
မြန်မာနိုင်ငံမှ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Ayravata Cruise မှ ပေါက္ကံ ၂၀၁၂ လို့ အမည်ပေး ထားတဲ့ အပျော် စီး သင်္ဘော ကို လာမယ့် အောက်တို ဘာလ၁၄ ရက်နေ့မှာ စတင် ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ပေါက္ကံ ၂၀၁၂ အပျော်စီး သင်္ဘောကို မန္တလေး-ပုဂံ-မန္တလေး ခရီးစဉ်ကို စတင် ပြေးဆွဲပေးမှာ ဖြစ်ပြီး သင်္ဘောပေါ်မှာ အိပ်ခန်းပေါင်း ၂၂ ခန်းနဲ့ ခရီးသည် ၃၆ ဦး လိုက်ပါစီးနင်း နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ အပျော်စီး သင်္ဘောပေါ်မှာ ၁ ယောက်အိပ် အခန်း ၆ ခန်းနဲ့ ၂ ယောက် အိပ်အခန်း ၁၆ ခန်း ပါဝင်မှာ ဖြစ်ပြီး လိုက်ပါ စီးနင်းမယ့် ခရီးသည် တစ်ဦးကို သင်္ဘောခ အနေနဲ့ ခရီးစဉ် တစ်ခုအတွက် အမေရိကန် ဒေါ်လာ ၃၀၀ ကနေ တစ်ထောင့် နှစ်ရာ အထိ ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အပျော်စီး သင်္ဘောကို အလုံ သင်္ဘော ကျင်းမှာ တည်ဆောက်ခဲ့ပြီး သစ်သား ကိုယ်ထည် သင်္ဘော ဖြစ်ကာ အလျားပေ ၁၃၈ ပေ၊ အနံ ၃၄ ပေနဲ့ ဒီဇယ်အင်ဂျင် မြင်းကောင်ရေ ၂၇၅ အား အင်ဂျင်နှစ်လုံး တပ်ဆင် ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အပျော်စီး သင်္ဘော ခရီးစဉ်ကို မြစ်ကြောင်းနဲ့ ရေအနေအထားပေါ် မူတည်ပြီး ပြည်-မန္တလေး၊ ဗန်းမော်-မန္တလေး အစရှိတဲ့ ခရီးစဉ်များ ကိုလည်း တိုးချဲ့ သတ်မှတ် ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
From : mrtv4
Time in Rangoon

0 comments:
Post a Comment