Tuesday, October 16, 2012

ဦးဘရန်ရှောင်အမှု ရှေ့အပါတ်တွင် အမိန့်ချမည်

Posted by drmyochit Tuesday, October 16, 2012, under | No comments


ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဟု စွပ်စွဲ ခံရသူ ဦးလထော် ဘရန်ရှောင် အား စွဲချက် တင်သင့် မတင် သင့် ကို လာမည့် အောက်တို ဘာလ ၂၂ ရက်နေ့တွင် အမိန့်ချမှတ်မည်ဟု သိရှိရသည်။

မြစ်ကြီး နားမြို့နယ် ဂျန်မိုင်ကောင်နှစ်ခြင်း ဘုရားကျောင်းရှိ ဒုက္ခသည် စခန်း အတွင်းမှ ဇွန်လ ၁၇ ရက်နေ့က ဖောက်ခွဲမှုဖြင့် စွပ်စွဲကာ ဖမ်းဆီးလာခဲ့သည့် ကိုဘရန်ရှောင်အား ဇူလိုင်လတွင် မတရားသင်း ဆက်သွယ် မှုဖြင့် ပြောင်းလဲ စွပ်စွဲ ခဲ့ခြင်း ဖြစ်သည်။ 


ဦးဘ ရန်ရှောင် KIO ဝန်ထမ်းဖြစ်ကြောင်း တရားလိုဘက်မှ ထွက်ဆိုချက်များမှာ စစ်ကြောရေးအတွင်း ညှဉ်း ပမ်းနှိပ်စက် မှုဖြင့် ရရှိလာသည့် ထွက်ဆိုချက်များသာဖြစ်၍ ခိုင်လုံသည့် အခြားအထောက်အထား မရှိကြောင်း ရှေ့နေ ဦးဂျီမာခါး က ဆိုသည်။

ထို့ကြောင့် စီရင်ထုံးများအရ စွဲချက်မတင်သင့်ဘဲ အပြီးအပြတ် လွှတ်သင့်ကြောင်း ၎င်း၏ အကျိုးဆောင်ရှေ့နေ က တနလာင်္နေ့ ရုံးချိန်းတွင် လျှောက် လဲချက် ပေးခဲ့သည်။

တရာလို ဘက်မှ ရှေ့နေကမူ စစ်ကြောရေး ဖြောင့်ချက်အပေါ် မူတည်၍ ဦးဘရန်ရှောင် အမှုအား စွဲချက် သင် တင့်ကြောင်း လျှောက် လဲခဲ့သည်ဟု ရှေ့နေ ဂျီမာခါးက ပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်