Wednesday, October 10, 2012

KIA နေရာအတော်များများမှာ ဆက်ကြေးကောက်

Posted by drmyochit Wednesday, October 10, 2012, under | No comments




KIA တပ်မဟာ(၃)မှ ဆရာကြီးတစ်ဦးခေါင်းဆောင်တဲ့ ၅ ယောက်ခန့်သည် သေနတ်များကိုင်ဆောင်ပြီး မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာအုပ်စု၊ အူထန်ယန်ကျေးရွာမြောက်ဘက် ၂ မိုင်ခန့်အကွာ မြစ်ကြီးနား- ဗန်းမော်ကားလမ်းပေါ်တွင် နှစ်ဘက်အသွားအပြန်ဆိုင်ကယ်များနှင့် ကားများအား ရပ်တန့်စစ်ဆေးလျက် ဆိုင်ကယ် တစ်စီးလျှင် ၁၀၀၀ ကျပ်နှုန်းဆက်ကြေးကောက်ခံလျက်ရှိကြောင်း သိရှိရသည်။ ထိုသို့ဆက်ကြေး
ကောက် နေသည်မှာ အောက်တိုဘာလ(၇)ရက်နေ့မှစတင်ပြီး ယနေ့အထိ နေ့ စဉ် ကောက်ခံနေကြောင်း ဆက်ကြေး ပေးခဲ့ရသည့် ဒေါ့ဖုန်းယန်မှ ဒေသခံတစ်ဦးမှ KDN သို့ပြောကြားသည်။

KIA တပ်များသည် စက်တင်ဘာလနှင့် အောက်တိုဘာလထဲတွင် ဆက်ကြေးကောက်ခြင်းနေရာများအား တိုးချဲ့ ကောက်ခံလျက်ရှိသည်။ ထိုသို့ကောက်ခံရခြင်းမှာ လိုင်ဇာဌာနချုပ်မှ ဘဏ္ဍာငွေဖြည့်တင်းရန် ရန်ပုံငွေလိုအပ်နေ သောကြောင့်ဖြစ်ကြောင်း KIO နှင့်နီးစပ်သူများထံမှ သိရသည်။

စက်တင်ဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိလည်း တပ်မဟာ(၂)မှ ဗိုလ် လ၀မ်ဦး စီးပြီး မြစ်ကျဉ်းနေရာ ပရှောတွင် မြစ်ကြီးနား-ဗန်းမော်စက်လှေ အသွားအပြန်များအား ဆက်ကြေး ကောက် ခဲ့ကြောင်း နှင့် စက်တင်ဘာလ ၂၁ ရက်နေ့တွင်လည်း မြစ်ကြီးနား-တနိုင်းကား လမ်းပေါ်ရှိ လခါးကျေးရွာ တွင် ဖြတ် သွားဖြတ်လာ ကား/ဆိုင်ကယ်များအား တားဆီးပြီး ဆက်ကြေး ကောက်ခဲ့ကြောင်း သိရပါတယ်။

`` ဒီတစ်လ နှစ်လအတွင်း ဆက်ကြေးကောက်တာတွေပိုများလာတယ်။ ပုံမှန်ရွာတွေ၊ ဂိတ်တွေ က ပေးနေရ တဲ့အပြင် ကြိုကြားကြိုကြားလမ်းတွေပေါ်မှာ ကောက်တာတွေရော၊ မှောင်ခိုတွေနေရာမှာ ပုံမှန်မဟုတ်ဘဲ လာ တောင်းသွားတာတွေရော၊ ယာဉ်လိုင်းတွေမှာ အပိုကြေးတောင်းတာတွေရော ခဏခဏ ကြားနေရတယ် ´´ ဟု ဗန်းမော်မြို့မှ ကိုယ်ပိုင်ကုန်ကား ထောင်ထား သူ တစ်ဦကပြောပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်