Wednesday, October 10, 2012

မြန်မာပြည်တွင် နောက်ထပ်အစိုးရပိုင်စက်ရုံ ၂၆ ခု လေလံပစ်တော့မည်ဟု တရုတ်စင်ဟွာသတင်း ဖော်ပြ

Posted by drmyochit Wednesday, October 10, 2012, under | No comments


တရုတ်စင်ဟွာ သတင်း ဌာနရဲ့ ဖော်ပြချက်အရ မြန်မာ နိုင်ငံမှာ အစိုးရပိုင်စက်ရုံအလုပ်ရုံ များ၊ ပုဂ္ဂလိက သို့အသွင်ပြောင်း လျက်ရှိရာ နောက်ထပ်အစိုးရပိုင် ၂၆ ရုံ လေလံပစ်ဦးမယ်လို့ ဖော်ပြ ထားပါတယ်။

... ထိုသို့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးဆောင်ရွက်ရာမှာ လေ လံ ပစ်ခြင်း၊ ငှားရမ်းအသုံးပြုခွင့် ပေးခြင်း နဲ့အစိုး ရ နှင့်ဖက်စပ်ဆောင်ရွက်မှုကို ဒေသခံ သို့မဟုတ် နိုင်ငံ ခြား အဖွဲ့အစည်း များနဲ့ ရင်းနှီးမြှုပ်နှံဆောင် ရွက်စေခြင်း နည်းလမ်းများနဲ့ အသုံးပြုမယ်လို့ ဆိုပါ တယ်။

အထူးသဖြင့် မြန်မာနိုင်ငံ အစိုးရပိုင် မွေးမြူရေး နဲ့ ရေလုပ်ငန်း ဝန်ကြီးဌာန၊ မွေးမြူရေးအစား အစာနှင့် နို့ ထွက်ပစ္စည်း လုပ်ငန်း ဌာနပိုင် စက်ရုံများ အဓိကပါဝင် မယ်လို့သိရပါတယ်။ အစိုးရပိုင် စက်ရုံတွေကို ပိုမို ထိရောက် ထက်မြက်ပြီး အမြတ်အစွန်းရတဲ့ စက်စွမ်းအားပြည့် လည်ပတ်နိုင်တဲ့ ဈေးကွက်စီးပွားရေး အခြေ ခံစက်ရုံများ အဖြစ်ပြုပြင်ပြောင်းလဲမှာဖြစ် တယ်လို့ ဆိုပါတယ်။

စက်ရုံ ၂၆ ရုံအနက် ၆ ရုံကို လေလံ၊ ၁ဝ ရုံကို ငှားရမ်း၊အခြား ၁ဝ ရုံကို ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ နဲ့ဖက်စပ် လုပ်ကိုင် စေမယ် လို့သိရပါ တယ်။ ယခင်အစိုးရ ဝန်ကြီးဌာနရုံး များဖြစ် တဲ့ နိုင်ငံခြားရေး၊ စွမ်းအင်၊ ဟိုတယ်ခရီး၊ လူဝင်မှုကြီးကြပ်ရေး၊ စီးပွားကူးသန်းရုံးတွေကို ပုဂ္ဂလိကပိုင် ပြုလုပ်ဖို့ ရှိကြောင်း လည်း သိရပါ တယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်