Tuesday, October 16, 2012

KIA သိစေချင်တဲ့ ကျွန်တော့်ရဲ့ လွတ်လပ်သော သဘောထားအမြင်

Posted by drmyochit Tuesday, October 16, 2012, under | No comments


ဒီမိုကရေ စီခေတ်မှာ သဘောထား အမြင်တွေကို လွတ်လွတ် လပ်လပ် ပွင့်ပွင့် လင်းလင်း ထုတ်ဖော်ပြော ကြားနိုင် တယ် လို့ လူတကာက ပြောနေကြတော့ ကျွန်တော့်ရဲ့ အမြင် သဘောထား ကိုလည်း တင်ပြချင် ပါ တယ်။


ကျွန်တော်ဟာ ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ မိုးညှင်းဒေသမှာ မွေးဖွား ကြီးပြင်းလာတဲ့ ရှမ်းလူမျိုး တစ်ဦးပါ။ ကျွန်တော်တို့ ဒေသမှာ အစဉ်အလာ အားဖြင့် ရှမ်းတိုင်းရင်းသား တွေအများစု နေထိုင်ခဲ့ကြပြီး စိုက်ပျိုးရေး ကို အဓိကထား အသက်မွေး ၀မ်းကျောင်းနေတဲ့ လယ်သမား အများစု ဖြစ်ပါတယ်။ မိုးညှင်း ၊ မိုးကောင်း ဒေသတွေမှာ ပဒေသရာဇ် ခေတ်ကာလ ကတည်းက ရှမ်းစော်ဘွားများရဲ့ အုပ်ချုပ်မှု အောက်မှာ စည်းလုံး ပျော်ရွှင်စွာ နေထိုင်လာခဲ့တာ ဒီကနေ့ အထိပါပဲ။ အခုနောက်ပိုင်း ခေတ်ရောက်တော့မှ ကချင်ပြည် နယ်ကြီး လွတ်လပ်ရေး အတွက် ကချင်လူမျိုးများ ကောင်းစာရေး အတွက်လို့ ကြွေးကြော်နေတဲ့ အကြမ်း ဖက် သောင်း ကျန်းသူ KIA အဖွဲ့ဟာ လားရှိုးဘက်ကနေ စပေါ်လာတဲ့ အဖွဲ့ ဖြစ်ပါတယ်။ စပြီး ပေါ်ပေါက် လာချိန် ကတည်းက ဘာနိုင်ငံရေး ခံယူချက်မှ မရှိဘဲ ဓားပြတိုက်ပြီး အကြမ်းဖက် လုပ်ငန်း စလုပ်ခဲ့တဲ့ အဖွဲ့ဆိုတဲ့ သမိုင်းကြောင်းကို မမေ့လိုက်ပါနဲ့ KIA လို့ပဲ ပြောချင်ပါတယ်။



KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ဟာ ကချင်ပြည်နယ် အတွင်းမှာ နိုင်ငံရေးအရ စတင် ဖြစ်ပေါ် လာတဲ့ အဖွဲ့ မဟုတ်ဘူး ဆိုတာရော သိကြပါရဲ့လား ... ။ ကချင် ပြည်နယ်အတွင်းမှာ ကချင် တိုင်းရင်းသား တစ်မျိုးတည်း မဟုတ်ဘဲ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေ အားလုံး စုပေါင်း နေထိုင် လာခဲ့တဲ့ ဒီမြေ ၊ ဒီရေ ၊ ဒီတောတောင် တွေမှာ လူသားတွေ စတင် နေထိုင် လာကတည်းက အတူနေခဲ့ ကြ တာပါ။ အခုမှ ကချင် လူမျိုး ကောင်းစားရေး ၊ ကချင်ပြည်နယ် လွတ်လပ်ရေး အတွက်ဆိုပြီး မဟုတ် တာတွေ ပြောမနေ ပါနဲ့ ... ။ လွတ်လပ်ရေး ရခဲ့တဲ့ အချိန်က ကချင်တောင်တန်း ဒေသက ပြည်မနဲ့ မပူးပေါင်း ဘဲ သီးခြား ကျန်နေခဲ့ရင် အင်အားကြီးမားတဲ့ လူမျိုးစုတွေရဲ့ ၀ါးမျိုမှုကြောင့် အခုအချိန်မှာ ကချင်ပြည်နယ် ဆိုတာတောင် ရှိနိုင်တော့မယ် မထင်ပါဘူး .... ။

လွတ်လပ် ပွင့်လင်းစွာ ပြောလို့ ရတယ်ဆိုလို့ ထပ်ပြောချင်ပါသေးတယ်။ မိုးကောင်း ၊ မိုးညှင်း ဒေသမှ ရှိတဲ့ ပြည်သူတွေရဲ့ သဘောကတော့ အခုလို လုံခြုံမှု မရှိတဲ့ လူမျိုးရေး အစွန်းရောက် KIA တွေ သောင်းကျန်းနေတဲ့ ကချင်ပြည်နယ် အတွင်းမှာ မနေချင်ပါဘူး။ စစ်ကိုင်းတိုင်း ထဲမှာပဲ နေချင် ပါတယ်။ ကျွန်တော် ပြောတာတွေ မယုံရင် ခွဲမလား ... ၊ တွဲမလား ... ၊ မဲပုံးထောင်ပြီး ကျွန်တော်တို့ သဘောထား ကို လေ့လာလိုက်ပါလို့ စိန်ခေါ်လိုက်ပါတယ် ... ။ ။

လွတ်လပ်တက်ကြွသော ရှမ်းတိုင်းရင်းသား လူငယ်များ

(ကချင်နေ့စဉ်သတင်းမှ ကူးယူဖေါ်ပြသည်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်