Friday, August 03, 2012

မြောက် ကိုရီးယား နိုင်ငံသည် အမေ ရိကန် နိုင်ငံအား ရင်ဆိုင် နိုင်ရေး အတွက် နျူက လီးယား လက်နက် တိုက်များ တည်ဆောက် သွားမည်ဟု ပြောကြား လိုက်ခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments


Yonhapnews.com;July-31(Tue)
မြောက် ကိုရီးယား နိုင်ငံသည် ၄င်း၏ ကွန် မြူနစ် အစိုး ရအား ဖြုတ် ချရန် ကြိုးစား နေသည့် အမေ ရိကန် နိုင်ငံ အပေါ် ၄င်း တို့၏ နျူ ကလီး ယား စွမ်းရည် များကို ပိုမို တိုးမြှင့် လုပ်ဆောင် မှုများဖြင့် တုံ့ပြန် သွားမည် ဟု ဇူလိုင် လ ၃၁ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။  မြောက် ကိုရီးယား နိုင်ငံ ခြားရေး ဝန်ကြီး ဌာန ပြောရေး ဆိုခွင့် ရှိသူက ပြောကြား ရာတွင် အမေ ရိကန် နိုင်ငံ၏ ရန်လို သည့် အပြုအမူ များအ ပေါ် တုံ့ပြန် သည့်အ နေဖြင့် အထက်ပါ ဆုံးဖြတ် ချက်အား  ခိုင်ခိုင် မာမာ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း မြောက် ကိုရီးယား ဗဟို သတင်း ဌာန အေဂျင် စီ၌ ထုတ်ဖော် ပြောကြား ခဲ့ပါသည်။ မြောက် ကိုရီးယား နိုင်ငံ သည် အခြား နိုင်ငံ များနှင့် အသက် မွေးဝမ်း ကျောင်း အလုပ် အကိုင် အခွင့် အလမ်း ဆိုင်ရာများ ဆွေးနွေး နေစဉ် အမေ ရိကန် နိုင်ငံမှ ၄င်းတို့၏ စီးပွား ရေးဖွံ့ ဖြိုးမှုနှင့် အသက် မွေးဝမ်း ကျောင်းမြှင့် တင်ရေး ကိစ္စရပ် များနှင့် ပတ်သက်၍ ပြင်းပြင်း ထန်ထန် ပိတ်ဆို့ ဆောင်ရွက် မှုများ ပြုလုပ် ခဲ့ကြောင်း ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

မြောက် ကိုရီးယား အနေဖြင့် ၄င်း တို့၏ စီးပွား ရေးဖွံ့ ဖြိုးရေး အတွက် အမေ ရိကန်၏ အကူ အညီ မလို ကြောင်းနှင့် ၄င်း တို့၏ နျူ ကလီးယား စွမ်းရည် များနှင့် နည်းလမ်း များကို တိုးမြှင့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အဆိုပါ ပြောဆို ခွင့်ရှိ သူက ပြောကြား ခဲ့ပါသည်။ မြောက် ကိုရီးယား နိုင်ငံ သည် အမေ ရိကန် နိုင်ငံ၏ အရေးယူ ပိတ်ဆို့ မှုများ ရင်ဆိုင် နေရ သော်လည်း စွမ်းရည် ပြည့်ဝသော ဆိုရှယ် လစ်နိုင်ငံ အဖြစ် ဧကန် မုချ တည်ဆောက် သွားမည် ဖြစ်ကြောင်း မြောက် ကိုရီးယား အရာရှိ တစ်ဦးက ဆက်လက် ပြောကြား ခဲ့ပါသည်။

အမေ ရိကန် သမ္မတ ဘားရက် အိုဘား မားက မြောက် ကိုရီး ယားနှင့် အတူ အီရန် နိုင်ငံ တို့၏ နျူ ကလီးယား လက်နက် များဖြင့် ကမ္ဘာအား ခြောက်လှန့် ရန်ကြိုး ပမ်းနေ မှုအား ခွင့်ပြု မည်မ ဟုတ်ကြောင်း ယခင် အပတ်က ပြောကြား ခဲ့ပါသည်။ အမေ ရိကန်၏ ရန်လို မှုများအား တုံ့ပြန် သည့်အ နေဖြင့် မြောက် ကိုရီးယား မှ အထက်ပါ နျူ ကလီးယား ရည်မှန်း ချက်ဆိုင် ရာဆုံး ဖြတ်ချက်အား ခိုင်ခိုင် မာမာ ချထား ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်