ဂျပန် ထိပ်တန်း ကားထုတ် လုပ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သော ဆူဇူကီး ကားထုတ် လုပ်ရေး ကုမ္ပဏီက ရန်ကုန်မြို့မှ ၂၅ မိုင် အကွာ သီလဝါ အထူး စီးပွားရေး ဇုန်၌ ကား ထုတ် လုပ်ရေး စက်ရုံ တည်ဆောက် ရန် စီစဉ်နေပြီဖြစ်ကြောင်း ဆူဇူကီး မော်တော်ကော် ပိုရေး ရှင်းက ပြောကြား သည်ဟု အောက် တိုဘာ ၁၁ ရက်တွင် အာဆီယံ ဆိုင်ရာ သတင်း တစ်ရပ်၌ ဖော်ပြ ထားသည်။ အဆိုပါ ကားထုတ် လုပ်ရေး စက်ရုံသည် ၂၀၁၅ ခုနှစ်တွင် ပြီးစီးလိမ့် မည်ဖြစ်ကြောင်း အဆာ ဟိရှင်ဟွန်း သတင်းစာ ဆောင်းပါး တစ်ပုဒ် တွင် ဖော်ပြ ထားသည်။ ယင်းစက်ရုံမှ တစ်နှစ်လျှင် ကားစီးရေ ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ထုတ်လုပ်နိုင် မည်ဖြစ်ကြောင်း ဆူဇူကီး ကုမ္ပဏီ တာဝန်ရှိ သူများက ပြောကြား သည်။ လက်ရှိ မြန်မာနိုင် ငံတွင် မှတ်ပုံ တင်ထားသော ကားစီးရေ ၂ ဒသမ ၃ သန်းခန့်ရှိရာ အများစုမှာ ဂျပန်နိုင်ငံမှ တင်သွင်းသော ကားများဖြစ် သည်။ ဆူဇူကီး ကုမ္ပဏီသည် သီလဝါ အထူး စီးပွားရေး ဇုန်၌ မြေဧရိယာ အကျယ်အဝန်း ဟက်တာ ၄၀ ပေါ်တွင် တည်ဆောက် သွားမည် ဖြစ်ကြောင်း အဆာဟိ ရှင်ဘွန်း သတင်းစာ ကရေး သားဖော်ပြ ခဲ့သည်။
Myanmar Express မှကူးယူဖော်ပြသည်။
Time in Rangoon


0 comments:
Post a Comment