Tuesday, October 16, 2012

KIO နှင့် KIA ခေါင်းဆောင်များပိုင်တဲ့ လုပ်ငန်းနှင့်ပစ္စည်းတွေကို တရုတ်အစိုးရက သိမ်းလိုက်ပြီ

Posted by drmyochit Tuesday, October 16, 2012, under | No comments




စက်တင်ဘာလကုန်ပိုင်းတွင် တရုတ်အစိုးရမှ တရုတ်နိုင်ငံအတွင်းတွင်ရှိသော KIO/KIA ခေါင်းဆောင် များပိုင်ဆိုင် သည့် လုပ်ငန်းကြီးများ၊ ပစ္စည်းများအား သိမ်းယူခဲ့ကြောင်း သိရှိရပါတယ်။သိမ်းယူ ရခြင်းမှာ KIO/KIA အဖွဲ့မှ စစ်ပြေးဒုက္ခသည်များနှင့်ပတ်သက်ပြီး တရုတ်အစိုးရအား လူသားချင်း စာနာထောက် ထားမှုမရှိကြောင်း၊ လူမျိုးရေး ခွဲခြားဆက်ဆံခြင်းများ ဆောင်ရွက်နေကြောင်းနှင့် KIO ၏ ငွေကြေးနှင့် ရိက္ခာဆိုင်ရာ စီးပွား ရေးလမ်းကြောင်းများအား ပိတ်ပင်နေကြောင်းများ စသော ကိစ္စရပ် များနှင့် ပတ်သက်ပြီး စွပ်စွဲပြစ်တင်ဝေဖန်ပြောဆိုခဲ့မှုနှင့် နိုင်ငံ တကာ အမြင်စောင်းစေခြင်း မျိုး ပြုလုပ်ခဲ့ သဖြင့် ထိုသို့ သိမ်းဆည်းခြင်း ဖြစ်ကြောင်း KIA မှ အမည်မဖော်လိုသူ အရာရှိကြီး တစ်ဦးမှ KDN သို့ ပြောကြား ပါတယ်။ တရုတ်အစိုးရမှသိမ်းဆည်းရာတွင် KIO/KIA အဖွဲ့အစည်းအမည်ပေါက် ပစ္စည်းများ အား သိမ်းဆည်းခြင်းမဟုတ်ဘဲ ခေါင်းဆောင်ကြီးများ၏ ပုဂ္ဂလိက ပိုင်ဆိုင်သော လုပ်ငန်းများ သာဖြစ်ကြောင်း၊ အဆို ပါ အရာရှိကြီးမှ ဆက်လက်ပြောကြားပါတယ်။


တရုတ်အစိုးရ၏ သိမ်းဆည်းခြင်းခံရသော KIO/KIA အကြီးတန်းခေါင်းဆောင်များ၏ လုပ်ငန်းနှင့် ပစ္စည်းများ အနက် KDN မှ စုံစမ်းသိရှိရသည်များမှာ တရုတ်နိုင်ငံ၊ ကြယ်ခေါင်တွင် KIO ဥက္ကဌ ဦးဇောင်း ဟရားပိုင်ဆိုင်သော `` 123 ´´ ဟိုတယ်လုပ် ငန်းနှင့် အမည်မသိ သစ်ထုတ်လုပ်ရေး ကုမဏီတစ် ခု၊ ကျောက်စိမ်း ခွဲစိတ်ရောင်း ချခြင်း ကုမဏီ တစ် ခု၊ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လပိုင်သော ခွေးမင်မြို့မှ ရှင်းလီ ကျောက်စိမ်း ကုမဏီနှင့် ရှင်းလီ သစ်ကုမဏီ၊ ဗိုလ်ချုပ် ဂွမ်မော်ပိုင်ဆိုင်သော ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတယ် စသည်တို့ပါဝင်ကြောင်း၊ ထို့အပြင် ဗိုလ်ချုပ် ဂမ်ရှောင်ပိုင် ဆိုင်သောလုပ်ငန်းများ လည်းပါ ၀င်ကြောင်းနှင့် လုပ်ငန်းငယ်များဖြစ်သော ဇိမ်ခန်းများ၊ casino လောင်းကစားရုံများလည်း ပါဝင် ကြောင်း သိရပါတယ်။

ထိုသို့ သိမ်းဆည်း ခံရသော ခေါင်းဆောင်များအနေဖြင့် သိမ်းဆည်းခံပစ္စည်းများအားပြန်လည်ရရှိရေး တရုတ် အာဏာ ပိုင်များ နှင့် ညှိနှိုင်းမှု များပြု လုပ်နေပြီး ပြေလည်ခြင်း မရှိသေးကြောင်း သိရပါတယ်။ တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးလေ့လာသူတစ်ဦးမှ ပြောဆိုသည်မျာ သိမ်းဆည်းခံရခြင်းများသည် တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံနှင့် ချစ်ကြည်ရေး စာချုပ်ပါအတိုင်း KIO/KIA အဖွဲ့သည် တရားမ၀င် အဖွဲ့အစည်းဖြစ်သောကြောင့် ထို့သို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ သိမ်းဆည်းခြင်းကြောင့် KIO/ KIA ခေါင်းဆောင် များ တွင် များစွာဆုံးရှုံးမှုကြီးနိုင်ကြောင်း ၊ ၄င်းတို့အနေဖြင့်လည်း ပြေလည်အောင် ညှိနှိုင်းကြ လိမ့်မည်ဖြစ်ကြောင်း ဆိုသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်