Wednesday, November 14, 2012

ကမ္ဘာဘဏ်မှ ကချင် နှင့် ရခိုင်ဒုက္ခသည်များအား ဒေါ်လာ ၅ သန်း ထောက်ပံ့မည်

Posted by drmyochit Wednesday, November 14, 2012, under | No comments


ကချင်စစ်ပွဲများကြောင့်ရခိုင် ပြည်နယ်အတွင်းရှိ ပဋိပက္ခများ ကြောင့် ဒုက္ခရောက်လျက်ရှိသော ဒုက္ခသည်များအား ကမ္ဘာဘဏ် မှ ဒေါ်လာ(၅)သန်း ကူညီသွား မည်ဖြစ်ကြောင်း သိရသည်။
၎င်းကိစ္စများနှင့်ပတ်သက်၍ ကမ္ဘာဘဏ်မြန်မာနိုင်ငံ မန်နေဂျာ Kanthan Shanker ကပြောကြား ရာတွင် ““အခု ကျွန်တော်တို့အ ပစ်အခက်ရပ်စဲရေးဒေသတွေကို ကူညီပေးဖို့လုပ်နေပါတယ်။ ထောက်ပံ့ပေးမှာကတော့ (၅) သန်းပါ””ဟုပြောကြားခဲ့သည်။
ယခုပြည်တွင်းတွင် ဖြစ်ပွား နေသော ကချင်စစ်ပွဲများကြောင့် ဒုက္ခသည်ဦးရေ (၈)သောင်းကျော် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေ သော ပဋိပက္ခများကြောင့် ဒုက္ခသည်ဦးရေ (၁)သိန်းကျော်တို့ရှိ နေပြီဖြစ်ပြီး ၎င်းနေရာများမှ ဒုက္ခ သည်များအား ကူညီမည့်အလှူ ရှင်များထောက်ပံ့ပေးမည့်သူများ လိုအပ်လျက်ရှိနေသည်ကို သိရှိရသည်။ အဆိုပါလှူဒါန်းငွေ(၅)သန်း မှာ မြန်မာအစိုးရသို့ ထောက်ပံ့ သော သန်း(၈၀)နှင့် မဆိုင်ပဲ သီးခြားလှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။


 
Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်