Tuesday, October 16, 2012

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက (၂၄)နှစ်ပြည့် အခမ်းအနားကျင်းပ

Posted by drmyochit Tuesday, October 16, 2012, under | No comments


ပြည်သူ အကျိုးအားရှေး ရှုသည့် ဒီမိုကရေ စီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားများ ၏တန်းတူ အခွင့်အရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့် ရရှိရေး အပါအ၀င် ၂၀၀၈ ဖွဲ့စည်း အုပ်ချူပ်ပုံ အခြေခံဥပဒေ ပြောင်းလဲရေး လုပ် ငန်းစဉ် များ ပါဝင်သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၏ အနာဂါတ် လုပ်ငန်းစဉ် များအား ပါတီ ဥက္ကဋ္ဌ က ပါတီ၏ (၂၄)နှစ်ပြည့် အခမ်းအနားတွင် ရှင်းပြခဲ့သည်။



"ကျွန်တော်တို့ တိုင်းပြည် ငြိမ်းချမ်းရေး ရနိုင်ဖို့ဆိုလို့ရှိရင် အားလုံး ပြေပြေလည် လည်ဖြစ်ဖို့ ဆိုလို့ရှိရင် ၂၀၀၈ ဖွဲ့စည်း အုပ်ချူပ်ပုံ အခြေခံ ဥပဒေ ကလည်း အနှောင့်အယှက် အဟန့် အတား တစ်ခု အ ကန့်အသတ် တစ်ခု လို ဖြစ်နေတယ်၊ ဆိုတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြုနိုင်ပါမှ ပြင်နိုင်ပါမှ တစ်စုံတစ်ရာ ဒီမိုကရေစီရေး လမ်းကြောင်းပေါ်ကို ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်လိမ့်မယ်၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက် လို့လည်းပဲ အရိပ် အရောင် ကျွန်တော်တို့ တွေ့ရလိမ့်မယ်လို့ ယူဆတယ်၊ ဒါကြောင့်မို့ ဒီသဘောထား ကို ထုတ်ပြန် တာ ဖြစ်ပါတယ်။"ဟု DPNS ဥက္ကဌ ဦးအောင်မိုးဇော် က ပြောသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ပါတီတည်ထောင်သည့် ၂၄ နှစ်ပြည့် အခမ်းအနားအား ထိုင်းမြန် မာနယ်စပ် မဲဆောက်မြို့ရှိ ၄င်းတို့ပါတီဌာနချူပ်ရုံးတွင် အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းက ကျင်းပ ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပါတီတည်ထောင်ခြင်း ၂၄ နှစ်ပြည့် အခမ်းအနားသို့ တိုင်းရင်းသားမဟာမိတ် အဖွဲ့အစည်း များ၊ ကျောင်းသား ကျောင်းသူတွေ၊ အလုပ်သမားအခြေပြုအဖွဲ့များအပါအ၀င် ပါတီဝင် ၁၅၀ ခန့် တတ်ရောက် ခဲ့ကြသည်။

မြန်မာနိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများပြုလုပ်နေဆဲကာလ၌ ပြည်တွင်းစစ်ဖြစ်ပွားနေခြင်း၊ တိုင်းရင်း သားဒေသများမှ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေခြင်း၊ အလုပ်သမားနှင့်တောင်သူများ၏ လူထု အခြေခံ အခွင့်အရေး ချိုးဖောက် ခံရခြင်း၊ ကျောင်းသား များ၏ အနာဂါတ် အခွင့် အလမ်း မရေရာမှု များရှိခြင်း စသည့်အချက်များကြောင့် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများ လက်တွဲဆောင် ရွက်သွားရန် လိုအပ်ကြောင်း မှာလည်း ၄င်းပါတီ၏ သဘောထား ထုတ်ပြန် ချက်တွင် ဖော်ပြပါ ရှိသည်။

" ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ လှုပ်ရှားရမည့် လှုပ်ရှားမှုကလည်း မပြီးသေးဘူး၊ တစ်ပြိုင်နက် တည်းမှာ ဒီမိုကရေစီ အရေးအတွက် ကျွန်တော်တို့ လှုပ်ရှားရမယ့် လှုပ်ရှားမှု ကလည်း မပြီးသေးဘူး၊ မပြီးသေးဘူး ဆိုတဲ့ အခါကြတော့ ကျနော်တို့ အင်အား စုတွေ အားလုံး ခိုင်ခိုင်မာမာ ဆက်ပြီးတော့ လက်ချိတ် ထားဖို့လိုတယ်၊ ခိုင်ခိုင်မာမာ ဆက်ပြီးတော့ လက်တွဲဖို့လိုတယ်၊ ကျွန်တော်တို့ ရှေ့လာမည့် အကြပ် အတည်း အခက်အခဲတွေကို ဆက်ပြီးတော့ ကြံ့ကြံ့ခိုင်ပြီးတော့ တွန်းလှန်နိုင်ဖို့ ဒါမှမဟုတ် ကျော်လွားနိုင်ဖို့ လိုအပ်တယ် "ဟု ၄င်းက ဆက်ပြောသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးအတွင်း သန္ဓေ္ဓ တည်ခဲ့ပြီး အောက် တိုဘာ ၁၄ ရက်နေ့၌ အလုပ်သမား၊ လယ်သမား၊ လူငယ်ကျောင်းသားများနှင့် စုစည်း စတင်တည်ထောင် ခဲ့ပြည်ပ အခြေစိုက် နိုင်ငံရေး ပါတီ တစ်ခုဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်