Wednesday, November 14, 2012

ရိုးသားမှုလုံးဝမရှိ အလိမ်အညာတွေ ပြည့်နေတဲ့ရိုဟင်ဂျာ လှုပ်ရှားမှု

Posted by drmyochit Wednesday, November 14, 2012, under | No comments


ရိုဟင်ဂျာအား မြန်မာ တိုင်းရင်းသားပြုရေး လိမ်လည်မှုပြသနာမှာ လူအချို့ဟာ လူအခွင့်အရေးဆိုတာ တစ်ခုတည်းကို လက်ကိုင်ထားပြီး ရောယောင် ထောက်ခံမှု ပြုကြတာကို တွေ့မိလို့ ဒီစာကိုရေးမိခြင်း ဖြစ်ပါတယ်။ စာရေးသားရာမှာ လူမျိုး ဘာသာ ခွဲခြားရေး ရှူထောင့်ကနေ တင်ပြတာမဟုတ်ဘဲ လူ့အခွင့်အရေး ဆိုတာကိုလဲ လက်ခံပြီး အမျိုးသားရေး (မူလနိုင်ငံသားများရဲ့အကျိုးစီးပွား) ရှူထောင့်ကနေ ရပ်တည်ရေးသားပါတယ်။ ကျွန်တော်တို့ဟာ ဘင်္ဂလီတွေရဲ့ လူသားအခွင့်အရေးကို ဆန့်ကျင်နေတာ မဟုတ်ဘူး၊ သူတို့ကို မုန်းတီး နေကြတာလဲ မဟုတ်ဘူး။ သူတို့ကိုဖိနှိပ်ဖို့ လိုလားတောင်းဆို နေကြတာမဟုတ်ဘူး။ ကျွန်တော်တို့ သွေးချင်း ရခိုင်သားတွေ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်ကြတဲ့ မြေမှာ ၎င်းတို့ဟာ အုံကျင်းလိုက် ကျူးကျော် နေထိုင် ကြတယ်။ ရိုးရိုးသားသား ပြောရရင် လူမျိုးစွဲမပါဘဲ အမျိုးသားရေး စိတ်ဓါတ်အရ ကျွန်တော်တို့ ဒါကို မကျေနပ်ကြဘူး၊ဒါပေမယ့် သူတို့ကို လူအဖြစ်ပဲ ရှုမြင်လိုက်ပြီး လက်ခံထားလိုက်ပြီထား။ ဒါကို လူဝါးဝ ရောင့်တက်ပြီး သူတို့ဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားပါ၊ ဘင်္ဂါလီနွယ် ဘာသာစကားပြောပြီး ဘင်္ဂါလီမဟုတ်ပါဘူး၊ အာရပ်နဲ့ ရခိုင်တွေစပ်ထားတာပါ စသည့်ဖြင့် မရိုးမသား လီဆည်နေတာတွေ သမိုင်းကိုလိမ်ဖို့ ကြိုးစားနေတာတွေကို ကျုပ်တို့ မကျေနပ်ကြတာ။ အစစ်အမှန်ကနေ ကင်းကွာတဲ့ BBC သတင်းရဲ့မြေပုံမှာ ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာဒေသအဖြစ် ပုံတွေနဲ့ အခန့်သားဖေါ်ပြခြင်း ပြုလိုက်တာကို ကျွန်တော်တို့ကို ဒေါသထွက်စေပြီး ခါးခါးသီးသီး မကျေနပ်ကြတာ ဖြစ်တယ်။ (စကားချပ်။ လူမျိုးနွယ် ဆင်းသက်မှုကို ခြေရာခံရင် ဘာသာစကားကနေ ခြေရာခံရတယ် ရိုဟင်ဂျာဆိုသူတွေဟာ Chittagongnian နွယ်ဝင် ဘာသာစကားပြောတာ ဘင်္ဂါလီနွယ်တွေမို့ပဲ လိမ်လို့မရပါ။ အရှင်းဆုံးကတော့ DNA စစ်ကြည့်လိုက်ပါ)။
ဘင်္ဂလီတွေက တစ်မျိုးလုံးဟာ တိုင်းရင်းသားပါဆိုပြီး နိုင်ငံရေးအရ လူဝါးဝတာကို မခံကြပါနဲ့။ မြန်မာနိုင်ငံသားများ အထူးသဖြင့် ရခိုင်တိုင်းသားတွေရဲ့ နစ်နာမှုကို ထည့်တွက်ကြပါ။ သူတို့ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင် နေထိုင်ခဲ့တဲ့ နယ်မြေထဲက ကြီးမားတဲ့ အစိတ်အပိုင်းကို လူမျိုးခြားတွေအတွက် ဖယ်ပေးလိုက် ရတာနဲ့တင် ရခိုင်သားတွေမှာ လူမှုရေး နိုင်ငံရေးအရ အများကြီး နစ်နာလှပါပြီ။ ဒီထက်ပိုပြီး လူမျိုးခြားတွေကို ရခိုင်မျိုးနွယ်အောက် သွတ်သွင်း တံဆိပ်ကပ်တာ ရခိုင် အမျိုးသားရေးကို ပြင်းပြင်းထန်ထန် အစော်ကားခံတာဖြစ်ပါတယ်။ အကျင့်ပျက် အစိုရ အရာရှိတွေ အကူအညီနဲ့ ဘင်္ဂါလီတွေရယ်၊ ယူနန်တရုပ်တွေရယ် မြန်မာပြည်ထဲကို စိမ့်ဝင်နေကြတာ ဘယ်သူမှ ငြင်းမရတဲ့ မျက်ဝါးထင်ထင် ကိစ္စပဲ။ မှတ်ပုံတင်မရှိ သန်းခေါင်စာရင်းမရှိတဲ့ ဘင်္ဂါလီစကားလဲ ပြောကြ၊ ဘင်္ဂါလီသွင်ပြင် လက္ခဏာလဲ ရှိကြတဲ့ ဒီရိုဟင်ဂျာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘင်္ဂလားက ဘင်္ဂါလီတွေ ဘယ်လောက်ရာနှုန်း ပါဝင်နေမယ်ဆိုတာ ဘယ်သူပြောနိုင်လဲ၊ ရိုဟင်ဂျာဟာ တိုင်းရင်းသားပါလို့ လက်ခံလိုက်ရင် ကလေးကော ခွေးကောကအစ နိုင်ငံသား ပြုပေးရတော့မယ်။ အဲတာကို အခွင့်ကောင်းယူပြီး ဘင်္ဂါလီတွေ ဘယ်လောက် ပါဝင်လာမယ်ဆိုတာ တွေးမိကြပါလား။
အခုကျယ်ကျယ်လောင်လောင် ဖြစ်နေတဲ့ပြသနာက အမှန်တကယ် ပြည်ပရောက် ရေပေါ်ဆီတွေဆီက လာနေတာ.. ၎င်းတို့ ကိုယ်ကျိုး စီးပွားအတွက် ပြသနာကို ပိုမိုခက်ခဲအောင် လုပ်နေတာ... .. ဘင်္ဂလီတွေရဲ့ အခွင့်အရေးအတွက် ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် လက်ခံရမယ်ဆိုတာ မရောင်ရာ ဆီလူးတာပဲ။ ။..ဘင်္ဂလီတွေကို တိုင်းရင်းသား အဖြစ် လက်ခံ နိုင်ငံသားပြုပေးရုံနဲ့လည်း သူတို့ပြသနာတွေ အားလုံး ပြေလည်မသွားနိုင်ဘူး။ လူ့ခွင့်အရေးဆိုတာ တစ်ခုပဲပြောချင်တဲ့သူတွေ သေသေချာချာ စဉ်းစားပါ။ ဘင်္ဂလီတွေရဲ့လူအခွင့်အရေးနဲ့ ဘင်္ဂလီတွေတိုင်းရင်းသားပြုရေးဟာ များစွာကွာခြားတယ်ဆိုတာ သတိထားပါ။ လူအခွင့်အရေးဟေ့ဆိုတာနဲ့ ဘာမှမစဉ်းစားပဲ မဆိုင်မဆိုင် ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် လက်ခံပေးလိုက်ရရင် နောက်ဆက်တွဲ ဘာပြသနာတွေ ဖြစ်လာ နိုင်တယ်ဆိုတာ စဉ်းစားကြပါ။ အကျိုးဆက်အဖြစ် မူလဒေသခံရခိုင်နဲ့ ကျူးကျော်သူ ဘင်္ဂလီတွေကြားမှာ ရးပြသနာတွေ အဆုံးမသတ်နိုင်တဲ့ သွေးချောင်းစီး သတ်ပွဲတွေ ဖြစ်လာဘယ်သူ အာမခံနိုင် ပါမည်လဲ။
အနှစ်ချုပ်ပြောချင်တာကတော့ ကျွန်တော်တို့ဟာ ရိုဟင်ဂျာဆိုသူတွေဘင်္ဂလီတွေရဲ့ လူသားဖြစ်တည်မှုကို လက်ခံတယ်၊ သူတို့အား လူသားခြင်းစာနာတဲ့ အကူအညီပေးမှုတွေကို လက်ခံတယ်။ သူတို့ကို နှိမ့်ချချိုးနှိမ် ဖိနှိပ်ထားဖို့ လိုလားနေကြတာ မဟုတ်ဘူး။ ၎င်းတို့အခွင့်အရေးကို သင့်တင့်သောနည်းနဲ့ မှန်မှန်ကန်ကန်တောင်းဆိုလျှင် ဆန့်ကျင်စရာ မရှိ။ နိုင်ငံသားဖြစ်ဖို့ အရည်အချင်း ပြည့်မီပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိမည့် သူများအား နိုင်ငံသားပြုရေးကို လက်ခံတယ်။ သို့သော်လည်း ပြသနာကို အဖြေရှာခြင်း မဟုတ်ဘဲ ပိုမိုခက်ခဲအောင် လုပ်တဲ့ လုပ်ရပ်ဖြစ်တဲ့ ရိုဟင်ဂျာအား မြန်မာတိုင်းရင်းသား ပြုရေး (တစ်နည်းအားဖြင့် ဘင်္ဂါလီများအား အုံလိုက်ကျင်းလိုက် မြန်မာနိုင်ငံသားပြုပြီး နယ်မြေ ခွဲဝေပေးရေး) ဆိုတဲ့ ရိုးသားမှုလုံးဝမရှိ အလိမ်အညာတွေ ပြည့်နေတဲ့ လှုပ်ရှားမှုကို အပြင်းအထန် ဆန့်ကျင်ရှုံ့ချပါတယ်။
 

Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်