိရှိ ရပါသည်။

အတိုက် အခံ များသည် တောင်ပိုင်း အခြေ အနေနှင့် ပတ်သက်၍ အခြေ အတင် ဆွေးနွေးရန် အောက် လွှတ် တော်သို့ အဆို တင်သွင်း မှုပြု လုပ်မည် ဖြစ်ကြောင်း ဒီမို ကရက် ပါတီ အမတ် Jurin Laksanavisit  က ပြောကြား ခဲ့ပါသည်။ ထိုင်း နိုင်ငံ တောင်ပိုင်း အခြေ အနေမှာ တစ်နေ့ ထက်တစ် နေ့ဆိုး ရွားလာ ခဲ့ကြောင်း၊ ဇူလိုင်လ တစ်လ တည်းတွင် ဖြစ်စဉ် ၈ဝ ခု ဖြစ်ပွား ခဲ့ပြီး အစိုးရ အမှုထမ်း ၁၅ ဦး၊ အရပ်သား ၃၁ ဦးနှင့် စစ်သွေးကြွ ၁ ဦး၊ စုစု ပေါင်း ၄၇ ဦး သေဆုံး ခဲ့ကြောင်း မစ္စတာ Chalerm  က ပြောကြား ခဲ့ပါသည်။ တောင်ပိုင်း အခြေ အနေမှာ ဆိုးရွား လျက်ရှိ သော်လည်း ဝန်ကြီး ချုပ်သည် ၄င်း ဒေသသို့ တစ်ကြိမ် တစ်ခါမျှ သွားရောက် ခဲ့ခြင်း မရှိကြောင်း အတိုက် အခံ အမတ်  Jurin  က  စွပ်စွဲ ပြောကြား ခဲ့ကြောင်း လည်း သိရှိရ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်