Wednesday, October 10, 2012

နိုဘယ်လ် ဆေးသိပ္ပံဆု ဂျပန်နဲ့ ဗြိတိန် သိပ္ပံပညာရှင်တွေ ရရှိ

Posted by drmyochit Wednesday, October 10, 2012, under | No comments




Nobel Prize for Medicineဆုကိုဗြိတိန်နဲ့ ဂျပန်ပညာရှင်နှစ်ဦး ဆွတ်ခူးရရှိ ပါ တယ်။၂၀၁၂ ခုနှစ် အ တွက် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို stem cell နဲ့ပတ်သက်တဲ့ သုတေသန လုပ်ငန်းတွေကို လုပ်ကြတဲ့ဂျပန်နိုင်ငံသား Shinya Yamanaka နဲ့ ဗြိတိန်နိုင်ငံသား John Gurdon တို့ ဆွတ်ခူးသွားပါတယ်။
ဆုရသူတွေကို ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမ်စ်မြို့မှာ တနင်္လာနေ့က ကြေညာခဲ့တာပါ။ Adult cell လို့ခေါ်တဲ့ ဆဲလ်တွေကနေ ဘယ် စဉ်ပြန်လုပ်တဲ့ လုပ်ငန်းစဉ်တရပ်ကို သုတေသနပြုခဲ့ကြတဲ့အတွက် အဲဒီသိပ္ပံ ပညာရှင် နှစ်ဦးကို နိုဘဲလ်ဆု ချီးမြှင့်ခဲ့တာပါ။
Yamanaka ဟာ ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ်က ပါမောက္ခတဦးဖြစ်ပြီး Gurdon ကတော့ ကမ်းမ်ဘရစ်ဂ်ျ တက္ကသိုလ်၊ Gurdon အင်စတီကျူက ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်၊ နိုဘဲလ်ဆုရှင်တွေရဲ့စာရင်းကို သီတင်းတပတ်ကြာ ကြေညာမယ့်ထဲမှာ ဆေးပညာဆိုင်ရာ ဆုရသူတွေကို ပထမဆုံး ကြေညာခဲ့တာပါ။ ရူပဗေဒဘာသာရပ်ဆိုင်ရာဆုကို အင်္ဂါနေ့၊ ဓာတုဗေဒ ပညာရပ် ဆိုင်ရာ ဆုကို ဗုဒ္ဓဟူးနေ့၊ စာပေဘာသာရပ် ဆိုင်ရာဆုကို ကြာသပတေးနေ့နဲ့ ငြိမ်းချမ်းရေးဆု ကို သောကြာနေ့မှာ အသီးသီး ကြေညာဖွယ်ရှိပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်