Friday, August 03, 2012

တာဂျစ် ကစ္စ တန်နှင့် ဥဇဘက် ကစ္စတန် နိုင်ငံ တို့၏ CSTO အဖွဲ့မှ နုတ်ထွက် မည့်ဆုံး ဖြတ်ချက် အား တုံ့ပြန် ဆောင်ရွက်ရန် CSTO အဖွဲ့ အားဘီ လာရုဇ် သမ္မတ Alexander Lukashenko က တိုက်တွန်း ပြောကြား လိုက်ခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments

Xinhuanet.com;July-31(Tue)
စုပေါင်း လုံခြုံရေး သဘောတူ စာချုပ် အဖွဲ့မှ နုတ်ထွက် မည်ဆိုသည့် တာဂျစ် ကစ္စ တန်နှင့် ဥဇဘက် ကစ္စ တန် နိုင်ငံ တို့၏ ဆုံးဖြတ် ချက်အား တုံ့ပြန် ဆောင်ရွက် ရန်ဘီလာ ရုဇ်သမ္မတ Alexander Lukashenko က စုပေါင်း လုံခြုံရေး သဘောတူ စာချုပ် အဖွဲ့ (Collective Security Treaty Organization-CSTO) အဖွဲ့သို့ ဇူလိုင်လ ၃၁ ရက်နေ့ တွင် တိုက်တွန်း ပြောကြား ခဲ့ပါသည်။ တာဂျစ် ကစ္စတန် နိုင်ငံ၏ ပြောဆို ချက်နှင့် ပတ်သက်၍ စိတ်မ သက်မသာ ဖြစ်ရကြောင်း၊ တာဂျစ် ကစ္စတန် သမ္မတ၏ မိန့်ခွန်းအား မိမိတို့ အနေဖြင့် လျစ်လျူ မရှုထား သင့်ကြောင်း စုပေါင်း လုံခြုံရေး သဘောတူ စာချုပ် အဖွဲ့ (CSTO) အထွေထွေ အတွင်း ရေးမှူးချုပ် Nikolai Bordyuzha နှင့် ဇူလိုင်လ ၃၁ ရက်နေ့ တွင်ပြု လုပ်သော ဆွေးနွေး ပွဲ၌ Lukashenko  က ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။ အလား တူအဖွဲ့မှ နုတ်ထွက်မည် ဆိုသည့် ဥဇဘက် ကစ္စတန် နိုင်ငံ၏ ဆုံးဖြတ် ချက် ကိုလည်း အခြား CSTO အဖွဲ့ဝင် နိုင်ငံ များသို့ အကြောင်း ကြားရမည် ဖြစ်ကြောင်း Bordyuzha အား Lukashenko က ပြောကြား ခဲ့ပါသည်။

လက်ရှိ အချိန်သည် စိတ်အ နှောင့် အယှက် ဖြစ်စရာ အချိန် ဖြစ်ကြောင်း၊ တုံ့ပြန် မှုတစ်စုံ တစ်ရာ ပြုလုပ် ရမည် ဖြစ်ကြောင်း၊ မိမိ တို့၏ စည်းလုံး ညီညွတ် မှုအား ကြိုးပမ်း ထိန်းသိမ်း ရမည် ဖြစ်ကြောင်း Lukashenko  က ထပ်လောင်း ပြောကြား ခဲ့ပါသည်။ ဥဇဘတ် ကစ္စတန် နိုင်ငံ အနေဖြင့် CSTO အဖွဲ့မှ နုတ်ထွက် မည်ဆို သည့် အကြောင်း ကြားစာအား ရုရှား နိုင်ငံ မော်စကို မြို့ရှိ CSTO အဖွဲ့ ဌာန ချုပ်သို့ အစော ပိုင်းက ပြောကြား ခဲ့ပါ သည်။ ဥဇဘက် ကစ္စတန် နိုင်ငံ အနေဖြင့် CSTO အဖွဲ့ ပြိုကွဲ ရေးအား ခြိမ်းခြောက် လျက်ရှိ ကြောင်း ကျွမ်းကျင် သူများက သုံးသပ် ပြောကြား ခဲ့ပါသည်။ CSTO အဖွဲ့သည် အဖွဲ့ဝင် နိုင်ငံများ အကြား စစ်ရေး ဆိုင်ရာ မဟာ မိတ်အဖွဲ့ အစည်း ဖြစ်ပြီး ၁၉၉၂ ခုနှစ် မေလ ၁၅ ရက် နေ့တွင် စတင် လက်မှတ် ရေးထိုး ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ပါသည်။ CSTO အဖွဲ့ ဖွဲ့စည်း ခြင်းအား ဂုဏ်ပြု သည့်အ နေဖြင့် ၂ဝဝ၂ ခုနှစ် အောက်တို ဘာလ ၇ ရက်နေ့တွင် အာမေး နီးယား သမ္မတ၊ ဘီလာ ရုဇ် သမ္မတ၊ ကာဇက် စတန် သမ္မတ၊ ကာဂျစ် စတန် သမ္မတ၊ ရုရှား သမ္မ တနှင့် တာဂျစ် ကစ္စတန် သမ္မတ တို့က ပဋိ ညာဉ် တစ်ခုအား Tashkent ၌ လက်မှတ် ရေးထိုး ခဲ့ကြ ပါသည်။ ဥဇဘက် ကစ္စတန် နိုင်ငံသည် ၂ဝဝ၆ ခုနှစ် ဇွန်လ ၂၃ ရက် နေ့တွင် CSTO  အဖွဲ့သို့ ဝင်ရောက် ခဲ့ပြီး ၄င်း၏ CSTO အဖွဲ့သို့ ဝင်ရောက် ခြင်းအား ဥဇဘက် ကစ္စတန် ပါလီ မန်မှ ၂ဝဝ၈ ခုနှစ် မတ်လ ၂၈ ရက် နေ့တွင် အတည် ပြုပေး ခဲ့ကြောင်း သိရှိ ရပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်