Friday, August 03, 2012

ဂျပန်၏ ကာကွယ်ရေး အစီရင် ခံစာအပေါ် တောင် ကိုရီးယားက ကန့်ကွက်ခဲ့ သည်ဆိုခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments



NHK.com;July-31(Tue)
ဂျပန် နိုင်ငံ၏ နောက်ဆုံး ထုတ်ပြန် ခဲ့သော နှစ်ပတ်လည် ကာကွယ်ရေး အစီ ရင်ခံ စာတွင် ဂျပန် ပင်လယ်ရှိ အငြင်း ပွားလျက် ရှိသည့်  Islet ကျွန်းစုအား ဂျပန် ပိုင်နက် နယ်မြေ ဖြစ်သည်ဟု ဖော်ပြခဲ့ ခြင်းအား တောင်  ကိုရီးယား နိုင်ငံက ကန့်ကွက် ခဲ့ပါသည်။ ဇူလိုင်လ ၃၁ ရက် နေ့တွင် ထုတ်ပြန် ခဲ့သော ဂျပန် ကာကွယ်ရေး စက္ကူဖြူ စာတမ်း၌ Takeshimas  ကျွန်းစု ပြဿနာ ပြီးပြတ်အောင် ဖြေရှင်း နိုင်ခြင်း မရှိသေး ကြောင်းနှင့် ၄င်း ကျွန်းစုအား ဂျပန် နိုင်ငံ ကသာ ပိုင်ဆိုင် သင့်ကြောင်း ထပ်လောင်း ဖော်ပြ ထားပါသည်။

Dokdos  ကျွန်းစုနှင့် ပတ်သက်၍ အချုပ် အခြာ အာဏာပိုင် နယ်မြေ အဖြစ် ဂျပန် နိုင်ငံ၏ တောင်းဆိုမှု အပေါ် တောင်ကို ရီးယား နိုင်ငံ အနေဖြင့် စိုးရိမ် ပူပန်ကြောင်း တောင်ကို ရီးယား နိုင်ငံ ခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန် ခဲ့သော ကြေညာချက် တစ်စောင်တွင် ဖော်ပြ ထားပါသည်။ ဂျပန် နိုင်ငံ အနေဖြင့် အပြု သဘော ဆောင်သည့် တုံ့ပြန် မှုအား ချက်ချင်း လုပ်ဆောင် သင့်ကြောင်း အဆိုပါ ဝန်ကြီး ဌာနက တိုက်တွန်း ပြောကြား ခဲ့ပါသည်။ တောင်ကို ရီးယား နိုင်ငံ ခြားရေး ဝန်ကြီး ဌာနသည် အထက်ပါ ကန့်ကွက် ချက်နှင့် ပတ်သက်၍ တရားဝင် ကန့်ကွက် မှုပြု လုပ်ရန် ဆိုးလ် မြို့ရှိ ဂျပန် သံရုံး ဒုတိယ အကြီး အကဲ   Takashi Kurai  အား ဆင့်ခေါ် ခဲ့ပါသည်။ Kurai က သတင်း ထောက် များအား ပြောကြား ရာတွင် ဂျပန် ၏ရပ် တည်ချက် သဘော ထားနှင့် ပတ်သက်၍ မိမိ အနေဖြင့် ဆွေးနွေး ပြောကြား ခဲ့ပြီးဖြစ် ကြောင်း၊ အဆိုပါ ကန့်ကွက် ချက်နှင့် ပတ်သက်၍ ဂျပန် အနေဖြင့် လက်ခံ နိုင်မည် မဟုတ် ကြောင်းကို တောင်ကို ရီးယား နိုင်ငံ ခြားရေး ဝန်ကြီး ဌာန အရာရှိ များအား ပြန်လည် ဖြေရှင်း ပြောကြား ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်