Wednesday, November 14, 2012

တကျော့ပြန်ဘင်္ဂလီ-ရခိုင်အဓိကရုဏ်းနိုင်ငံတကာအစ္စလာမ် အသင်းများသွေးထိုးလှုံ့ဆော်မှုရှိ

Posted by drmyochit Wednesday, November 14, 2012, under | No comments


အောက်တိုဘာလအတွင်း တကျော့ပြန်လည် ဖြစ်ပေါ်လာသော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းသည် နိုင်ငံတကာနှင့် မြန်မာနိုင်ငံအတွင်းက အစ္စလာမ် ဘာသာဝင်များ၏ သွေးထိုးလှုံ့ဆော်မှု ကြောင့်ဖြစ်သည်ဟု ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် (ALD)ဥက္ကဌ ဦးအေးသာအောင်က သုံးသပ်ပြောဆိုလိုက်သည်။
ပထမတစ်ကြိမ် ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင်အဓိ ကရုဏ်းအပြီး အစ္စလာမ်နိုင်ငံများ အသင်း(OIC) မြန်မာနိုင်ငံအတွင်း ရုံးစိုက်လာမည်ကို ပြည်သူလူထုနဲ့ ရဟန်းသင်္ဃာများ ကန့်ကွက်ခဲ့ကြရာ မြန်မာအစိုးရမှလည်း OIC ရုံးဖွင့်လှစ်ခွင့်ကို ပိတ်ပင်လိုက်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာရသော ပဋိပက္ခဖြစ်သည်။
"ဒီတကျော့ပြန် ပြဿနာက OICကို လက်မခံတော့ဘူး ကြေငြာလိုက် တဲ့နောက်ပိုင်း ဖြစ်လာရတဲ့ ပြဿနာဖြစ်တယ်။ နောက်တစ်ချက်က ပထမတစ်ကြိမ် ဖြစ်သွားတဲ့ ပဋိပက္ခမှာ ဘင်္ဂလီတစ်ချို့က ဒုက္ခသည်စခန်းကို ရောက်သွားကြတယ်။ တစ်ချို့မြို့တွေမှာကျတော့ ဘင်္ဂလီတွေဟာ စီးပွားရေးနဲ့ စားဝတ်နေရေး အကျပ်အတည်းတွေ များလာတဲ့အခါမှာသူတို့ဟာ ဒုက္ခသည်စခန်းတွေကို သွားချင်လာကြတယ်။ နောက်ပြီးတော့ ဘင်္ဂလီတွေနေတဲ့ မြို့နယ် ကျေးရွာဒေသတွေမှာ ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်လာမယ်ဆိုရင် အလုပ်မလုပ်ဘဲ စားရေးသောက်ရေး အဆင်ပြေလာမှာဖြစ်သလို နိုင်ငံတကာက တစ်ခြားအကူအညီ တွေလည်း ရလာနိုင်တဲ့ဆိုတဲ့ အချက်နှစ်ချက်ပါ။ နောက်တစ်ချက်က ကျနော်ကိုယ်တိုင် မင်းပြား၊ မြေပုံ၊ မြောက်ဦးတို့ကို သွားရောက် လေ့လာတဲ့အခါမှာ ဘင်္ဂလီတွေဟာ ကိုယ့်အိုးအိမ်ကိုယ် မီးရှို့တယ်၊ ရခိုင်အိမ်တွေကိုလည်း မီးရှို့ပြီးတော့ ဒီဒုတိယအကြိမ် ပဋိပက္ခကို ဖန်တီးနေတာကို တွေ့ရတယ်။
ဘာလို့လည်းဆိုတော့ OIC အပါအ၀င် နိုင်ငံတကာတွေကနေ အခွင့်အလမ်း တစ်ခုရအောင် နောက်ထပ်ဒီလို အရေးအခင်းတစ်ခုကို ဖော်ဆောင်တာဖြစ်တယ်" ဟု ဦးအေးသာအောင်က သုံးသပ်ပြောဆိုသည်။ ပဋိပက္ခဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြို့တိုင်းတွင် ယခုကဲ့သို့ ပဋိပက္ခပြဿနာများ ဖြစ်ပေါ်လာအောင် နိုင်ငံတကာရှိ အစ္စလာမ်အသင်း အဖွဲ့များက ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင်ရှိသော ဘင်္ဂလီများအား အဆက်အသွယ်ပြုလုပ်ပြီး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြောင်း ရမ်းဗြဲမြို့တွင် စတင်မီးရှို့ခဲ့သော ကမန်အမျိုးသား တစ်ယောက်နှင့် အမျိုးသမီးတစ်ဦးအား ဖမ်းမိစဉ် စစ်ဆေးမေးမြန်း ချက်များအရ သိရှိခဲ့ရသည်ဟုဆိုသည်။

Arakn Times သတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်