Wednesday, October 10, 2012

ဗန်းမော်နားက မြစ်ကျဉ်းဝမှာ စက်လှေမှောက်

Posted by drmyochit Wednesday, October 10, 2012, under | No comments




အောက်တိုဘာလ(၈)ရက်တွင် ကချင်ပြည်နယ် ဗန်းမော်-ဆင်ဘို-မြစ်ကြီးနားပြေးဆွဲနေသော ငွေဧရာ လိုင်း စက်လှေအသင်းမှ ချစ်ကိုမောင်းနှင်လာသော နဒီလုလင် အင်းလေးဘုတ်စက်လှေသည် ယာဉ်နောက် လိုက် ၂ ဦး၊ ခရီးသည် ၇ ဦး၊ စုစုပေါင်း ၉ ဦးလိုက်ပါလျက် ဗန်းမော်မြို့မှ နံနက် ၁၀ နာရီခွဲအချိန်တွင် ထွက် ခွာလာရာ KIA ဆက်ကြေးကောက်ခံသည့်နေရာသို့မရောက်မှီ ဆင်ဘိုမြို့နယ်ခွဲ၊ ရေနားပင်လုံကျေးရွာအနီး ဧရာဝတီမြစ်ကျဉ်းဝတွင် စက်လှေဝမ်းနှင့် ကျောက်ဆောင်တိုက်မိခဲ့ပြီး စက်လှေတိမ်းမှောက်ခဲ့ရာ လူထိ ခိုက်သေဆုံးမှုမရှိကြောင်းနှင့် ကုန်/ယာဉ် ပျက်စီးဆုံးရှုံးမှု စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၄၀ ခန့် ရှိကြောင်း ငွေဧရာ လိုင်းဂိတ်မှူးမှပြောကြားခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်