Wednesday, October 10, 2012

စီးတီးဘတ်စ်ကား ၂၀၀၂ မော်ဒယ်ကို ပါမစ်မလိုဘဲ တင်သွင်းခွင့်ပြု

Posted by drmyochit Wednesday, October 10, 2012, under | No comments

ပြည်တွင်း လိုအပ်ချက် အရ စီးတီဘတ်စ်ကား ၂၀၀၂ မော်ဒယ်များကို ပါမစ်မလိုဘဲ ပြည်ပမှ တိုက်ရိုက် တင်သွင်းခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ ဦးသန်း အောင်ကျော်က ပြောကြားသည်။ ယခင်က စီးတီးဘတ်စ် (ခရီးသည်တင်ယာဉ်) များကို ၂၀၀၇ နှင့် အထက် မော်ဒယ် ယာဉ်များ ကိုသာ ပြည်ပမှ ပါမစ်မလိုဘဲ တင်သွင်းခွင့် ပြုခဲ့သော်လည်း ၂၀၁၂ ခုနှစ် စက်တင်ဘာ နောက်ဆုံးပတ်မှ စ၍ စီးတီးဘတ်စ်ကား ၂၀၀၂ မော်ဒယ်ကားများကို ပါမစ်မလိုဘဲ တင်သွင်း ခွင့်ပြုလိုက်ပြီ ဖြစ် ကြောင်း ထပ်မံသိရှိရသည်။ “၂၀၀၇ မော်ဒယ်တုန်းက ဈေးကြီးတော့ ပြည်တွင်းက သိပ်မ
ဝယ်နိုင်ကြဘူး။ တချို့ က မော်တော် ကားတွေ အပ်တယ်။ အခက်အခဲရှိတော့ စီးတီးဘတ်စ်တွေ အပ်ပြီးတော့ ဟိုင်းဝေးဘတ်စ်တွေ တင်သွင်း ကြတယ်။ ပြည်တွင်းမှာ စီးတီးဘတ်စ် စီးရေကျလာတာကို သက်သောင့် သက်သာနဲ့ ဆွဲနိုင်အောင်၊ အများ ဝယ်နိုင်တဲ့ ကားဖြစ်အောင် အခုလို ၂၀၀၂ မော်ဒယ်တွေကို တင်သွင်းခွင့် ပြုလိုက်တာပါ” ဟု အထက်ပါ တာဝန်ရှိ သူက ဆိုသည်။ အဆိုပါ ၂၀၀၂ မော်ဒယ် စီးတီး ဘတ်စ်ကားများကို စက်တင်ဘာလ အတွင်းမှစ၍ ပါမစ် မလိုဘဲ တင်သွင်းခွင့် ပြုလိုက်ပြီး တင်သွင်း မှာယူ လိုသူ များသည် ၂၀၀၂ မော်ဒယ် စီးတီးဘတ်စ် ဘယ်မောင်း ယာဉ်များ ကိုသာ တိုက်ရိုက် တင်သွင်း နိုင်ပြီး ဟိုင်းဝေး ဘတ်စ်ကား များမှာ ယခု တင်သွင်းခွင့် ပြုလိုက်သော အစီအစဉ်တွင် ပါဝင်ကြောင်း ထပ်မံ သိရှိရ ပါသည်။ ယခင်က မထသ (ရန်ကုန်တိုင်းဒေသကြီး) လက်အောက်တွင် မြို့တွင်းခရီး သည်တင် ဘတ်စ်ကား ‘စ’ အက္ခရာမှ ‘ပ’ အက္ခရာအထိ ၅၇၃ စီး ရှိခဲ့သော် လည်း လက်ရှိတွင် ၂၃၆ စီးသာ ပြေးဆွဲလျက် ရှိသောကြောင့် ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် စီမံကိန်းတွင် ရန်ကုန်မြို့၌ ခရီးသည်တင်ယာဉ် ဘတ်စ် ကားများမှာ လျော့နည်းသွားရခြင်း ဖြစ်ကြောင်း၊ ယခုအခါ ရန်ကုန်မြို့ တွင်းတွင် စီးတီးဘတ်စ်ကားများ အစားထိုးပြေးဆွဲရန် လိုအပ်လာပြီဖြစ်ကြောင်း ရန်ကုန်မြို့တွင်း နေ့စဉ် ဘတ်စ်ကားစီး ခရီးသည် ၂ ဒသမ ၆ သန်းခန့်ရှိကြောင်း မထသ (မြို့တွင်း)မှ စာရင်းများအရ သိရသည်ဟု ၂၀၁၂ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်