Friday, August 03, 2012

ကုသိုလ်ဖြစ်အဖွဲ့အစည်း အကူအညီရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ အမိန့်ချ

Posted by drmyochit Friday, August 03, 2012, under | No comments


မြန်မာနိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ Rohingya မူဆလင် ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာ ကုသိုလ်ဖြစ် အဖွဲ့အစည်း သုံးခုကို အကူအညီတွေ ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အမိန့်ချမှတ် လိုက်ပါ တယ်။

                                                                      AFP
၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်က ဘင်္ဂလားဒေ့ခ်ျနိုင်ငံ Teknaf ခရိုင်အတွင်းရှိ ရိုဟင်ဂျာ ဒုက္ခသည် နေအိမ်များကို တွေ့ရစဉ်။အဲဒီအဖွဲ့ တွေကတော့ ပြင်သစ်အခြေစိုက် MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့၊ ACF ခေါ် ငတ်မွတ်ခေါင်းပါးမှု ကယ် ဆယ်ရေးအဖွဲ့နဲ့ ဗြိတိန်အခြေစိုက် Muslim AID UK အဖွဲ့တို့ ဖြစ်ပါတယ်။
ဒီအဖွဲ့တွေဟာ မြန်မာနယ်စပ်အနီး Cox's Bazaar ခရိုင်တွင်းက ဒုက္ခသည်တွေကို အကူအညီ ပေးနေတာကို ဆိုင်းငံ့ဖို့ အစိုးရက ပြောတာလို့ ဒေသ အုပ်ချုပ်ရေးမှူး Joymul Bari က AFP သတင်းဌာနကို ပြောသွားပါတယ်။အကူအညီပေးရေး အဖွဲ့တွေဟာ စာ ရွက်စာတမ်း အထောက်အထားမရှိတဲ့ ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေကို တရား မ၀င် ပံ့ပိုးကူညီ ပေးနေကြတာ ဖြစ်တယ် လို့လည်း Mr. Bari ကပြောပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်