Wednesday, November 14, 2012

ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်လား? ခေါင်းရှောင်လား?

Posted by drmyochit Wednesday, November 14, 2012, under | No comments


ခေါင်းဆောင်သည် မူဝါဒ၊ လူ၊ ပစ္စည်းဥစ္စာ နှင့် လူထုလေးစားမှုတို့ အတွက်သာ လုပ်ရုံမှ တစ်ပါး အခြားလုပ်စရာမရှိ။ ခေါင်းဆောင်သည် အရာရာကို လိုက်လုပ်ပြီး သူများထက် အပင်ပန်း ခံရန် မဟုတ်ပေ။ အခြားသူများ လုပ်စရာမရှိ အောင် လိုက်လုပ်သော ခေါင်းဆောင်သည် ခေါင်းဆောင်ကောင်း မဟုတ်။
ခေါင်းဆောင်အမျိုးအစား

(၁)ဉာဏ်ပညာရှိပြီးပျင်းသောခေါင်းဆောင်

(၂)ဉာဏ်ပညာလည်းမရှိပျင်းလည်းပျင်းသောခေါင်းဆောင်

(၃)ဉာဏ်ပညာရှိပြီးလုံ့လရှိသောခေါင်းဆောင်

(၄)ဉာဏ်ပညာရှိသော်လည်းလုံ့လရှိသောခေါင်းဆောင်

ခေါင်းဆောင် တစ်ယောက်သည် ပေးကမ်း ရက်ရောတတ်မှု၊ မခွဲခြား တတ်မှု၊ စွန့်လွှတ်လုပ် ကိုင်တတ်မှု စသည့် စိတ်ထား သုံးခုနှင့် ပညာ ဉာဏ်ရှိမှု၊ ယုံကြည် ကိုးစား ထိုက်မှု၊ စိတ်စေတနာ ကောင်းမှု၊ သတ္တိရှိမှု၊ တိကျ ပြတ်သား တတ်မှု စသည့် အရည်အချင်း ငါးရပ် ရှိရန် လိုအပ်သည်။ သို့တစေ အလုပ် လုပ်ရာ တွင်လည်း ခေါင်းဆောင် ပီသကြောင်း ပြဖို့ လိုသည်။ အဖွဲ့အစည်း တစ်ရပ် တွင် ခေါင်းဆောင် လုပ်ရမည့် လုပ်ငန်းမှာ လေးရပ်ရှိသည်။


 (၁)မူဝါဒလုပ်ငန်း၊
 (၂)လူများနှင့်ဆိုင်သောလုပ်ငန်း၊ 
 (၃)ပစ္စည်းပိုင်မှုဆိုင်ရာလုပ်ငန်းနှင့် 
 (၄)လူထုလေးစားမှုရရှိရန်လုပ်ငန်းတို့ဖြစ်သည်။ 

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်