Xinhuanet.com;Aug-1(Wed)
အစ္စရေး နိုင်ငံ အနေဖြင့်
အီရန် နိုင်ငံ၏ နျူက လီးယား အဆောက် အဦ များအား တိုက်ခိုက်ရန်၊ သို့မဟုတ် တိုက်ခိုက်
ခြင်းမ ပြုရန် စဉ်းစား နေဆဲ ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန် ယာဟုက ဇူလိုင်လ
၃၁ ရက်နေ့တွင် အစ္စ ရေး၏ Channel
2 ရုပ်
/ သံ လိုင်းနှင့် ပြုလုပ်သော အင်တာဗျူး တစ်ခုတွင် ပြောကြား ခဲ့ပါသည်။ ထို့ပြင် အစ္စရေး
စစ်ဘက် အနေဖြင့် အီရန်ကို တိုက်ခိုက် မည့်အစီ အစဉ်အား ထောက်ခံ မှုမရှိ ဆိုသော သတင်း
ကိုလည်း နေတန် ယာဟုက ငြင်းဆိုခဲ့ ပါသည်။ အီရန် နိုင်ငံ၏ ခြိမ်းခြောက် မှုများ ရှိလာ
ပါက နိုင်ငံ ကာကွယ် ရေးအတွက် ပါဝင် လာမည့် အစ္စရေး နိုင်ငံသား များကို ရေတွက် ၍ပင် ရနိုင်
မည်မဟုတ် ကြောင်း နေတန် ယာဟုက ပြောကြားခဲ့ ပါသည်။ အစ္စရေး စစ်ဘက် အရာ ရှိများမှ အီရန်အား
တိုက်ခိုက် ရန် ဖြစ်နိုင် ချေရှိမှု အပေါ် ကန့်ကွက် လျက်ရှိ သည်ဟူသော ကန ဦးပေါ် ထွက်ခဲ့သော
သတင်းများ ကိုလည်း နေတန် ယာဟုမှ ပယ်ချခဲ့ ပါသည်။
အစ္စ ရေးကြည်း တပ်အ ရာရှိချုပ်၊
စစ်ဘက် ထောက်လှမ်း ရေးအ ရာရှိချုပ်၊ လေတပ် ဦးစီး ချုပ်နှင့် မော့ဆက် အကြီး အကဲတို့သည်
အီရန် နိုင်ငံအား အစ္စရေး တစ်နိုင်ငံ တည်းမှ စစ်ရေး တိုက်ခိုက် မှုကို ကန့်ကွက် ကြောင်း
အမည် မဖော်သော အမေ ရိကန် သတင်း ရပ်ကွက်မှ သိရှိ ရပါသည်။ အမေ ရိကန်၏ ပံ့ပိုးမှု မရှိဘဲ
အီရန် နိုင်ငံကို တိုက်ခိုက် ခြင်းသည် အီရန်၏ နျူက လီးယား အစီ အစဉ်ကို နှစ်အနည်း ငယ်သာ
ရပ်တန့် သွားစေ မည်ဖြစ် ကြောင်းနှင့် အစ္စရေး နိုင်ငံ အတွက် ဒုက္ခ ရောက်စေမည့် နောက်ဆက်
တွဲဖြစ် ရပ်များ ဖြစ်ပေါ် လာမည့် ဒေသ တွင်းပ ဋိပက္ခ တစ်ခု ကိုသာ စတင် ဖြစ်ပေါ် လာစေ မည်ဖြစ်
ကြောင်း မော့ဆက် ညွှန်ကြား ရေးမှူး ဟောင်း Meir Dagan နှင့် ရှင်းဘက် အကြီး အကဲ ဟောင်း Yuval Diskin တို့
၂ ဦးက လည်း သတိပေး ခဲ့ကြ ကြောင်းသိ ရှိရ ပါသည်။
Time in Rangoon

0 comments:
Post a Comment