Tuesday, October 16, 2012

ပြည်တွင်းတွင် လျှပ်စစ်ကားစမ်းသပ် ထုတ်လုပ်ပြီးဖြစ်

Posted by drmyochit Tuesday, October 16, 2012, under | No comments

ဓာတ်ဆီ၊ ဒီဇယ် စတဲ့ စက်သုံးဆီ မလိုအပ်ဘဲ လျှပ်စစ် အားသွင်းပြီး မောင်းနှင် နိုင်တဲ့ လျှပ်စစ်ကား ကို ပြည်တွင်းမှာ စမ်းသပ် ထုတ်လုပ်ပြီး ဖြစ်တယ်လို့ရူပါသိဒ္ဓိကုမ္ပဏီမှ သိရပါတယ်။ အဆိုပါ ကားကို ပြည် တွင်းမှ အင်ဂျင်နီယာ တွေနဲ့ ILBC ပုဂ္ဂလိက ကျောင်းမှ ကျောင်းသား၊ ကျောင်းသူတွေ ပူးပေါင်း တီထွင် ထားတာ ဖြစ်ပါတယ်။ အဲ့ဒီ လျှပ်စစ်ကား စမ်းသပ်မှုကို လွန်ခဲ့တဲ့ ၁၂ နှစ်လောက် ကတည်းက စမ်းသပ်ခဲ့ တာ ဖြစ်ပါတယ်။

လက်ရှိမှာ စမ်းသပ် ထုတ်လုပ် ထားတဲ့ အခြေအနေ သာရှိသေးပြီး ဈေးကွက် အတွင်း ကိုတော့ ရောင်းချမှု မရှိသေး ဘူးလို့ သိရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ထုတ်လုပ် ဖြန့်ချိဖို့ အတွက် မှတ်ပုံ တင် ပြုလုပ်ကာ ဈေးကွက် အတွင်း ရောင်းချ နိုင်အောင် စီစဉ် သွားမှာ ဖြစ်ပါတယ်။ ဒီလိုရောင်းချ ရာ မှာတော့ ကျပ်သိန်း ၁၀၀ ၀န်းကျင်နဲ့ ၀ယ်ယူ နိုင်အောင် ထုတ်လုပ် သွားမှာ ဖြစ်တယ်လို့ ရူပါသိဒ္ဓိ ကုမ္ပဏီမှ တာဝန် ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ ကားကို တောင်ဒဂုံ စက်မှုဇုန် ၁ မှာ ထုတ် လုပ်ပြီး ရူပါ သိဒ္ဓိ စက်ရုံမှ ထုတ်လုပ်တဲ့ ယာဉ်အပိုပစ္စည်း ၆၅ ရာခိုင်နှုန်းကို အသုံးပြု ထားပြီး ကျန် ၃၅ ရာခိုင်နှုန်း ကိုတော့ ပြည်တွင်း ဈေးကွက်ရှိ ယာဉ်အပိုပစ္စည်း တွေကို အသုံးပြု ထုတ်လုပ် ထားတာ ဖြစ်ပါတယ်။

အဲ့ဒီ လျှပ်စစ်ကားကို တစ်ခါ အားသွင်းပါက ၄ နာရီကြာ အားသွင်း ရမှာဖြစ်ပြီး ကီလို ၁၀၀ မောင်းနှင် နိုင် တယ်လို့ သိရပါတယ်။ အားသွင်း ရာမှာတော့ အိမ်သုံး ၂၂၀ ဗို့အားနဲ့ အသုံးပြု အားသွင်း နိုင်ပါတယ်။ လက်ရှိ မှာ အစီး ၁၀၀ ခန့် ထုတ်လုပ် ထားပြီးဖြစ်ကာ စမ်းသပ် ထုတ်လုပ် ထားတဲ့ ကားတွေထဲ ကမှ ၄ စီး ကိုတော့ ရန်ကုန် တိုင်း ဒေသကြီး အဖွဲ့သို့ လှူဒါန်း ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။

From : mrtv4

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်