Tuesday, October 16, 2012

KIA ရဲ့ မိုင်းကွဲလို့ ကချင်ပြည်သူတစ်ယောက် သေပြန်ပြီ

Posted by drmyochit Tuesday, October 16, 2012, under | No comments

 

KIA ထောင်ထားသောမိုင်းနင်းမိ၍ သေဆုံးသွားသူ

၂၀၁၂ ခုနှစ် အောက်တို ဘာလ (၁၂) ရက်နေ့တွင် မိုးကောင်းမြို့နယ် ၊ နန့်ဟိုင် ကျေးရွာ၏ အရှေ့ ဘက် တွင် KIA ထောင်ထားသော မိုင်းတစ်လုံးပေါက်ကွဲ၍ ဒေသခံရွာသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရခဲ့ကြောင်း သတင်းရရှိပါခဲ့ပါတယ်။


မိုးကောင်းမြို့နယ်၊ နန့်ဟိုင် ရွာသား ဦးအင်ခွန်လ နှင့် ဦးအင် ခွန်ဂစ် တို့သား အဖနှစ်ဦး သည် အောက်တို ဘာလ (၁၈) ရက်နေ့ နံနက်ပိုင်း (၈) နာရီခန့်တွင် ရွာ၏အရှေ့ဘက် လယ်တောစပ်တွင် စက်စာခူးနေစဉ်၌ KIA မှထောင် ထားသော မိုင်းတစ်လုံးနင်းမိပေါက်ကွဲခဲ့သဖြင့် ဖခင်ဖြစ်သူ ဦးအင်ခွန်ဂစ်မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့ပြီး သားဖြစ်သူ အင်ခွန်လမှာ ဒူးဆစ်အောက်ပိုင်းတွင် စုတ်ပြတ်သွားခဲ့ကြောင်း သိရပါ တယ်။ မိုင်းအား သားဖြစ်သူ အင်ခွန်လမှ နင်းမိခြင်းဖြစ်ပြီး သေဆုံးသူ ဦးအင်ခွန် ဂစ်မှာ နောက် ဘက်တွင် ရှိနေ စဉ် မိုင်းစ ခေါင်းကို မှန်၍ သေဆုံးခြင်းဖြစ်သည်။ 

 KIA ထောင်ထားသောမိုင်းနင်းမိ၍ သေဆုံးသွားသူ

သေဆုံးသွားသူ ဦးအင်ခွန်ဂစ် နှင့် ဒဏ်ရာရသူ ဦးအင်ခွန်လတို့အားရွာသို့ သယ်ဆောင်လာပြီး ဒဏ်ရာရသူ အင်ခွန်လ အား ရွာတွင်ပင် ကချင်ရိုး ရာဆေးဖြင့် ကုသနေကြောင်း သိရသည်။
“ သူ့ကို မြို့ကို မပို့ရဲဘူး ၊ KIA ကပြောထားတယ် ၊ မြို့ပေါ်မပို့နဲ့ ဒီမှာပဲရအောင်ကုလို့ ပြောထားလို့ ၊ အရင် တစ် ခါ ရွာကလူတွေ မိုင်းနင်းတုန်းက မြို့ပေါ်ပို့တာနဲ့ သူတို့တွေကို အထောင်းခံရတယ်လို့ ပြောတယ်။ မိုင်းတွေ ကလည်း အများကြီးဘဲ ဒီရွာကတင် မိုင်းနင်းမိလို့သေတာ အင်ခွန်ဂစ်နဲ့ဆို နှစ်ယောက်ရှိပြီ ”ဟု နန့်ဟို ရွာ သားတစ်ဦးကဆိုသည်။

KIA တို့သည် ဗမာစစ်တပ်များအား ရည်ရွယ်၍ မိုင်းထောင်ခြင်း ၊ ဆွဲမိုင်းခွဲခြင်း ၊ ရီမုဖြင့် မိုင်းခွဲခြင်း များ ဆောင်ရွက်နေပြီး ၊ နင်းမိုင်းအများစုမှာ ရွာသားများနင်းမိနေကြောင်း သိရသည်။

ကချင်ပြည်နယ် အတွင်းမှာ အလားတူဖြစ် စဉ်မျိုးများစွာရှိခဲ့ပြီး လက်ရှိ အချိန်အထိ KIA မှထောင် ထားသော မိုင်းနင်းမိ၍ သေဆုံး/ ဒဏ်ရာရသူ ယခုနင်းမိသူများအပါအ၀င် ဒေသခံ အရပ်သား (၁၀၄) ယောက် ရှိနေပြီလို့ သိရပါတယ်။ KIA မှ အစိုးရတပ်အတွက် ရည်ရွယ်ထောင်ထားသော မိုင်းများ ဟာ ဒေသခံများ အတွက် အန္တရာယ် ဖြစ်လျက်ရှိသဖြင့် ဒေသခံ ရွာသူရွာသားများဟာ စိုးရိမ်ကြောက် ရွံ့လျက်ရှိ ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်