Wednesday, October 10, 2012

ခေတ်မီ ရဲစခန်းပေါ်ထွန်းရေး ပြည်ထောင်စုအစိုးရသို့ တင်ပြမည်

Posted by drmyochit Wednesday, October 10, 2012, under | No comments




ရဲတပ် ဖွဲ့ဝင် များအား အဆောင်အယောင် အပြည့် ပေး၍စွမ်းရည်မြှင့် တင်ပေးရန်နှင့် ခေတ်မီရဲ စခန်း များပေါ်ပေါက်လာရန် ပြည်ထောင်စု အစိုးရသို့ တင်ပြသွား မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကပြောသည်။ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး တွင် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက တရားဥပဒေ စိုးမိုးရေး ဆောင်ရွက် နေသော ရဲတပ်ဖွဲ့ဝင် များအား အသုံး အဆောင် ပစ္စည်းအ ပြည့်အဝ ပေးနိုင်ရေး တင်ပြမှု အပေါ် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ မှ ပြည်ထောင်စု အစိုးရ သို့တင်ပြ သွားမည် ဖြစ်ပြီး လွှတ်တော် မှလည်း ပြည်ထောင်စု အစိုးရသို့
တင်ပြပေး မှသာ အကောင် အထည် ဖော်နိုင် မည်ဟု ဝန်ကြီးချုပ် ကပြောသည်။ ရဲတပ်ဖွဲ့ဝင် များအတွက် ဘတ်ဂျက် သီးသန့် ရရှိခြင်း မဟုတ်ဘဲ ပြည်ထဲရေး ဝန်ကြီး ဌာနမှသာ ခွဲဝေ ရရှိခြင်း ဖြစ်ကြောင်း ၂ဝ၁၂- ၁၃ ဘဏ္ဍာရေး နှစ်တွင် ပြည်ထဲရေးဝန် ကြီးဌာနမှ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင် များအ တွက် ဘတ်ဂျက် ၈ ဒသမ ၂ ဘီလီယံ ချထားပေးပြီး အဆိုပါငွေအား ရဲတပ် ဖွဲ့ဝင်များ၏ လစာ၊ ပြည်တွင်း ခရီးစရိတ်၊ ရုံးအသုံး အဆောင်များ၊ စက်ကိရိယာ များအတွက် အသုံး စရိတ်များ၊ မော် တော်ယာဉ် စရိတ် များနှင့် အခြားစရိတ် အများ အပြားကို ကျခံ သုံးစွဲရ သည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။ နိုင်ငံတော်မှ ရဲတပ်ဖွဲ့ ဝင်များအား အသုံး အဆောင် ပစ္စည်း များ ထောက်ပံ့ ပေးသင့် သကဲ့သို့ ရဲတပ်ဖွဲ့ဝင် များ၏ အကျင့်ပျက် ခြစားမှုများ ပပျောက် ရန်လည်း လူ့ အခွင့် အရေး ဆိုင်ရာ သင်တန်းများ၊ လူသားချင်း ညှာတာ ထောက်ထားမှု ဆိုင်ရာ သင်တန်းများကို ပို့ချပေးသင့် သည်ဟု လွှတ်တော် ကိုယ်စားလှယ်များကလည်း အထက်ပါ အဆိုနှင့် ပတ်သက်၍ ပါဝင်ဆွေးနွေး ခဲ့သည်။ အစိုးရသစ် လက်ထက်တွင် ပညာရေး အတွက် ဘတ်ဂျက် နှစ်ဆနှင့် ကျန်းမာရေး အတွက် ဘတ်ဂျက်လေးဆ တိုးမြှင့်ပေး ခဲ့ပြီး ပြည်ထောင်စု အစိုးရမှ ခွင့်ပြုချက် ရရှိပါက ရဲတပ်ဖွဲ့ဝင် များအတွက် လည်းဘတ်ဂျက်ငွေ တိုးမြှင့်ပေးသွား မည်ဟု ဝန်ကြီးချုပ်က ထပ်လောင်း ပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်