Wednesday, October 10, 2012

အမေရိကန် နိုင်ငံသည် မိမိတို့၏ ဒုံးကျည် ပစ်ခတ်နိုင်စွမ်းရှိသော အကွာအဝေး အတွင်း၌သာ တည်နေကြောင်း မြောက်ကိုရီးယားက ပြောကြား

Posted by drmyochit Wednesday, October 10, 2012, under | No comments




အမေရိကန်နိုင်ငံသည် မိမိတို့၏ ဒုံးကျည် ပစ်ခတ်နိုင်စွမ်း ရှိသောအကွာအဝေး အတွင်း၌သာ တည်နေကြောင်းမြောက်ကိုရီးယားက ပြောကြားလိုက်သည်။


မြောက်ကိုရီးယား၏ နိုင်ငံရေး ပြိုင်ဘက်ဖြစ်သော တောင်ကိုရီးယား နိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်နိုင်စွမ်း ကန့်သတ် အကွာ အဝေး တိုးမြှင့် မှုကို အမေရိကန်က ထောက်ခံ အားပေးခဲ့ သည့်နောက် မြောက် ကိုရီးယား ကာကွယ်ရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ယခုလို ထုတ်ဖော် ပြော ဆိုလာခြင်း ဖြစ်သည်။ တောင်ကို ရီးယား အစိုးရက မိမိတို့၏ ဒုံးကျည်များ ပစ်လွှတ်နိုင်မည့် အကွာအဝေး ကို (၁၉၇၉)ခုနှစ် သဘော တူညီချက် အရ မိုင်(၁၉၀)ထိသာ ကန့်သတ်ထားသော်လည်း ယခုအခါ မိုင်(၅၀၀)သို့ တိုးမြှင့်လိုက်ကြောင်း ပြီးခဲ့သည့် ရက် ပိုင်းက ကြေညာခဲ့သည်။ ယင်းအကွာအဝေး သတ်မှတ် ချက်အရ မြောက်ကိုရီးယား တစ်နိုင်ငံလုံးရှိ မည်သည့် ပစ်မှတ်ကိုမဆို တောင်ကိုရီးယား ဒုံးကျည်များ ထိမှန်အောင် ပစ်ခတ်နိုင်မည်ဟု သိရှိရသည်။

From : planet
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်