Tuesday, October 16, 2012

ပြည်သူကို လှည့်ဖျားရန်မလို-စာချုပ်ကို ဖျက်သိမ်းရန်သာလိုသည်

Posted by drmyochit Tuesday, October 16, 2012, under | No comments



မနက်ဖန် တနိုင်ငံ လုံးက -OIC- ရုံးခမ်း ဖွင့်မည် ဆိုခြင်းကို လက်မ ခံကြောင်းကြေ ညာချက် ထုတ်ပြန် သည်နှင့် အစိုးရ ကတာဝန် ရှိသူ များ၏ ရှင်းလင်း ချက်များ ထုတ်ပြန် လာသည်။ ၄င်း ရှင်းလင်း ချက်များ မှာ -OIC-ရုံးခမ်း ဖွင့်လှစ်ရန် စိုးရိမ်စရာ မရှိ ဟုဖေါ်ပြ ထားသည် ။

နိုင်ငံတော် သမ္မတကြီး၏ ထုတ်ပြန် ချက်မှာလည်း


( ၁) နိုင်ငံတော်၏ဂုဏ်သိက္ခာကို မထိခိုက်စေရန် ။

( ၂ ) အမျိုးသားအကျိုးစီးပွါးကိုမထိခိုက်စေရန် ။

( ၃ ) နိုင်ငံတော်၏ အချုပ်ချာ အာဏာကို မထိခိုက်စေရန် ။

(၄ ) သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရန် ဆိုပြီး ကြေညာချက်ထုတ်ပြန်သည် ။

စင်စစ်အားဖြင့် စိုးရိမ်စရာမရှိဟု ဆိုသော ရှင်းလင်းချက်များမှာစာချုပ်ကို လက်မှတ်ထိုးခဲ့ ခြင်းနှင့် ပတ်သက်၍ မစ္စဒီနာ မန်ဒီနာကပြောဆိုသွားသည်ကိုကြားပြီးဖြစ်သည်။ သူမ၏ ပြောဆိုသော စကားမှာ ဗုဒ္ဒဘာ သာမြန်မာနိုင်ငံသားတို့ ကို လုံးဝစော်ကားမော်ကားပြောဆိုပြီးဂရုစိုက်စရာမလို။ အစိုးရ တာဝန်ရှိ သူများ ၊ ၀န်ကြီးများနှင့်လက်မှတ်စာချုပ် ထိုးထားပြီးဟု ပြောဆိုလေသည် ။

ယခုအချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် နယ်စပ်/စည်ပင်ရေးရာညွှန်ကြားရေးမှူး ဦးထွေးလှက လည်း ပြောဆိုသလို မန္တလေးတိုင်းမသာသနာရေးဝန်ကြီးဋ္ဌါနမှ ၀န်ကြီးဦးသန်းစိုးမြင့်ကလည်း -OIC-ရုံးခမ်း မဖွင့်ကြောင်း ပြောဆိုနေသည် ။

သို့ သော် ၄င်းကဲ့ သို့ ပြောဆိုနေခြင်းများသည် တရားမ၀င်ဖြစ်နေသေးသည်။ မြန်မာနိုင်ငံ အစိုးရနယ် စပ်ရေးရာ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးသည်အစိုးရမဟုတ်သောအဖွဲ့ အစည်းဖြစ်သည့် အစ္စလမ်မစ် အဖွဲ့ချုပ်ကို နိုင်ငံကိုယ်စား စာချုပ်ချုပ် ဆိုထားသည်။ ထို့ကြာင့် ၄င်းစာချုပ်ကို ရုပ်သိမ်း ဖျက်ဆီးပစ်ရ မည်ဖြစ် သည် ။

၎င်းစာချုပ်ပါ အချက်အလက်များအရ တရားဝင်ရပ်တည်ဆောင်ရွက်နိုင်သောကြောင့် မည်သည့် နည်းနှင့် မဆို -OIC- အဖွဲ့ နှင့်စာချုပ်ချုပ်ဆိုထားခြင်းကို ချက်ချင်းရုပ်သိမ်းရန် လိုပါသည် ။

ယခုအချိန်တွင် ကြောက်မက်ဘွယ်ကောင်းလောက်အောင် ထောက်ပံ့ပစ္စည်းများသည်ရခိုင်ပြည်နယ်အတွင်း စီးဝင်သွားပြီဖြစ်သည် ။ သေနတ်ကျည်ဆံများ၊ဗုံးများဖြင့် ရခိုင်ပြည်နယ်အတွင်း ခြစားသလို ၀င်ရောက်ခြင်း
မဟုတ်ဘဲ စာတကြောင်း- စာအုပ်များစွာဖြင့် ကယ်ဆယ်ရေးပစ္စည်းများတွင် သမိုင်းလိမ်နာ မည်များ ကို ရေးသား ကာ မလေးရှားမှ တင်သွင်းခဲ့ သည် ။

ယင်းသိုပေးပို့ သော စာတမ်းပါ ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းများကား သူတို့ ၏ သမိုင်းလိမ် ဘင်္ဂလီ ကုလားများ စိတ်ထဲတွင် မည်မျှအထိ အရိုးစွဲအောင်ရှိလေမည်နည်းဆိုသည်ကို တွေးကြည့်က သိနိုင်သည် ။

သေနတ်ဖြင့် ပစ်ခတ်၍သေဆုံးသွားသောဖြစ်ရပ်များကို ခဏလေးတွင် သွေးဆာချိန်သာ ဂရုဏာသက် မိကြ သည် ။သို့ သော် စာပေ၏ လက်နက်ကား ကြောက်စ ရာကောင်းလောက်အောင်တန်ဖိုးကြီးမားလှသည်ကို လူတိုင်းသိရှိနားလည်ကြသည် ။

မြန်မာနိုင်ငံတွင် မည်သည့်နည်းနှင့်မျှ -OIC- ၏အကျိုးဆောင်လုပ်ငန်းမျိုးကို မည်သည့် အမျိုးအစား ခေါင်း စဉ်ဖြင့်ဆောင် ရွက်လာခြင်းကို လက်သင့်ခံရန်မလို။ယင်းအဖွဲ့ သည် အစိုးရလည်းမဟုတ်သလို ဂရုစိုက်စရာ လည်း မ လိုချေ ။

အကယ်၍ အစိုးရမှ လူသားချင်းစာနာထောက်ထားမှု အတွက် အလှူငွေများ ၊ ပစ္စည်းများကို လက်ခံမည် ဆိုပါက ကယ်ဆယ်ရေး ၀န်ကြီးဋ္ဌါနမှသာ လက်ခံရယူပြီး မိမိနိုင်ငံတွင် မိမိတို့ ကသာစစ်ဆေး စီမံ ကိုယ်တိုင် ကိုယ် ကျ ဆောင်ရွက်ရမည်ဖြစ်သည် ။တူရကီနိုင်ငံခြားရေးဝန်ကြီးလာချိန်က အလှူငွေ လာရောက်ပေး အပ်ခြင်း မျိုး ကို မပြု လုပ်သင့်ပေ ။

အကြောင်းမှာ သမိုင်းလိမ်ဖြစ်ရပ်များသည် မလိုအပ်သောဓါတ်ပုံသတင်း များကြောင့် ဖြေရှင်း မရဖြစ်နေ တတ်ရာ တကယ်မှန်ကန်နေသောဖြစ်ရပ်များကို ပျောက်ပျက်သွားစေတတ်သည် ။

ထို့ ကြောင့် မည်သည့်နိုင်ငံ မည်သည့် အဖွဲ့ အစည်းမျိုးကရံပုံငွေများ ၊ ကယ်ဆယ်ရေးပစ္စည်းများကို လာရောက်ပေး အပ်ကြမည် ဆိုလျှင်အ စိုးရမှ ၀န်ကြီးကအစ မည်သည့်ခေါင်းစဉ်ဖြင့် လာရောက် လှူဒန်းခြင်း ကိုစစ်ဆေးကြပ် မတ်ရန် လိုသည် ။

မြန်မာနိုင်ငံအတွင်းမရှိသော လူမျိုးများအတွက်လာရောက်လှူဒန်းမည့် အစီအ စဉ် ခေါင်းစဉ် များကို မည်သည့် နည်းနှင့်မျှ စာချုပ်ချုပ်ဆိုပြီး မဆောင်ရွက်သင့် ။

ယခုအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးသည်လည်း အထူးတာဝန်ရှိနေ ရာသူ ကိုယ် တိုင်စာချုပ် ချုပ်ဆို ထားခြင်းကို ချက်ချင်း ဖျက်သိမ်းခြင်း ၊ရုပ်သိမ်းခြင်းပြု လုပ်ရ မည်ဖြစ် သည်ဟု မြင် သည် ။

အကယ်၍ ယင်းသို့ မဟုတ်ပါဘဲရုံးခမ်းမဖွင့်တော့ပါဆိုပြီး ပြည်သူများကို ချွေးသိပ်နေရုံမျှနှင့်ယခုကိစ္စပြသနာမှာ ပြီးဆုံး မည်မထင်ကြောင်းတင်ပြလိုက်ရပါသည် ။။။

အောင်သာနီရေးသားသည်။

ဖျာပုံမြို့သူမြို့သားများ နှင့် သံဃာတော်များ၏ OIC ကန့်ကွက်ဆန္ဒပြပွဲ(၁၅.၁၀.၂၀၁၂ - နေ့လည် ၂ နာရီ) ဓါတ်ပုံမှတ်တမ်း - မင်းခေါင်(ဖျာပုံ)ပေးပို့သည်။ 


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်