Wednesday, October 10, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်က ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို

Posted by drmyochit Wednesday, October 10, 2012, under | No comments

Fromး သမ္မတရုံး


နေပြည်တော် အောက်တိုဘာ ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ကိုရီးယားသမ္မတ နိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်က ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့ ဒေသစံတော်ချိန် ညနေ(၄)နာရီတွင် ဆိုးလ်မြို့ရှိ သမ္မတအိမ်တော်(Blue House) ရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။


ရှေးဦးစွာ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့တက်ရောက်ရန် သမ္မတ အိမ်တော်သို့ရောက်ရှိလာရာ ကိုရီးယားသမ္မတနိုင်ငံ သမ္မတက ရင်းနှီးခင်မင်စွာ ကြိုဆို နှုတ်ဆက် သည်။

ထို့နောက်နိုင်ငံတော်သမ္မတနှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတတို့သည် အလေးပြုခံစင်မြင့် သို့ သွားရောက်နေ ရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။

ထိုအချိန်တွင် နိုင်ငံတော်တီးဝိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းနှင့် ကိုရီးယား သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ကို တီးမှုတ်သည်။

ဆက်လက်၍ နှစ်နိုင်ငံခေါင်းဆောင်များသည် ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးကြပြီး ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား သို့ တက်ရောက်လာကြသည့် မြန်မာနှင့်ကိုရီးယား ရင်သွေးငယ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတအား ကိုရီးယားသမ္မတနိုင်ငံ သမ္မတက ၄င်းနှင့်အတူ ကြိုဆို ကြသူများနှင့် မိတ်ဆက်ပေးသည်။

ထို့အတူ နိုင်ငံတော်သမ္မတကလည်း ကိုရီးယားသမ္မတနိုင်ငံ သမ္မတအား မိမိနှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါလာကြသူများနှင့် ပြန်လည်မိတ်ဆက်ပေးပြီး ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ နှစ်နိုင်ငံဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာ ရှိကြီး များ တက်ရောက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သမ္မတအိမ်တော် (Blue House)ရှိ ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့်အတူ မှတ်တမ်း တင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတမစ္စတာအီမြောင်ဘတ် နှင့် တွေ့ဆုံ သည်။

တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင် လွင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်မောင်စိုး၊ ဦးအေးမြင့်နှင့် ကိုရီးယား သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးတို့ တက်ရောက်ကြပြီး ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့်အတူ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနဝန်ကြီး၊ စီးပွားရေးအသိဉာဏ်ပညာ ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အဆင့်မြင့် အရာရှိကြီးများတက်ရောက်ကြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်