Friday, August 03, 2012

ဆီးရီးယား နိုင်ငံ၌ ဖြစ်ပွားနေသော အကြမ်းဖက်မှု များနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မိကြောင်း ကုလသမဂ္ဂ အကြီးအကဲက ပြောကြားခဲ့ခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments



PressTV.com;July-31(Tue)
ကုလ သမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဘန်ကီ မွန်းသည် ဆီးရီးယား နိုင်ငံ၌ ဖြစ်ပွားလျက် ရှိသော အကြမ်းဖက် တိုက်ခိုက် မှုများနှင့် ပတ်သက်၍ အလွန် အမင်း စိုးရိမ်ပူ ပန်မှုဖြစ် နေကြောင်း ထပ်မံ ပြောကြားခဲ့ ပါသည်။  မိမိတို့ အနေဖြင့် အလွန်အ မင်းစိုး ရိမ်ပူပန် မိကြောင်း၊ ၄င်းအဖြစ် အပျက် များသည် လက်မခံ နိုင်သော အခြေအနေ တစ်ရပ် ဖြစ်ကြောင်း ဘန်ကီ မွန်းက ဇူလိုင်လ ၃ဝ ရက်နေ့ တွင် သတင်း ထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ ပါသည်။ ဆန့်ကျင်ဖက် လက်နက်ကိုင် အုပ်စုများသည် ၄င်းတို့၏ တိုက်ခိုက်မှု များကို အရှိန် မြှင့်တင် လုပ်ဆောင် ခဲ့ကြောင်း၊ အခြေ အနေမှာ ဆိုးရွား သည်ထက် ပိုမို ဆိုးရွားလာ နေကြောင်း ဘန်ကီမွန်းက ထပ်လောင်းပြောကြား  ခဲ့ပါသည်။

အကြမ်း ဖက်မှုများ နေ့စဉ် ဖြစ်ပွား နေပြီး ဆီးရီးယား ပြည်သူများ သေကြေ ဒဏ်ရာ ရရှိမှု ပိုမို မြင့်တက်လာ ကာ ၄င်းတို့၏ အိမ်ရာ များနှင့် နိုင်ငံအား စွန့်ခွာ ထွက်ပြေး နေကြ ရကြောင်း ဘန်ကီ မွန်းက ပြောကြားခဲ့ ပါသည်။ ဆီးရီးယား နိုင်ငံ၌ တာဝန် ထမ်းဆောင်နေ သော ကုလ သမဂ္ဂ လေ့လာ စောင့်ကြည့်ရေး မစ်ရှင် အကြီး အကဲ ဗိုလ်ချုပ်ကြီး Babacar Gaye ၏ ယာဉ်တန်းအား တိုက်ခိုက်ခံ ရမှုနှင့် ပတ်သက် ၍လည်း ဘန်ကီ မွန်းက ရှုတ်ချခဲ့ ပါသည်။

ဆီးရီးယား နိုင်ငံသည် ၂ဝ၁၁ ခုနှစ် မတ်လ မှစ၍  အစိုးရ ဆန့်ကျင်ရေး ဆူပူအုံကြွ မှုများနှင့် ကြုံတွေ့ လျက်ရှိပြီး အနောက်  အုပ်စု နိုင်ငံ များက သမ္မတ ဘတ်ရှာ အယ်လ်အာဆတ်အား ရာထူးမှဆင်းပေးရန် ဖိအားပေး တောင်းဆိုနေသော်လည်း ရုရှားနှင့်တရုတ်နိုင်ငံတို့က အပြင်းအထန်ကန့်ကွက်လျက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်