Wednesday, October 10, 2012

ငွေတိုက်စာချုပ်များက ဘဏ်တွင် ရုတ်တရက် ငွေထုတ်သူများလာသောအခြေအနေကို ဖြေရှင်းပေးနိုင်

Posted by drmyochit Wednesday, October 10, 2012, under | No comments

From : 7day

နိုင်ငံတော်ဗဟိုဘဏ်က ရောင်းချသော ငွေတိုက်စာချုပ်များကို ၀ယ်ယူထားခြင်းသည် ပုဂ္ဂလိက ဘဏ်များ အတွက် ကောလာဟလများထွက်ပေါ်၍ ဘဏ်ငွေအပ်သူများက ငွေထုတ်ယူမှုများသောအခြေအနေတွင် အကာအကွယ်တစ်ခုဖြစ်စေကြောင်း ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကပြောကြားသည်။


"ငွေထုတ်တာများပေမယ့် ပုံမှန်ဖြစ်နေတာ ဒီငွေတိုက်စာချုပ်တွေ ၀ယ်ထားလို့ပဲ"ဟု အထက်ပါပုဂ္ဂိုလ်ကဆို သည်။ ကောလာဟလများ ထွက်ပေါ်ပြီးနောက် ဘဏ်များတွင် ငွေထုတ်ယူမှုများခဲ့သဖြင့် ကမ္ဘောဇဘဏ် သည် ဗဟိုဘဏ်မှ စနေ၊ တနင်္ဂနွေနေ့များ၌ပင် ငွေထုတ်ခဲ့ရသည်။

ထို့အပြင် ကမ္ဘောဇဘဏ်ကို ယခုကဲ့သို့ ကောလာဟလများနှင့် တိုက်ခိုက်ရခြင်းမှာ ဘဏ်ကို ရည်ရွယ်ချက် ရှိရှိနှင့် တစ်ဦးတစ်ယောက်က ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးအောင်ကိုဝင်းကဆိုသည်။ ယခုကဲ့ သို့ ကောလာ ဟလများကြောင့် ပြည်တွင်း၌ ငွေရေးကြေးရေးကမောက်ကမဖြစ်ပါက ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက် မှုကို လည်း အတားအဆီးဖြစ်နိုင်သည်။

"ဒီလိုလုပ်တာက ပြည်တွင်းကလည်း ဖြစ်နိုင်သလို ပြည်ပကလည်း ဖြစ်နိုင်တယ်။ ဘဏ်ရဲ့ အောင်မြင်မှုကို မနာလိုလို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ"ဟု ဦးအောင်ကိုဝင်းကဆိုသည်။

လက်ရှိပြဿနာကို ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ်များနှင့် သတင်းမီဒီယာပူးပေါင်းဖြေရှင်းသည့်အတွက် အချိန်မီ ကုစားနိုင်ခဲ့သည်ဟုဆိုသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်