တစ်ယောက်စီး
ရဟတ်ယာဉ် (Helicopter) ကို ဂျပန် Hirobo အီလက် ထရောနစ် ပစ္စည်း ကုမ္မဏီက ထုတ်လုပ်လိုက်ပြီ
ဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်း ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ လေကြောင်းလိုင်း ကုန်ပစ္စည်းပြပွဲမှာ
ဝင်ရောက် မိတ်ဆက်ပြသသွားတာ ဖြစ်ပါတယ်။ တစ်ယောက်စီး ရဟတ်ယာဉ်၊ လူမဲ့ ရဟတ်ယာဉ် ဆိုပြီး
နှစ်မျိုး ထုတ်လုပ် ထားပါတယ်။ လူမဲ့ ရဟတ်ယာဉ် ကတော့ ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရေးမှာ
အသုံးပြုစေဖို့ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၂၅၀၀၀ တန်ဖိုး ရှိပါတယ်။ အဝေးထိန်းခလုပ်နဲ့
ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ တစ်ယောက်စီး ရဟတ်ယာဉ် Hirobo ရဲ့  တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ
၃၇၅၀၀၀ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရတဲ့ ကာလမှာ အသုံးပြုစေဖို့
ဖြစ်ပေမယ့် ယာဉ်ကြောထူထပ်တဲ့ မြို့ကြီးတွေမှာလည်း အသုံးပြုနိုင်စေဖို့ ဖြစ်ပါတယ်။
Hirobo က နဂိုကတည်းက ကလေး ကစားစရာ ရီမုဒ်ကွန်းထရိုး ထိန်းချုပ် ရဟတ်ယာဉ် ငယ်များကို ထုတ်လုပ်တာ ဖြစ်ပါတယ်။ ယခု ကတော့ ကစား စရာ အနေနဲ့ မဟုတ်တော့ပဲ လူတို့ လုပ်ငန်းခွင် အသုံးပြုစေဖို့ ဖြစ် ပါတယ်။ နှစ်မျိုးလုံးက တစ်နာရီကို မိုင် ၆၀ နှုန်းနဲ့ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ လျှပ်စစ်မော်တာကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ လောင်စာဆီ အသုံးမပြု ထားပါဘူး။ အသံ ငြိမ်တဲ့ လျှပ်စစ်မော်တာ ဖြစ်တဲ့အတွက် မြို့ကြီးတွေမှာ အသုံးပြုဖို့ အဆင်ပြေမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ဂျပန်နိုင်ငံက မြို့ ကြီးတွေမှာ မောင်းနှင်ခွင့် မရသေးပါ ဘူး။ နောက် ၂ နှစ်လောက်ကြာမှ ဂျပန်အစိုးရမှ တစ်ယောက်စီး ရဟတ်ယာဉ်များ မြို့ တွင်းအသုံးပြုခွင့်ပေးမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့နိုင်ငံကြီးများမှာလည်း အသုံးပြုခွင့်ရအောင် Hirobo ကကြိုးပမ်း မှာ ဖြစ်ပါတယ်။ သာမန် ရဟတ်ယာဉ်လောက်တောင် မောင်းနှင်ရမခက်ပဲ ကား/ ဆိုင်ကယ် မောင်းတတ်သူတိုင်း အလွယ်တကူ မောင်းနှင်လို့ ရတဲ့ ရဟတ်ယာဉ် ဖြစ်တယ်လို့ သိရပါတယ်။
Myanmar Express

Time in Rangoon

0 comments:
Post a Comment