Wednesday, November 14, 2012

မြန်မာ လျှပ်စစ် ဘင်္ဂလာဒေခ်ျ့ကို ရောင်းမည် မဟုတ်

Posted by drmyochit Wednesday, November 14, 2012, under | 1 comment


မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ (၂) နိုင်ငံအကြား ယခင်က သဘောတူညီထားသော မြန်မာ လျှပ်စစ်ဓာတ်အား ဘင်္ဂလာသို့ ရောင်းချရေးကို မြန်မာဘက်က ပယ်ဖျက်လိုက်သည်ဟု သိရသည်။
(၆) ကြိမ်မြှောက် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက် ကော်မရှင် အစည်းအဝေးတွင် ထိုသို့ မြန်မာဘက်က ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်ဟု ဘင်္ဂလာဒေခ်ျ့ ကုန်သွယ်ရေး ၀န်ကြီးဌာန အတွင်းဝန် မဟာဘူလ် အာမတ်က သတင်းထောက်များသို့ ပြောသည်။ နိုဝင်္ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော်တွင် ပြုလုပ်ခဲ့သော မြန်မာ- ဘင်္ဂလာ ကုန်သွယ်ရေး ဆိုင်ရာ (၂) ရက်တာ အစည်း အဝေးတွင် မြန်မာ အနေဖြင့် သူ့နိုင်ငံတွင် လျှပ်စစ် ဓာတ်အားကို ဘင်္ဂလာသို့ ရောင်းမည့် အစီအစဉ်မှာ ဖြစ်နိုင်တော့မည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း လျှပ်စစ် ဓာတ်အာား မလုံလောက်မူနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဘင်္ဂလာ ကိုယ်စားလှယ်များကို  ပြောဆိုခဲ့သည်ဟု ဆိုသည်။ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် တည်ဆောက်နေသော စိုင်းတင် ရေအား လျှပ်စစ်နှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် အကြားတွင် တည်ဆောက်နေသော လေးမြို့ ရေအားလျှပ်စစ် စီမံကိန်းတို့မှ ကီလိုဝပ် ၅၀၀ ၀ယ်ယူရန် မြန်မာနှင့် ပမာဏ သဘောတူညီမူ ရှိခဲ့သည်။ ထိုသို့ သဘောတူညီမူ အရ ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ သွားရောက်ပြီး လျှပ်စစ် ဓါတ်အား ၀ယ်ယူရေးကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ ရခိုင်ပြည်နယ် စိုင်းတင် ရေအားလျှပ်စစ်မှာ ၂၀၁၄- ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး လေးမြို့ ရေအားလျှပ်စစ် စီမံကိန်းမှာ ၂၀၁၈ ခုနှစ်တွင် ပြီးစီး မည်ဟု သိရသည်။ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် သူ့နိုင်ငံ အတွင်း လျှပ်စစ်ဓာတ်အား မလုံလောက်မူကို မြန်မာ အပြင် အိမ်နီးချင်း နိုင်ငံများကြသော ဘူတန်၊ အိန္ဒိယနှင့် နီပေါနိုင်ငံတို့မှ တင်သွင်းရန် ကြိုးပမ်းနေသည်။
မြန်မာနိုင်ငံထက် နှစ်ပေါင်း ၂၃ နှစ် နောက်ကျပြီးမှ ပါကိစ္စတန် လက်အောက်မှ လွှတ်မြောက်လာသော ဘင်္ဂလာဒေခ်ျ့နိုင်သည် မြန်မာနိုင်ငံထက် လျှပ်စစ် ဓာတ်အား သုံးစွဲမူ ပမာဏ များပြားပြီး  မြို့ရော တောပါ မကျန် နိုင်ငံ အ၀န်း လျှပ်စစ် မီးရရှိသည်။ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် မြန်မာမှ လျှပ်စစ် ဓာတ်အား ၀ယ်ယူရန် လမ်းစ ပိတ်သွားပြီ ဖြစ်သော်လည်း တိုက်ရိုက် လေကြောင်းလိုင်းနှင့် ရေကြောင်းလိုင်းများကို တိုးချဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးကို တိုးမြှင့် ဆောင်ရွက်သွားမည် ဟု သိရသည်။

1 comments:

ခွေး လိုးမသားဘင်္ဂလီတွေကို လုံးဝမရောင်းတာမှန်ပါတယ် အပြည်.အ၀လုံးဝထောက်ခံတယ်

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်