Tuesday, October 16, 2012

ပူတာအိုဒေသခံများ စားစရာဆန်မရှိဖြစ်နေ

Posted by drmyochit Tuesday, October 16, 2012, under | No comments



ကချင်ပြည်နယ် ပူတာအိုမြို့တွင် ဆန်ပြတ် လပ်မှုနှင့် အတူ အခြား ကုန်ပစ္စည်း များမှာလည်း ဈေးနှုန်း အဆမ တန်မြင့် တက်လျှက် ရှိသောကြောင့် ဒေသခံများမှာ စားဝတ်နေရေး အခက် အခဲကြုံတွေ့နေရ သည်။

ယခုအခါ ပူတာအိုမြို့ပေါ်တွင် ဆန်ရောင်းမည့်ဈေးသည်များ မရှိကြောင်း၊ယခင် ဆန်တစ်ပြည်လျှင် ကျပ် (၁၀၀၀) ၀န်းကျင်ရှိ ဆန်များအား လက်ရှိအချိန်တွင် မြို့နယ် အုပ်ရေးမှူးရုံးက ဆန်နို့ ဆီနှစ်ဘူး ခွဲလျှင် ငွေ(၅၀၀) ကျပ်ဖြင့် ဆန် အရေအတွက် အနည်းငယ်သာ ရောင်းချပေးနေခြင်းဖြစ်သည်။


ထိုသို့ရောင်း ချပေးနေသော် လည်း ပူတာအိုဒေ သခံများမှာ ၀ယ်ယူ စာသုံးနိုင်ခြင်း မရှိကြပေ။ “အုပ်ချုပ်ရေး မှူးရုံး ကနေ ဆန်နို့ဆီနှစ်ဘူးခွဲကို ငါးရာနဲ့ရောင်းတယ်။ ဒါတောင် လိုချင်သလောက်မရဘူး၊ ဒီကလူတွေက အလုပ် အကိုင် မရှိတော့ ပုံမှန် ၀ယ်မ စားနိုင်ကြဘူး” ဟု ပူတာအိုမှ NLD ပါတီက ဦးရော စီက ပြောသည်။

လာမည့် နိုဝင်ဘာလ (၁၀)ရက်နောက်ပိုင်းတွင် ကောက်သစ်များ စတင်ပေါ်တော့မည်ဖြစ်ပြီး နိုဝင်ဘာလ အတွင်း၌ ဆန်အ တွက် ပူပင်စရာ မလိုတော့ကြောင်း ပူတာအိုမြို့ခံ တစ်ဦးက ဆိုသည်။

အစိုးရ စစ်တပ်နှင့်  KIAတို့ အကြား စစ်ပွဲ များဖြစ်ပွား လျှက်ရှိပြီး မြစ်ကြီး နားနှင့် ပူတာအို အကြား ဆက် သွယ် ထားသော လမ်းတံတားများ မိုင်းခွဲဖျက်ဆီးခံလိုက်ခြင်းကြောင့် ကုန်ပစ္စည်းများသယ်ယူ ပို့ဆောင်မှုပြု လုပ်မ ရ ရှိခြင်းကြောင့် ကုန်ဈေးနှုန်း များမြင့်တက်ရ ခြင်းဖြစ် သည်ဟု ဒေသခံများ ကဆိုသည်။

မြစ်ကြီးနားနှင့် ပူတာအိုအကြား ကုန်ဆက်သွယ်မှု မရှိခြင်းကြောင့် ပူတာအိုရှိ ကုန်ပစ္စည်း ဆိုင်များမှာ တစ်ဆိုင်နှင့် တစ်ဆိုင်ဈေးနှုန်း များမတူပဲ ဈေးနှုန်းများ မြင့်တက်လျက် ရှိနေခြင်းဖြစ်သည်။

ပူတာအိုတွင် မြေပဲဆီများအသုံးမပြုနိုင်ခြင်းကြောင့် မြေပဲဆီဈေးကွက်မရှိပဲ မုံညှင်းဆီ(၁)ပိသာလျှင် ကျပ်(၃၀၀၀)နှုန်း ရှိပြီး၊ ဆား ငါးဆယ်သားတစ်ထုပ်လျင်(၁၀၀၀)ကျပ်၊ ကြက်ဥသုံးလုံးလျင်(၁၀၀၀)နှင့် အချို့ ဆိုင် များ၌ ကြက်ဥတစ်လုံးလျှင် (၅၀၀)ကျပ်အထိ ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။

“ရောင်းတာ ကလည်း တစ်ဆိုင်နှင့်တစ်ဆိုင်မတူဘူး၊ ကြက်ဥဆိုတစ်ချို့ဆိုင်က တစ်လုံးငါးရာရောင်းတဲ့ဆိုင် ရှိသလို တစ်ထောင်ဖိုး သုံးလုံး ရောင်းတဲ့ဆိုင်လည်းရှိတယ်၊ ဆီဆိုရင် မြေပဲဆီဆို ၀ယ်မစားနိုင်ကြဘူး၊ မုံညှင်း ဆီပဲ စားကြတာ” ဟု ကိုလမိုင်းဇော်အောင်က ပြောသည်။

ပူတာအိုတွင် ယခင်က ဘိလပ်မြေ တစ်အိတ်လျှင် ကျပ် (၁၅၀၀၀)၀န်းကျင်ရှိခဲ့ရာမှ လက်ရှိတွင် ဘိလပ်မြေ တစ်အိတ် လျှင် ကျပ်(၃၅၀၀၀)နှင့်(၃၈၀၀၀)အကြား ရောင်းချလျှက်ရှိပြီး သွပ်(၆)ပေ အပါး တစ်ချပ်လျှင် ကျပ်(၄၅၀၀) မှ(၅၀၀၀)အထိ ဈေးအမျိုးမျိုးနှင့် ရောင်းချလျှက်ရှိသည်။

“ဘိလပ်မြေ တစ်အိတ်ကို သုံးသောင်း ရှစ်ထောင် အထိကို ရောင်းလာ တယ်၊ ခြောက်ပေသွပ် အပါးတစ်ချပ် ကို ငါးထောင်ပေး ရတယ်”ဟု ဦးရောစီက ဆက်ပြောသည်။

ကချင်ပြည်နယ်တွင် (၁၇)နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့သော ကေအိုင်ကေနှင့် မြန်မာစစ်တပ်အကြား စစ်ပွဲ များပြန် လည်ဖြစ်ပွား ခဲ့သည်မှာ ၂၀၁၁ခုနစ် ဇွန်လ(၉)ရက် ကတည်း ကဖြစ်ပြီး ယခုအခါ တစ်နှစ်နှင့် လေး လကြာမြင့် လာပြီ ဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်