စစ်ကိုင်းတိုင်းဒေသကြီး၊
စဥ့်ကူးမြို့နယ်ထဲက ငလျင်ဒဏ် သင့်ဒေသတွေမှာ ပျက်စီးဆုံးရှုံးမှုတွေ အများအပြားရှိနေပြီး
အဲဒီဒေသတွေက အိုးအိမ်တွေ ပြန်လည်ပြုပြင် တည်ဆောက်နိုင်ဖို့ အခက်အခဲ ဖြစ်နေကြ တယ်လို့
သိရ ပါတယ်။ ငလျင်ဒဏ်ကြောင့်
စဥ့်ကူးမြို့နယ် အတွင်းရှိ ပျက်စီးနေသည့် ဘုရားတစ်ဆူပုံ ငလျင်ဒဏ်ကြောင့်
သာသနာရေး အဆောက်အဦးတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ အပါအ၀င် စာသင်ကျောင်းတွေလည်း
ပျက်ဆီးခဲ့ပါတယ်။လက်ရှိအခြေအနေအထိ အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေ လာရောက်
ကူညီပေးတာမျိုး မရှိသေးဘူးလို့ စဥ့်ကူးမြို့နယ်၊ ခက်သင်ကျေးရွာအုပ်စု၊ ဘုံသာကုန်းကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဝင်းက RFA ကို ပြောပါတယ်။ မနေ့မနက်ပိုင်းက အင်အား
၆.၈ အဆင့် ရှိတဲ့ ငလျင်လှုပ်ခတ် သွားတဲ့ဒဏ်ကြောင့် စဥ့်ကူးမြို့နယ်ထဲမှာ
ခက်သင်ကျေးရွာ၊ ဘုံသာကုန်းကျေးရွာတို့ဟာ ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား
ခံစားခဲ့ကြရပါတယ်။ အခုအချိန်ထိ အကူအညီပေးရေး အဖွဲ့အစည်းတွေ
နိုင်ငံတော်ရဲ့အကူအညီတွေ လိုအပ်လျှက် ရှိနေပါတယ်။ ဒီကနေ့ နေ့လည်မှာတော့
မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဒေါက်တာဝင်းလှိုင်နဲ့ အဖွဲ့ လာရောက်ပြီး
မြို့နယ်အတွင်းက ပျက်စီးသွားတဲ့ စာသင်ကျောင်း ၁၄ကျောင်းကို လာရောက် စစ်ဆေးတာကို
တွေ့ရပါတယ်။ သပိတ်ကျင်းမြို့နယ် ထဲမှာလည်း ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေများပြား ခဲ့တယ်လို့
သိရပါတယ်။
Myanmar Express
Time in Rangoon


0 comments:
Post a Comment