Tuesday, October 16, 2012

နီပေါ နိုင်ငံတွင် စိတ် ဝေဒနာရှင် ၃ဝဝဝဝဝ ဦးခန့်ရှိ

Posted by drmyochit Tuesday, October 16, 2012, under | No comments



နီပေါနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်း အတာ အားဖြင့် လူပေါင်း ၃ဝဝဝဝဝ ဦး ခန့်သည် ပြင်းထန် သည့် စိတ်ရောဂါ ဝေဒနာ များကို ခံစားရလျက် ရှိပြီး စိတ်ကျရောဂါ ခံစားနေရသူ ၄ သန်းမှ ၆ သန်း အထိ ရှိကြောင်း သုတေ သန ပညာရှင် များ၏ လေ့လာချက် အရ သိရသည်။


ထို့ကြောင့် ရေရှည်တွင် စိတ်ရောဂါ ဝေဒနာကို ဖြစ်ပွား စေနိုင်သည့် စိတ်ကျခြင်း များ၏ ရောဂါ လက္ခဏာ များကို လူ့အဖွဲ့ အစည်း များ အနေဖြင့် သတိမူမိ စေရန်အတွက် လိုအပ်သည့် ကြိုတင် ကာကွယ်ရေး ဆိုင်ရာ လုပ်ဆောင် မှုများကို အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း များက အကောင်အထည် ဖော်ရန်လို အပ်ကြောင်း လာဂန်ခဲ စိတ်ကျန်းမာရေး ဆေးရုံမှ ညွှန်ကြားရေးမှူး ဒေါက်တာ စူရမ်ဒရာရှာချမ်း က ပြောကြားခဲ့သည်။

စိတ်ကျရောဂါ ခံစား နေရသူများ နှင့် စိတ်ဝေ ဒနာသည် များကို လူ့အဖွဲ့ အစည်းမှ ပစ်ပယ် ထားပါက ၎င်း တို့သည် နောက်ဆုံးတွင် မိမိကိုယ်ကို အဆုံး စီရင်နိုင်ဖွယ် ရှိကြောင်း ဒေါက်တာ ရှာချမ်းက ထပ်လောင်း ပြောကြား ခဲ့သည်။
Myanmar Express မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်