Wednesday, October 10, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ကျင်းပသည့် Myanmar Investment Forum သို့ တက်ရောက် မိန့်ခွန်းပြောကြား

Posted by drmyochit Wednesday, October 10, 2012, under | No comments

From : သမ္မတရုံး

နေပြည်တော် အောက်တိုဘာ ၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒေသစံတော်ချိန် ယနေ့ နံနက်(၉)နာရီခွဲတွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ Korea Trade - Investment Promotion Agency (KOTRA) ဌာနချုပ်ရုံး၌ ကျင်းပသည့် Myanmar Investment Forumသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ပြည်ထောင်စု ဝန်ကြီး များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္က ဋ္ဌ ဒေါက်တာမြဟန်နှင့် ဗဟိုအလုပ် အမှုဆောင်များ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး အသိဥာဏ်ပညာဆိုင်ရာ ဝန်ကြီး Mr. Hong Sukwoo ၊ KOTRA ဥက္ကဋ္ဌ Mr. Oh Young Ho နှင့် အမှုဆောင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် KOTRA ဥက္ကဋ္ဌနှင့် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး အသိဥာဏ်ပညာဆိုင်ရာ ဝန်ကြီး တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင် မိမိအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည့် ရင်းနှီးမြှုပ်နှံမှု များနှင့် နိုင်ငံတကာကုန်သွယ်မှုများကို အဓိကဖော်ဆောင်ပေးခဲ့သည့် KOTRA တွင် လာရောက်ပြော ကြားခွင့်ရသည့်အတွက် အထူးဝမ်းမြောက် ပါကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတကာစီးပွားရေး အသိုင်းအဝိုင်းနှင့် ချိတ်ဆက်ပြီး ဈေးကွက် စီးပွားရေး စနစ် ပုံပေါ်အောင် ကြိုးပမ်းနေချိန်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရေးကြီး သည့် Inclusive Economic Institutions ပေါ်ပေါက်လာပြီး မိမိတို့ရရှိထားသည့် နိုင်ငံရေးဖြစ်ထွန်း တိုး တက်မှုများကို ပံ့ပိုးကူညီနိုင်မည့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု များ၊ နည်းပညာအကူအညီများ လိုအပ်နေ ချိန်လည်း ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် တည်နေရာသည်လည်း ကမ္ဘာ့စီးပွားရေး အင်ဂျင်ကြီး နှစ်ခု၏ ထိတွေ့ဆက်စပ်သည့် နေရာတွင် တည်ရှိနေပြီး အခြားတိုးတက်ဖွံ့ဖြိုးလာသည့် အာဆီယံနိုင်ငံများနှင့် ယင်း စီးပွားရေး အင်ဂျင်ကြီးများ အကြား ကုန်စည်ဆက်သွယ် တင်ပို့မှုအတွက် အရေးပါ အချက်အခြာ ကျသည့် နေရာတွင်လည်း တည်ရှိနေပါကြောင်း၊ အာရှဒေသအတွင်း ကုန်စည်ဆက်သွယ် တင်ပို့မှုပုံစံကို တိုးမြှင့်စေနိုင်မည့် အဝေးပြေး လမ်းမကြီးများ၏ အချက်အခြာနေရာတွင် ရှိနေသည့် မြန်မာနိုင်ငံသည် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုပြုသူများ၏ အထူးအလေးထား စောင့်ကြည့်ခြင်း ခံနေရသည့် အချိန်ပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် နုပျိုသည့်လူဦးရေပုံစံ (Youthful Population) သည်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးအတွက် အရေးကြီးသည့် လူသား အရင်းအမြစ် တစ်ခုလည်းဖြစ် ပါကြောင်း၊ ထို့အတူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးတကြီး လိုအပ်သည့် သဘာဝ သယံဇာတ များ ပိုင်ဆိုင်ထားသည့် နိုင်ငံလည်းဖြစ်ပါ ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းသော်လည်း ရင်းနှီးမြှုပ်နှံမှု အားနည်း နေသေးသည့် စီးပွားရေးကဏ္ဍများ ရှိနေသေးခြင်းသည်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး အနာဂတ်အတွက် အားသာချက်များပင်ဖြစ်သည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် လိုအပ်သည့် စီးပွားရေး ဝန်းကျင်ကောင်း တစ်ခုကိုလည်း ဖန်တီးဖော်ဆောင် နေပါကြောင်း။

စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ရှင်သန်နိုင်စေရန် အတွက် တရားဥပဒေ စိုးမိုးရေးဟု ခေါ်ဆိုသည့် Rule of Law သည် အခြေခံအကျဆုံး ဖြစ်သည်ဆိုသည်ကို မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် နားလည် သဘောပေါက် ထားပါကြောင်း၊ တရားဥပဒေ စိုးမိုးမှု ရှိစေရန် တရားရေးမဏ္ဍိုင်ပြုပြင် ပြောင်းလဲရေးကို အချိန် နှင့် တစ်ပြေးညီ ဖော်ဆောင် သွားမည်ဖြစ်ပါကြောင်း။

အခြေခံလူတန်းစား အလုပ်သမား အများစုအတွက် လိုအပ်သော အလုပ်အကိုင် အခွင့် အလမ်းများ လျင်လျင်မြန်မြန် ဖန်တီးပေးနိုင်မည့် လုပ်သားအင်အား အထူးပြု အခြေခံ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများအတွက် ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံ၏ အခြေခံ အဆောက်အအုံများ အတွက် ရင်းနှီးမြှုပ်နှံမှုများ အဓိက လိုအပ်နေပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍရင်းနှီး မြှုပ်နှံမှုများနှင့် အစိုးရမူဝါဒ အပြောင်း အလဲများသည် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုဆီသို့ ဦးတည်သွား နိုင်အောင် ကြိုးပမ်းနေခြင်း လည်း ဖြစ်ပါကြောင်း။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် သက်သက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် အထောက် အကူပြု သွားမည်ဖြစ်ပါကြောင်း။

မိမိတို့မြန်မာနိုင်ငံအနေဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် နှစ်နိုင်ငံ ပြည်သူလူထုအကျိုးရှိမည့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်မည့် ကိုရီးယားသမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို လည်း နွေးထွေးစွာ ကြိုဆို ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး KOTRA ၏ လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ ပြခန်းကို လှည့်လည်ကြည့်ရှု အားပေး သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်