Friday, August 03, 2012

တောင်တရုတ်ပင်လယ်တွင် မည်သည့်စစ်ရေးအရ ကြားဝင်စွက်ဖက်မှုကိုမဆို ကန့်ကွက်ကြောင်း တရုတ်က ပြောကြားခဲ့ခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments



Xinhuanet.com;July-31(Tue)
တရုတ် နိုင်ငံသည် တောင်တ ရုတ်ပင် လယ်ရှိ ကျွန်းစု များနှင့် ၄င်းတို့ အနီး အနားရှိ ရေပိုင် နက်များ အပေါ် ငြင်းပယ် ခြင်းမ ပြုနိုင်သော အချုပ် အခြာ အာဏာ ပိုင်ဆိုင်သည့် အခွင့် အရေးများ ရှိထားကြောင်း၊ ထို့ကြောင့် အဆိုပါ ဧရိယာတွင် မည်သည့် စစ်ရေး ဆိုင်ရာ ကြားဝင် စွက်ဖက် မှုကို မဆို  တရုတ် နိုင်ငံ အနေဖြင့် လက်သင့် ခံမည် မဟုတ်ကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီး ဌာန ပြောခွင့် ရပုဂ္ဂိုလ် Geng Yansheng က ဇူလိုင်လ ၃၁ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။

သက်ဆိုင် ရာစည်း မျဉ်းများနှင့် အညီ တရုတ် နိုင်ငံ၏ တရား စီရင် ပိုင်ခွင့် အောက်ရှိ ရေပြင် ပိုင်နက် များတွင် အမြဲတမ်း တိုက်ပွဲ ဝင်အ သင့်ရှိသော ကင်းလှည့် ဆောင်ရွက် သွားမည့် အစီ အစဉ် တစ်ရပ်အား စတင် လုပ်ဆောင် နေပြီ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် မေးမြန်း ချက်အား  Geng Yansheng က ပြန်လည် ဖြေကြားခဲ့ ပါသည်။ တရုတ် နိုင်ငံ၏ ရေကြောင်း သွားလာမှု ဆိုင်ရာ အခွင့် အရေး များအား ကာကွယ် စောင့်ရှောက် ရန်နှင့် တရုတ် နိုင်ငံ၏ အချုပ် အခြာ ပိုင်နယ် မြေများအား ထိန်းသိမ်း ရန်တို့ အတွက် အဆိုပါ ကင်းလှည့် ဆောင်ရွက် သွားမည့် အစီ အစဉ်အား ဖွဲ့စည်း ထူထောင် ထားခဲ့ ခြင်းဖြစ် ကြောင်း၊ သို့သော် အခြား သော မည်သည့် နိုင်ငံ ကိုမျှ ဦးတည် ပြုလုပ် ခြင်းမ ဟုတ်ကြောင်း၊ သို့မဟုတ် သီးခြား ရည်မှန်း ချက်ထား ရှိခြင်း မရှိကြောင်း   Geng Yansheng  က ပြောကြားခဲ့ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်