Friday, August 03, 2012

ဘင်္ဂလီများ၏ လူမျိုးဝါးမျို ကျူးကျော်သိမ်းပိုက်ခြင်းကို တားဆီးနိုင်မည့် ဗျူဟာများလိုအပ်နေ (ပထမပိုင်း)

Posted by drmyochit Friday, August 03, 2012, under | No comments


နိဒါန်း
မေလနှင့် ဇွန်လ အတွင်းက ရခိုင်ပြည်တွင် ဖြစ်ပျက်ခဲ့သော စစ်သွေးကြွ ရိုဟင်ဂျာခေါ် ဘင်္ဂလားဒေ့ခ်ျမှ တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ ရခိုင်များကို အကြမ်းဖက်သတ်ဖြတ်ကာ ရွာများကို မီးတိုက် ဖျက်ဆီးခဲ့ခြင်းသည် သွေးရိုးသားရိုး မဟုတ်ကြောင်း အား လုံး  သိရှိပြီးဖြစ်ပါသည်။ လူ့အခွင်အရေး အရေခြုံပြီး ရခိုင်ပြည်ကို ကျုးကျော်သိမ်း ပိုက်ရန်ခေတ်သစ်လှုပ်ရှားမှုတစ်ခုဖြစ်သည်။
ပြည် တွင်း အခြေစိုက် အင်ဂျီအိုများ၊ ပြည်ပ အင်ဂျီအိုများ နှင့် ပြည်ပအခြေစိုက် ရိုဟင်ဂျာခေါ် ဘင်္ဂလီများ စနစ်တကျ လှုပ်ရှား နေကြခြင်းဖြစ်သည်။ AZG, UNHCR, WFT, အပါအ၀င် တခြား INGOs၊ NGOs အမှု့ထမ်းများကို ထိုကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေး၊ တရားခွင်တင်ထားပြီး ဖြစ်ပါသည်။ သို့ရာတွင် အမျိုးသားလုံခြုံရေးကို ထိပါး စိန်ခေါ်နေသည့် ထိုအကြမ်းဖက် သမားများနှင့် သီးခြားရိုဟင်ဂျာ နိုင်ငံ ထူထောင်ရန်ကြိုးစားနေခြင်းကို ကာကွယ်တားဆီးရန်မှာ ဤမျှနှင့် မလုံလောက်သေးပေ။ အစိုးရအနေဖြင့် တိကျခိုင်မာသည့် (proactive strategy) ဗျူဟာများချမှတ် လုပ်ဆောင်ရန် လိုအပ်ပေသည်။ ရခိုင်အဖွဲ့အစည်းများ ပြည်သူများ ညီ၏ညွတ်စွာ စနစ်တကျလုပ်ဆောင် ကာကွယ်ရန် လိုအပ်ပေသည်။



  အစိုးရ၏ဖြေရှင်းချက်များ
မကြာသေးမှီက မြန်မာပြည်သို့ ရောက်ရှိလာသည့် UNHCR (ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး) Antonio Guterres {အန်တိုနီယို ဂူတရီး(စ်)} နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေဆုံရာတွင် ၄င်းဘင်္ဂလီများအတွက် ဒုက္ခသည် စခန်းများ ဖွင့်ပေးရန်နှင့် တတိယနိုင်ငံ (သို့မဟုတ်) လက်ခံသည့်နိုင်ငံများရှိပါက UNHCR မှတာဝန်ယူ ပို့ဆောင်ပေးရန် တောင်းဆိုခဲ့သည်။ ထိုသို့တောင်းဆိုခဲ့သည့် အတွက် ရခိုင်လူမျိုးများ သမ္မတကို ချီးကျူး ကျေးဇူးတင်ခဲ့ကြသည်။ ပြည်သူ့ဆန္ဒအတိုင်း ရပ်တည်ခဲ့သည်ဟု ခံယူခဲ့ကြသည်။ ထိုဖြေရှင်းနည်းမှာ လက်တွေ့ မကျကြောင်းကို သမ္မတသိရှိပြီးဖြစ်ပါသည်။ ချက်ချင်းဆိုသလိုပင် ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးက အဆိုပါတင်သွင်းချက်ကို ပါယ်ချခဲ့သည်။ UNHCR အနေဖြင့် ထိုသို့သော နိုင်ငံထဲတွင် နေထိုင် သူများကို ဒုက္ခသည် စခန်းဖွင့်ကာ နိုင်ငံတကာသို့ ပို့ဆောင်ရန်မဖြစ်နိုင်ကြောင်း ထောက်ပြခဲ့သည်။ ထိုသို့ဆိုပါလျှင် အစိုးရ၏ နောက်ကွယ်တွင် မည်သည့်မြုတ်ကွက်များ ရှိနေသနည်းဆိုသည်ကို လေ့လာ ဆန်းစစ်ရန် လိုပါသည်။
နောက်ကွယ်တွင်ဘာတွေရှိသနည်း
မကြာသေးမှီက ပြည်ထဲရေးဒုဝန်ကြီး ရခိုင်ကိုရောက်ခဲ့စဉ်က ရခိုင်မြို့မိ မြို့ဖများနှင့် စစ်တွေတွင် တွေ့ဆုံရာ၌ ရခိုင်နှင့် ဘင်္ဂလီပြဿနာတွင် အစိုးရအနေဖြင့် ဒိုင်လူကြီးလုပ်မည်ဟု ပြောကြားခဲ့သည်။ တဖန် နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမောင်မြင့် ဘင်္ဂလားဒေခ်ျ့ နိုင်ငံသို့ သွားရောက်စဉ်က ဘင်္ဂလီဒုက္ခသည် (၂၄၀၀၀)နှင့် အထောက်အထား မရှိသည့် ကျန် ၄ သိန်းကို ပြန်လက်ခံခေါ်ယူမည် ဖြစ်ကြောင်း ကတိပေးခဲ့သည်။
မကြာသေးမှီက နိုင်ငံရေးပါတီ (၁၀) ခုနှင့် သမ္မတ ဦးသိန်းစိန်တွေ့ ဆုံရာတွင် ရခိုင်အမျိုးသား တိုးတက်ရေး ပါတီ အတွင်းရေးမှူး ဦးလှစောက ထိုဘင်္ဂလီကိစ္စနှင့်ပတ်သက်ပြီး အချက်(၂)ချက်တင်ပြခဲ့သည်။ (၁)ရခိုင်တွင် တခြား တိုင်းရင်းသား ပြည်နယ်များကဲ့သော အမျိုးသားကာကွယ်ရေးတပ် ဖွဲ့စည်းပေးရန်နှင့် (၂) ဘင်္ဂလီများ အကြောင်းကို နိုင်ငံတကာအသိုင်းအ၀ိုင်းများ၊ သံရုံးများ နားလည်မှုလွဲမှားနေသည့်ကိစ္စကို ရှင်းလင်းနိုင်ရန် နိုင်ငံတကာနှင့် ပြည်တွင်းပညာရှင်များစုပေါင်းကာ နယ်ပြည်တော်၌ သမိုင်းရှင်းလင်းပွဲ တစ်ခုလုပ်ပေးရန် တင်ပြခဲ့သည်။ သမ္မတ ဦးသိန်းစိန် ဖြေကြားရာတွင် ဘင်္ဂလီရိုဟင်ဂျာကိစ္စသည် အလွန်တရာ ရှုပ်ထွေးသည့် ကိစ္စဖြစ်သည်။ သူ့ အနေဖြင့် UNHCR အကြီးအကဲနှင့်တွေ့ဆုံစဉ် အစိုးရ၏ သဘောထားဖြစ်သည့် လက်ခံ မည့်နိုင်ငံများရှိလျှင်ပို့ပေးရန် တင်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရခိုင်အမျိုးသားကာကွယ်ရေးတပ် ထားရှိရေးကိုမူ မည်သည့်သဘောထားမှ မပေးခဲ့ပေ။ ရခိုင်သမိုင်းရှင်းလင်းပွဲကိုမူ တစ်ခွန်းမှ မဖြေခဲ့ပေ။
တချိန်တည်းတွင် ရခိုင်ပြည်နယ်မှာ ဇွန်လအတွင်း၌ အကြမ်းဖက်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ဘင်္ဂလီများနှင့် ရခိုင်များကို တချို့နေရာများတွင် သီးခြားခွဲထုတ် နေရာချပေးလျှက်ရှိသည်။ ဤကိစ္စသည် ရည်တိုတွင် ကောင်း သည်ဟု ရခိုင်အများစု လက်ခံကြသော်လည်း ရည်ရှည်တွင် ဘင်္ဂလီများကို စုပေးသကဲ့သော ဖြစ်လာနိုင်သည်။ ရခိုင်နှင့် ဘင်္ဂလီများအကြား သွေးထွက်သံယို အကြမ်းဖက်မှုများ ပိုမိုဖြစ်လာစေရန် တစ်ဖက်ကို အင်အား စုပေးသကဲ့သို့ ဖြစ်လာနိုင်ပါသည်။ နောက်ဆုံးတွင် အစိုးရသည် ရိုဟင်ဂျာ သီးခြားအုပ်ချုပ်နယ်မြေ သတ် မှတ်နိုင်ရန် ထောက်ပြစရာများ ဖြစ်မလာနိုင်ဟု မည်သူမှ တပ်အပ်မပြောနိုင်ပေ။
 ဘင်္ဂလီများ လူဦးရေတိုးပွား ၀ါးမျိုရေး ဗျူဟာ
နိုင်ငံတကာရှိ ရိုဟင်ဂျာခေါ် ဘင်္ဂလီ အဖွဲ့ အစည်းများသည် နိုင်ငံတကာတွင် ရိုဟင်ဂျာ (၂.၅)သန်းရှိပြီး ရခိုင်ပြည်နယ်တွင်(၁.၅)သန်းရှိသည်ဟု နိုင်ငံတကာ အဖွဲ့ အစည်းများ၊ အာရပ်နှင့် အနောက်တိုင်း သတင်း စာများတွင် ရေးသားဖေါ်ပြနေကြသည်။ မြန်မာနိုင်ငံအစိုးရမှ ၄င်းဘင်္ဂလီများကို ပြန်ခေါ်ရန် UNHCR/ASEAN/ IOC အပါအ၀င် နိုင်ငံတကာ အဖွဲ့ အစည်းများမှတဆင့် ဖိအားပေး တောင်းဆိုနေကြသည်။
၎င်းတို့ဖေါ်ပြချက်အရ ဆိုဒီအာရေဘီးယားတွင် (၁.၅)သန်း၊ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတွင်(၅)သိန်း၊ မလေးရှားတွင် (၂)သိန်း၊ ထိုင်းနိုင်ငံတွင် (၁)သိန်းနှင့် အိန္ဒယ၊ ဂျပန်၊ ကိုးရီးယား၊ ဥရောပ၊ အမေရီကန်တွင် (၂)သိန်းရှိသည်ဟု ပြောဆိုနေကြသည်။ ၄င်းတို့ အဆိုအရ ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂလီများကို ထည့်ပေါင်းလျှင် လူဦးရေ (၄) သန်းကျော်ရှိနှိင်သည်။ ရခိုင်လူဦးရေထက်ပင် များပြားနေပါသည်။ ထိုသော ပြောဆို ဖိအားပေးကာ ရိုဟင်ဂျာ ဆိုသူများကို မြန်မာအစိုးရက လက်ခံ၍ ပြန်လည်နေရာချထားရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။
ဘင်္ဂလီလူဦးရည် (၃) သန်းကို မြန်မာအစိုးရက နေရာပြန်လည်ချထားပေးမည်ဆိုလျှင် ရခိုင်ပြည်ကို လူဦးရေ ၀ါးမျိုခြင်းဗျူဟာဖြင့် အလိုအလျှောက် သိမ်းပိုက်ပြီးသားဖြစ်နေပါသည်။ ရခိုင်ပြည်တွင် ရှိပြီးသားဘင်္ဂလီများနှင့် ထပ်ပေါင်းပါက ၄င်းတို့၏ လူမျိုးဝါးမျို သိမ်းပိုက်ရေး အကြံအစည် အောင်မြင်ပြီးဖြစ်သည့်အတွက် ထိရောက် သည့် နည်းဗျူဟာတစ်ခုဖြစ်သည်။
ဥပမာတခုအားဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်များက ဂျူးနိုင်ငံ အစ္စရေး ကိုပြန်လည် ထူထောင်ခဲ့သည့်သမိုင်းကို ပြန်ကြည့်နိုင်ပါသည်။ ၁၉၃၂ ခု နောက်ပိုင်းတွင် ဥရောပ၊ အမေရိကား၊ ရုရှားတို့မှ ဂျူးလူမျိုးများကို ယခုအစ္စရေး နိုင်ငံသို့ ပြောင်းရွှေ့ အခြချ နေထိုင်ရန် ဂျူးနိုင်ငံရေးသမားများ၊ တော်လှန်ရေး အဖွဲ့အစည်းများ၊ ချမ်းသာကြွယ် ၀သူများနှင့် ပညာတတ်များဦးဆောင်၍ စီမံအကောင်အထည်ဖေါ်ခဲ့ကြသည်။ ၁၉၄၈ ခု အစ္စရေးနိုင်ငံ ထူထောင်ပြီးချိန်မှစ၍ ယခုတိုင် ဂျူးလူမျိုးများကို အစ္စရေးနိုင်ငံတွင် ပြောင်းရွှေ့ အခြေချနေထိုင်ကြရန် လမ်းဖွင့် ကူညီလျှက်ရှိပါသည်။
လွန်ခဲ့သည့် နှစ် ၂၀၀ ကျော်က အမေရိကန်နိုင်ငံအဖြစ် ပေါ်ထွန်းလာသည့် သမိုင်းကို ကြည့်ခြင်းအားဖြင့်လည်း အလားတူ ပြည်ပေါက်လူဖြူများ သီးသန့်ထူထောင်ခြင်းမျိုး မဟုတ်ကြောင်း တွေ့ရှိရပေသည်။ ၁၄၉၂ ခုနှစ်တွင် ကိုလန်ဘ(စ်) အမေရိကားတိုက်ကို စတင်တွေ့ရှိသည့် အချိန်မှစ၍ ဒေသခံ အသားနီ အိန္ဒိယလူမျိုးများကို ဥရောပမှ ပြောင်းရွှေနေထိုင် အခြေချလာသူများက ၀ါးမျိုအုပ်ချုပ် နိုင်ငံသစ်ထူထောင်ခဲ့ကြသည်။ ပထမ ကမ္ဘာ စစ်နှင့် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းတွင် ဥရောပတိုက်သားများ အမေရီကန်နိုင်ငံသို့ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့ အခြေချနေထိုင်လာကြသည်။
အလားတူပင် တောင်အာဖရိကတွင် လူဖြူများက လူမဲများကို လူမျိုးဝါးမျို သိမ်းပိုက်ရန်ကြိုးစားခဲ့ကြသည်။ မန်ဒေလား အပါအ၀င် လူမဲခေါင်းဆောင်များ ပုန်ကန်ထကြွ တိုက်ပွဲဝင်ခဲ့ကြသောကြောင့် အာဖရိကနိုင်ငံတွင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေထိုင်သည့် (rainbow color nation) ပေါ်လစီကို အေအင်စီမှ ချမှတ် ကျင့်သုံး ခဲ့ရသည်။
ရခိုင်ပြည်တွင်လည်း အင်္ဂလိပ်စစ်တန်းများအရ ၁၉၁၁ ခုနှစ်တွင် ကမန် နှင့် ပျံကျ ဘင်္ဂလီ လယ်ကူလီများ အပါ အ၀င် မူဟာမတ်ဒင် ကိုးကွယ်သူ မူဆလင် (၁၇၈၆၄၇)ဦးရှိပြီး ၁၉၉၀ ခုနှစ်တွင် မြန်မာအစိုးရမှတ်တမ်းများအရ ဘင်္ဂလီ (၃)သိန်းကျော် ရှိသည်ဟု ဖေါ်ပြခဲ့ကြသည်။
၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ် နှစ်ပေါင်း၂၀ အတွင်း ဘင်္ဂလီ (၃)သိန်းမှ (၄)သန်းအထိ တိုးပွာလာခြင်းသည် ရာခိုင်နှန်းဖြင့် တွက်ကြည့်လျှင် ၁၁၀၀ ရာခိုင်နုန်း လူဦးရေ တိုးပွာနေကြောင်း ယုတ္တိမတန် တွေ့ရပေသည်။ လူဦးရေ သန်း ၁၈၀ ကျော်ရှိသည့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၌ပင် နှစ်စဉ်လူဦးရေ တိုးပွားနုန်းမှာ (၄.၁ )ရာခိုင်နှုန်းသာ ရှိသည်။
၎င်း (၃)သန်းကျော်သော နိုင်ငံတကာရောက် ရိုဟင်ဂျာများ၏ အသက်မှာ (၂၅)နှစ် မှ (၄၀)ကျော်များ ဖြစ်ကြောင်း တွေ့ရှိရပေသည်။ သို့ဆိုပါလျှင် ထိုဘင်္ဂလီများသည် ၁၉၉၀ ခုနှစ်နောက်ပိုင်းမတိုင်မှီ မွေးဖွားလာ သူများ မဖြစ်နိုင်ပေ။ ၁၉၉၀ ခုနှစ်မတိုင်မှီကာလတွင် မွေးဖွားခဲ့သူများဆိုလျှင် ယခုအချိန်တွင် အသက် ၁၈ နှစ်အောက်သာ ရှိနိုင်ပါသည်။ တဖန် ၁၉၉၀ ခုနှစ်၊ အစိုးရ မှတ်တမ်းနှင့် ဘင်္ဂလီများမှတ်တမ်းမှာ အဆမတန် ကွာဟ နေပါသည်။
UNHCR မှတ်တမ်းများအရ ၁၉၉၀-၉၂ ခုနှစ်များတွင် ဘင်္ဂလားနိုင်ငံသို့ ထွက်ပြေးခဲ့သည့် ဘင်္ဂလီများမှာ (၂၁၀၀၀၀)မှ (၂၅၀၀၀၀)အကြား ရှိနိုင်သည်ဟု ဖေါ်ပြထားသည်။ သို့ရာတွင် ဇူလိုင်လအတွင်းက ဘင်္ဂလား နိုင်ငံခြားရေး ၀န်ကြီးမှ မြန်မာသံအမတ်ကို ခေါ်ယူတွေ့ ဆုံစဉ်က ဘင်္ဂလီ ဒုက္ခသည် (၅)သိန်းကို အမြန်ဆုံး လက်ခံခေါ်ယူရန် တိုက်တွန်းခဲ့သည်။ ဇွန်လအတွင်းက ဒုနိုင်ငံခြားရေးဝန်ကြီးကို ဘင်္ဂလားဒေ့ခ်ျ နိုင်ငံခြားရေး ဒုဝန်ကြီး မစ်တာ မူဂျယရူကွန်ယီက ပြောကြားရာတွင် ဘင်္ဂလီ(၄)သိန်းကို ပြန်ခေါ်ယူရန်ပြောကြားခဲ့သည်။ တစ်လအတွင်းတွင် ဘင်္ဂလီဒုက္ခသည် (၁)သိန်း ထပ်မံတိုးပွားနေသည်ကို တွေ့ ရှိရပေသည်။ UNHCR စစ်တန်းအပြင် ၁၀ နှစ်အတွင်း ဘင်္ဂလီ ဒုက္ခသည် ၃ သိန်းနီးပါး ထပ်မံ တိုးပွားခဲ့သည်ဟု ကောက်ချက်ချနိုင်သည်။  
ထိုသို့ လူဦးရေတိုးပွာနေရာချ သိမ်းပိုက်ရေး အစီအစဉ်ကို ရိုဟင်ဂျာခေါ် ဘင်္ဂလီအဖွဲ့ အစည်းများက လုပ်ဆောင်နေကြသည်သာမဟုတ်၊ အစ္စလမ်နိုင်ငံများကပါ တစ်ထပ်တည်း လုပ်ဆောင်နေကြသည်။ ဘင်္ဂလားဒေ့ခ်ျအပါအ၀င်၊ ပါကစ္စတန်၊ အာဖကန်၊ အီရန်၊ အီဂျစ်၊ တူရကီနှင့် အင်ဒိုနီးရှား၊ မလေးရှား အစရှိသည့် အစ္စလာမ်နိုင်ငံများ၊ အဖွဲဝင်(IOC) ၅၇ နိင်ငံများကပါ မြန်မာနိုင်ငံမြောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ၁ရိုဟင်ဂျာ အစ္စလာမ်နိုင်ငံသစ်တစ်ခု ပေါ်ပေါက်လာစေရန် အားပေး အားမြောက်ပြုလျှက် ရှိကြသည်။ ဘင်္ဂလားဒေ့ခ်ျအစိုးရ စစ်တကောင်းဘင်္ဂလီများကပါ ထိုစီမံကိန်း အကောင်အထည်ပေါ်လာစေရန် လက်တွေ့ လုပ်ဆောင် နေကြသည်။
ယခုဆိုလျှင်အာရပ်ကမ္ဘာတစ်ခုလုံးတွင် ရခိုင်ပြည်သည် ရိုဟင်ဂျာတိုင်းပြည်အဖြစ် လက်ခံလာကြသည်။ ရိုဟင်ဂျာမူဆလင်များကို တရားမ၀င်နေထိုင်သည့် ဗမာမျိုးနွယ် ရခိုင်နာဇီများက အမျိုးဖြုတ်သတ်ဖြတ်နေ ကြသည်ဟု ၀ါဒဖြန့် ချီနေကြသည်။
ထိုအကျိုးဆက်မှာ သူတို့၏ ပင်ကိုယ်မူလ ဗီဇဖြစ်သည့် အကြမ်းဖက်သည့်နည်းဖြင့် Rohingya issue တွင်ကျယ်လာစေရန် ရခိုင်များကို တိုက်ခိုက်လာနိုင်သည်။
အာရပ်နှင့် နိုင်ငံတကာ မီဒီယာများကို အသုံးချလာခြင်း
ရခိုင်တွင် ဇွန်လအတွင်း အကြမ်းဖက်မှုနောက်ပိုင်း ပါကစ္စတန်၊ အီရန်၊ ဒူဘိုင်း၊ တူရကီ သတင်းစာများတွင် သာ မက နယူးယောက်တိုင်း၊ ၀ါရှင်တန်ပေါ(စ်) နှင့် အခြားသော သတင်းဌာနများတွင် မူဆလင်များမှ အေဒီတာ ထင်မြင်ချက် စာမျက်နှာများတွင် ရခိုင်လူမျိုးသည် လူမျိုးရေးသွေးခွဲသူများ၊ အကြမ်းဖက်သမားများ၊ နာဇီများဖြစ်ကြသည်။ အစိုးရ အာဏာပိုင်များ နှင့် ရခိုင်များ ပူးပေါင်းကာ ရိုဟင်ဂျာ (၃)သောင်းကို မျိုးဖြုတ် သတ်ဖြတ်ကာ လူ (၃)သိန်းကို နာဇီစခန်းသွင်း ကွက်မျက်နေ ကြကြောင်း လိမ်ညာရေးသား ၀ါဒဖြန့်ချီ လှုံဆော်နေကြသည်။ ရုပ်သံသတင်းများ၊ ရေဒီယိုများ သတင်းစာများတွင် ခေါင်းစီးသတင်းများအဖြစ် ဖေါ်ပြကာ တီဗီအင်အာဗျူးများ ကျယ်ပြန့်စွာ
လုပ်ဆောင်လျှက်ရှိကြသည်။
  မြန်မာပိုင်းအစီအစဉ် သတင်းဌာနများဖြစ်သော RFA, DVB, BBC, VOA, Irrawady, နှင့် Mizzima သတင်းဌာနများကလည်း အလားတူ စွပ်စွဲ ရေးသားဖေါ်ပြနေကြသည်။
တချို့သတင်းမီဒီယာများတွင် တိဘက် ဘုန်းတော်ကြီးများ ငလျှင်လှုပ်ရာတွင် သေဆုံးသူများကို အစုလိုက် အပြုံလိုက် သင်္ဂြလ်ရန် ပြင်ဆင်နေသည့်ပုံများကို ဗုဒ္ဓဘာသာမြန်မာများက မူဆလင် ရိုဟင်ဂျာများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေကြ ကြောင်းဖေါ်ပြခဲ့ကြသည်။ နောက်ဆုံးတွင် ၁၉၉၀ ခုနှစ်က ထိုင်းနိုင်ငံသို့ စက်လှေ ဖြင့် ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံသားများကို ထိုင်းရေတပ်က ဖမ်းဆီးထားသည့်ပုံမှအစ ပါကစ္စတန်တွင် ဗုံးဖေါက်ခွဲ၍ သေဆုံးသူမျာ ပုံအဆုံး ပြသကာ သတင်းမီဒီယာများ၊ ဖေ့(စ်)ဘုတ်၊ တွစ်တာအဆုံး ရေးသားဖေါ်ပြ နေကြသည်။
ရိုဟင်ဂျာဟု ကိုယ်ဖာသာကိုယ် ဆိုင်းဘုတ်တင်ထားသည့် အကြမ်းဖက် အစွမ်းရောက် အဖွဲ့ အစည်းများ ထိုသောလုပ်ဆောင်ရခြင်း၏ မျှော်မှန်းချက်မှာ မူဆလင်အစွမ်းရောက်များ၊ အစ္စလာမ်နိုင်ငံများမှ ငွေကြေးအကူအညီ ထောက်ခံမှုနှင့် အကြမ်းဖက် လုပ်ရပ်များတွင် အထောက်အကူရရှိရန်၊ ကိုယ်တိုင် ပါဝင်ကြရန် ဖြစ်သည်။ အခွင့်သာလျှင် နိုင်ငံတကာက ၀င်စွက်ရန်အထိတစ်ဆင့်တက်လှမ်းရန် ဖြစ်သည်။
မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲနှင့် ရောယောင်တွက်ချက်ခြင်း
၁၉၈၈ ခု နောင်ပိုင်းကာလတွင် အာရပ်နိုင်ငံများ၏ ငွေကြေးထောက်ပံ့မှုနှင့် အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ(င်္ချ့ ) နှင့် ပါကစ္စတန်နိုင်ငံများ၏ ထောက်ခံမှုဖြင့် ရိုဟင်ဂျာခေါ် ဘင်္ဂလီ အစွမ်းရောက်အဖွဲ့ အစည်းများ အင်အား ကြီးထွား လာခဲ့သည်။ မြန်မာစစ်အာဏာရှင်များကို နိုင်ငံတကာမှ ရှုပ်ချ ဒဏ်ခပ်မှုများ လုပ်ဆောင်နေကြသော အချိန် ဖြစ်သည်။ ၄င်းအချိန်က ထိုအစွမ်းရောက်များသည် ဒီမိုကရေစီပြန်လည်တည်ဆောက်ရေး၊ လူ့အခွင့် အရေးကို ခေါင်းစီးတပ်လှုပ်ရှားလာခဲ့ကြသည်။ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း သမ္မတ ဦးသီန်းစိန်အစိုးရမှ ဒီမိုကရေစီ တည်ဆောက်ရေး၊ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရေး ပေါ်လစီများ ချမှတ်လုပ်ဆောင်နေသည်ကို အခွင့်ကောင်းယူကာ ရိုဟင်ဂျာ Issue ကို မီးမောင်းထိုးရန်နှင့် ၄င်းတို့ လိုလားသည့် ရိုဟင်ဂျာ တိုင်းရင်းသား အသိအမှတ်ပြုရေးကို ဦးစားပေး အကောင်အထည်ဖေါ်ရန် ဗျူဟာများချမှတ်လုပ်ဆောင်လာကြသည်။ အစိုးရ၏ reform စီမံကိန်းကို အနှောင့်အယှက်ပေးရန်နှင့် ရခိုင်များကို အကြမ်းဖက်တိုက်ခိုက်ကာ ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်မှုများ ဖန်တီးရန်ဖြစ်သည်။ ထိုအခါ ရိုဟင်ဂျာကိစ္စအား အစိုးရမှ တစ်စုံတစ်ရာဖြေရှင်းယူရသည့် အဆင့် အကျပ်ရိုက်လာ စေရန်နှင့် အာရပ်ကမ္ဘာနှင့် နိုင်ငံတကာမှ ဖိအားပေးလာရန် ဖြစ်သည်။
သို့ရာတွင် အနောက်၊ ဥရောပနှင့်ကို မကိုင်တွယ်နိုင်လျှင် ၄င်းတို့၏ နိုင်ငံတကာဖိအားပေး ၀င်စွက်ရေး မျှော်လင့်ချက်မှာ ထင်သလောက် ထိရောက်မှုမရှိနိုင်ပေ။ မြန်မာအစိုးရအနေဖြင့် ထိုသော နိုင်ငံတကာ ၀င်ရောက်စွက်ဖက်မှု မဖြစ်လာစေရန် ကြိုတင်ကာကွယ် လုပ်ဆောင်ရန်လိုအပ်လာပါသည်။
ဒုတိယပိုင်းကိုလည်း ဆက်လက်ဖော်ပြ ပေးသွားပါမည်။
http://myanmartharkaung.blogspot.com/ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်