Friday, August 03, 2012

မီးသတ်ယာဉ်အစီး ၁၀၀ တင်သွင်းမည်

Posted by drmyochit Friday, August 03, 2012, under | No comments


From : .The Voice

မြန်မာနိုင်ငံတစ်ဝန်းရှိ မီးသတ် စခန်းများ၌ လိုအပ်ချက်ရှိနေသော မီးသတ်ယာဉ်အသစ်အစီး ၁၀၀ကို မီးသတ်ဦးစီးဌာနက တင်သွင်းမည် ဖြစ်ရာ ပထမအသုတ်အနေဖြင့် အစီး ၂၀ ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တင်ဒါတင် သွင်းရမည်ဖြစ် ကြောင်း မီးသတ်ဦးစီးဌာနရုံးချုပ်မှ ထုတ်ပြန်ကြေညာချက်များအရ သိရှိရသည်။

မီးသတ်ဦးစီးဌာနတွင် ဇူလိုင်လ ၁၆ ရက်နေ့တွင်ပြုလုပ်သော အိတ်ဖွင့် တင်ဒါအရ ရေဂါလန် ၈၀၀ မှ ၁၂၀၀ ဆံ့ မီးသတ်ယာဉ် အသစ် ၁၀၀ စီးကို ပစ္စည်း ၀ယ်ယူမှု စိစစ်ရေးကော်မတီက ရွေးချယ်ခွင့်ပြုခဲ့သည့် ကုမ္ပဏီအနေဖြင့် ယင်းမီးသတ်ယာဉ်များကို ငါးကြိမ် ထက် မများသော အသုတ်အလိုက်ဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ အပြီးပေးသွင်းရမည်ဖြစ် ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိ သည်။


မီးသတ်ယာဉ်တင်သွင်းခွင့်နှင့် ပတ်သက်၍ နိုင်ငံတော်က ခွင့်ပြုသတ် မှတ်ပေးသော တစ်စီးလျှင် ကျပ်သိန်း ၂၂၀ နှုန်းထက်နည်းသော ကျပ် ၁၉၆ သိန်းဖြင့် တင်သွင်းရန်ရှိကြောင်း၊ ယင်းတင်သွင်း လာခြင်းအပေါ် အခွန်ကင်းလွတ်ခွင့် ပြုသော်လည်း ပင်ရင်းမှ ဖြတ်တောက် ပေးသွင်းရမည့်အခွန် ၂ ရာခိုင်နှုန်း ဖြတ်တောက်ခြင်းကို ကုမ္ပဏီမှ သဘောတူရမည်ဖြစ်ကြောင်း ယင်းတင်ဒါ စည်းကမ်း ချက်အရ သိရှိရ သည်။

တင်သွင်းလာမည့် မီးသတ်ယာဉ် များမှာ ပြည်တွင်းစက်မှုဇုန်ထုတ် မီးသတ်ယာဉ်များ လုံးဝမဟုတ်ကြောင်း နှင့် အရည်အ သွေးမြှင့်ထုတ်လုပ်ထား သော ခေတ်မီမီးသတ်ယာဉ်များဖြစ် ကြောင်း၊ တင်သွင်းခွင့်ရရှိသော ကုမ္ပဏီ မှ တာဝန်ယူရမည်ဖြစ်ပြီး ယခုတင်သွင်း လာမည့် မီးသတ်ယာဉ်အစီး ၁၀၀ ကို မြန်မာတစ်နိုင်ငံလုံးသို့ နိုင်ငံတော်က ချမှတ်ထားသော ငါးနှစ်စီမံကိန်းအရ ပထမနှစ်အတွင်း ခွဲတမ်းချပေးပို့သွားရန် ရှိကြောင်း မီးသတ်ဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ မီးသတ်ယာဉ်များကို မီး သတ်ယာဉ်နှစ်စီးဆံ့ (နှစ်ယူနစ်) စခန်း ၁၀၃ ခုတွင် ဖြည့်ဆည်းသွားမည်ဖြစ် ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မီးသတ်စခန်းပေါင်း ၃၅၇ ခု၊ မီးသတ် ယာဉ်ပေါင်း ၁၂၀၀ ခန့်၊ အုပ်ချုပ် မှုနှင့် အထောက်အကူပြုယာဉ် ၆၀၀ နီးပါးရှိ ကြောင်း မီးသတ်ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်