ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ
လှပသော သစ်အချောထည် စက်ရုံမှ အလုပ်သမား သမဂ္ဂခေါင်းဆောင် ကိုနော်နောင် (ခ) နေလင်းထွန်းအား အလုပ်ရှင်က လုပ်ငန်းခွင့်နှင့်
အဆောင်သို့ မ၀င်ခိုင်းသဖြင့် ၎င်းစက်ရုံ၏ အလုပ်သမားများကနိုဝင်ဘာ ၁၂ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့
ကြောင်း အလုပ် သမားရေး လှုပ်ရှားသူ ကိုနေလင်းက ပြောသည်။ အလုပ်သမား အခွင့်အရေးများ အပါအ၀င်
အနည်းဆုံး အခြေခံလစာ ကျပ်၅၆၇၀၀ ကို ရရှိရန်နှင့် ကိုနောင်နောင် (ခ) ကိုနေလင်းထွန်းအား
လုပ်ငန်းခွင့်နှင့် အဆောင်ပြန်လည် ရရှိစေရန် ဆန္ဒပြတောင်းဆို လျက်ရှိကြောင်း ၎င်းစက်ရုံ၏
အလုပ်သမားများထံမှ သိရသည်။လှပသော သစ်အချောထည် စက်ရုံသည် အလုပ်သမား ၉၀ ခန့်ရှိပြီး ၄၀
ဝန်ကျင်မှာ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များဖြစ်ကြ၏။ အလုပ်ထုတ်ပြီး အဆောင်မှနှင်ချခြင်းခံရသူ
ကိုနောင်နောင် (ခ) ကိုနေလင်းထွန်း ကအလုပ်သမား သမဂ္ဂဥက္ကဋ္ဌနှင့် လုပ်ငန်းခွင့် ညှိနှိုင်းရေး
အလုပ်သမား ကိုယ်စားလှယ် တစ်ဦးဖြစ်ကြောင်း အလုပ်သမားများ ထံမှ သိရသည်။
Time in Rangoon


0 comments:
Post a Comment